အပြည်ပြည် ဆိုင်ရာ ဗုဒ္ဓဘာသာအစည်းအဝေး ကြီးကို နီပေါနိုင်ငံ၏ မြတ်စွာ ဘုရား မွေးဖွားတော်မူရာ ''လုမ္ဗိနီ''ရှိ မြန်မာရွှေကျောင်းတော်ကြီး၌ နိုဝင်ဘာ ၁၅ရက်မှ ၁၇ရက်အထိ ကျင်းပလျက်ရှိကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာ သာအစည်းအဝေးကြီး ကျင်းပ ရာတွင် သီတဂူဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရက အစည်းအဝေး ကြီး ဖြစ်မြောက်ရေးအတွက် တာ ဝန်ယူလှူဒါန်းပြီး နီပေါဆရာတော် ဒေါက်တာအရှင်ဥာဏပုဏ္ဏိက ဦးဆောင်ကာ ဖြစ်မြောက်အောင် ဆောက်ရွက်ခြင်းဖြစ်ကြောင်း သီတဂူ သာသနာပြုအဖွဲ့၏ သတင်းထုတ် ပြန်ချက်အရ သိရသည်။
နိုဝင်ဘာ ၁၅ရက် ၁၆ရက်နှင့် ၁၇ရက်များတွင် နိုင်ငံပေါင်း ၃ဝမှ ရဟန်းပညာရှင်၊ လူပညာရှင် ၆ဝတို့ တက်ရောက်၍ သုတေသနစာတမ်း များ ဖတ်ကြားကြမည်ဖြစ်ပြီး ဗုဒ္ဓ ဘာသာယဉ်ကျေးမှုအမွေအနှစ် များ ထိန်းသိမ်းစောင့်ရှောက်ရေး၊
နိုင်ငံတကာ ဗုဒ္ဓဘာသာအစည်း အဝေးဖွင့်ပွဲကို မြန်မာရွှေကျောင်း အတွင်းရှိ ရွှေတိဂုံစေတီဝင်းအတွင်း ကျင်းပခဲ့ပြီး နီပေါနိုင်ငံသမ္မတ၊ သာသနာရေးဝန်ကြီး၊ ယဉ်ကျေးမှု ဝန်ကြီးများ၊ အစိုးရတာဝန်ရှိသူများ နှင့် မြန်မာနိုင်ငံမှ သာသနာရေးဝန်ကြီး၊ နီပေါဆိုင်ရာ မြန်မာသံအမတ်၊ သီရိ လင်္ကာသံအမတ်၊ ထိုင်းသံအမတ်၊ အိန္ဒိယသံအမတ်၊ အခြားအစိုးအဖွဲ့ အစည်းများ၊ သီတဂူအဖွဲ့ နီပေါ အဖွဲ့၊ အိန္ဒိယရောက် မြန်မာကျောင်း သား ရဟန်းတော် ၆၂ပါး၊ လေ့ လာသူ စုစုပေါင်း တစ်ထောင်ဝန်း ကျင်တို့ တက်ရောက်ခဲ့ကြသည်။
နိုဝင်ဘာ ၁၅ရက်က ကျင်းပ သည့် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ အစည်းအဝေးကြီး ဖွင့်ပွဲအခမ်းအနား တွင် ဒေါက်တာဥာဏပုဏ္ဏိ (နီပေါ ဆရာတော်)က ကြိုဆိုနှုတ်ခွန်းဆက် စကား မိန့်ကြားရာတွင် ဒီအစည်း အဝေးကြီးကို ကျင်းပဖို့ လွန်ခဲ့သည့် နှစ်က သီတဂူဆရာတော်က မိန့်လိုက် သဖြင့် စိတ်အလွန်လှုပ်ရှားခဲ့ဖူးသည်
သီတဂူဆရာတော်ကြီးက ယခု အပြည်ပြည်ဆိုင်ရာ အစည်းအဝေး ကြီး ကျင်းပရာနေရာကို ဒီလုမ္ဗိနီကို ရွေးခဲ့ခြင်းနှင့်ပတ်သက်ပြီ
ဆက်လက်ပြီး သီတဂူဆရာ တော်ကြီးက ဆင်လို ခွန်အားသုံး၊ မြင်းလို လျင်မြန်၊ နွားလို သည်းခံ၊ ခြင်္သေ့လို ရဲရင့်ပြီး မြတ်ဗုဒ္ဓ၏မွန်မြတ် သော ကမ္ဘာ့အမွေအနှစ်များကို ထိန်း သိမ်းခြင်း၊ ကာကွယ်ခြင်း၊ တိုးတက် စေခြင်းများကို ပြုလုပ်ကြရန် မိန့်ကြား ခဲ့သည်။
#Demcoracytoday
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
Credit - Yangon Media Group

No comments:
Post a Comment