*********
ရန်ကုန်၊ နိုဝင်ဘာ၁၇-လှိုင်သာယာ မြို့နယ်တစ်ဝိုက်တွင် အကြမ်းဖက် လုယက်မှု များ အား အုပ်စုဖွဲ့ကျူး လွန် နေသော ဒုစရိုက် ဂိုဏ်း တစ်ခုကို ရန် ကုန်တိုင်း ရဲတပ်ဖွဲ့ဦးစီးသော ပူးပေါင်း အဖွဲ့မှ အင်အား ၃ဝခန့်ဖြင့် နိုဝင်ဘာ ၁၆ရက် ညနေပိုင်း ကဝင်ရောက် စီးနင်း ဖမ်းဆီးနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။
လှိုင်သာယာမြို့နယ် ရွှေလင်ပန်း ရပ်ကွက် မြေတိုင်း ၃၂ မူကြိုလမ်းဆုံ အိမ်ရာ၊ တိုက်(၄)ရှိ နေအိမ်တစ်အိမ် တွင် မူးယစ်ဆေး ဝါးရောင်းချနေ ကြောင်း သတင်းရရှိသဖြင့် ဝင်ရောက် ရှာဖွေရာ လူရှစ်ဦးခန့်က ရဲတပ်ဖွဲ့
ဝင်များကို တုတ်ဓားလက်နက် များ ဖြင့် ပြန်လည်ခုခံရာရဲတပ်ဖွဲ့ဝင်မ
၎င်းနေအိမ်အတွင်းမှ ဖမ်းဆီး ရမိခဲ့သည့်ပစ္စည်းများမှာ ဓားမျိုးစုံ ၃ရချောင်း၊ လိုင်စင်မဲ့ဆိုင်ကယ် ငါး စီး၊ ဟွန်ဒါဟိုက်တက် ဆိုင်ကယ် တစ်စီး ၊ ဆေးခြောက် ဟုယူဆရသည့်အရွက် ခြောက်၂ဒသမ ၈၅ဂရမ်စသည်တို့ကို သိမ်းဆည်း ရမိခဲ့ပြီး မျိုးလွင်အောင်၊ ဖိုးတုတ်၊ သန်းဇော်ဦး၊ နေလင်းဦး၊ ရှိုင်းမင်းဦး၊ မမြအေး၊ ရဲကျော်သူတို့ ခုနစ်ဦးကိုလည်း လက်ရဖမ်းဆီးနိုင် ခဲ့ကြောင်း သိရသည်။
ဒုရဲမှူးကြီးမြင့်ထွေးက ''အခု ဖမ်းဆီးရမိတဲ့သူ ခုနစ်ဦးက အခြား ပြစ်မှုတွေကိုလဲ ကျူးလွန်မှုထားတာ ရှိတယ်။ သူတို့ထဲက တချို့က အရင် ပြစ်ချက်ဟောင်း နဲ့ ထောင်ကျခဲ့ဖူးတာ တွေရှိတယ်။ အခုဖမ်းဆီးရမိတဲ့အဖွဲ့ ဆိုရင် အုပ်ချုပ်ရေး အဖွဲ့တွေကို ဓား ထောက်ခြိမ်းခြောက် တယ်။ လုယက်မှု တွေ ကျူးလွန်း တယ် ။သူတို့တွေအရင် ကျူးလွန်ခဲ့တဲ့အမှုတွေနဲ့လဲ တိုက်ဆိုင် စစ်ဆေးသွားမယ်။ သူတို့နဲ့ပတ်သက် ဆက်နွှယ်မှုရှိတဲ့သူတွေကိုလဲ ထပ်မံ ဖမ်းဆီးသွားမယ်။ ဒီနေ့သူတို့ကို ထပ် စစ်ဆေးသွားဖို့ရှိပါတယ်''ဟု
၎င်းတို့ခုနစ်ဦးကို လှိုင်သာယာ ရဲစခန်းမှ ပြစ်မှုပုဒ်မ၃၅၃၊ လက် နက်များ အက်ဥပဒေပုဒ်မ-၁၉(က)ဖြင့် နှစ်မှု၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ် မ ၈/၁ဝဖြင့် နှစ်မှု၊ မူးယစ်ပုဒ်မတို့ဖြင့် လတ်တလောအမှုဖွင့်ကာ ဆောင် ရွက်နေကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖ
#Democracytoday

No comments:
Post a Comment