အတွေးအမြင်
===========
ကူညီသည်ဖြစ်စေ
===========
ပြီးခဲတဲ့အပတ်ထဲ အမေရိကန်သမ္မတအိုဘားမား အပါအဝင် ကမ္ဘာ့ထိပ်တန်းခေါင်းဆောင်
၁၈ ယောက် မြန်မာပြည်ရောက်ခဲ့ကြပြီး ဒီထဲအိုဘား မားက မြန်မာတွေကြားပိုပြီး
ပေါ်ပြူလာဖြစ်ခဲ့တာ တွေ့လိုက်ရပါတယ်။ ပေါ်ပြူလာဖြစ်လောက်အောင် လဲ အိုဘားမားက
ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ မှာ အရှေ့တောင်အာရှဒေသက လူငယ်တွေနဲ့ တွေ့
ပြီး ရင်းရင်းနှီးနှီးဆွေးနွေးမေးမြန်းသွားတာ မြင်တွေ့ လိုက်ရပါတယ်။
ကမ္ဘာ့ထိပ်တန်းခေါင်းဆောင် တစ် ယောက်ဖြစ်ပေမယ့် ဟိတ်ကြီးဟန်ကြီးလုပ်တာမတွေ့
ရဘဲ တကယ့်ကို လူငယ်တွေနဲ့တစ်တန်းတည်း ပြော ဆိုဆွေးနွေးသွားတာ
တီဗီဖန်သားပြင်ထက် မျက်ဝါး ထင်ထင်တွေ့မြင်လိုက်ရတော့ မြန်မာခေါင်းဆောင်
အဆက်ဆက် အခုလို လူငယ်တွေကို တွေ့ဆုံဆွေးနွေးဖူးတာမရှိခဲ့ပါ လားလို့ သတိပြုမိပြီး စိတ်မကောင်း ဖြစ်ရပြန်ပါတယ်။
ဝမ်းသာစရာကောင်းတာတစ်ခုကတော့
အမေရိကန်သမ္မတရဲ့ မြန်မာပြည်ခရီးစဉ်အတွင်း မြန်မာနိုင်ငံကို Peace Corps
Volunteers ငြိမ်းချမ်းရေး စေတနာ့ဝန်ထမ်းအဖွဲ့ စေလွှတ်မယ်လို့ အိမ်ဖြူ တော်က
ကြေညာချက်တစ်စောင် ထုတ်ခဲ့တာဖြစ်ပါတယ်။
သတင်း တွေအရ Peace
Corps လုပ်အား ပေးပထမဆုံးအသုတ်ဟာ ၂ဝ၁၅ ခုနှစ်နှောင်းပိုင်း
မြန်မာနိုင်ငံဆီ ရောက်လာမှာဖြစ်ပြီး သုံးလကြာ သင်တန်းပြီးဆုံးပြီးတဲ့နောက်
သက် ဆိုင်ရာလုပ်ငန်းခွင်တွေမှာ နှစ်နှစ် ကြာ တာဝန်ထမ်းဆောင်ကြပါ မယ်။
မြန်မာပြည်ရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ စိုက်ပျိုးရေးလို ကဏ္ဍတွေမှာ
ကူညီလုပ်ဆောင် ပေးကြမှာဖြစ်ပြီး ဒီအစီအစဉ်ရဲ့ ရည်မှန်းချက်
တစ်စိတ်တစ်ပိုင်း ကတော့ အမေရိကန်လူထုနဲ့ တခြားနိုင်ငံတွေက လူထုတွေအ ကြောင်း
နားလည်မှု ပိုရလာစေ ဖို့ပါ။ အမေရိကန်တွေက ကမ္ဘာ ကို ဘယ်လိုရှုမြင်သလဲဆိုတာကို
သွားလုပ်တဲ့တိုင်းပြည်က လူတွေ ကိုသိစေဖို့ စေတနာ့ဝန်ထမ်းအလုပ်တွေကို
အခမဲ့လုပ်ပေးကြ မှာဖြစ်ပါတယ်။
ပြောရရင် ဒါဟာတစ်ချိန်က
အထီးကျန်ဖြစ်ခဲ့ပြီး အခုပြုပြင် ပြောင်းလဲရေး လုပ်နေပါတယ်ဆိုတဲ့ မြန်မာနဲ့
ပူးပေါင်းဆောင်ရွက်ရေး အမေရိကန်က ချဲ့ထွင်လုပ်ဆောင်နေတာတွေထဲ
နောက်ဆုံးထွက် လာတဲ့ နည်းလမ်းလဲဖြစ်ပါတယ်။ အမေရိကန်ရဲ့ Peace Corps
အစီအစဉ်ကို သမ္မတကနေဒီ လက်ထက် ၁၉၆၁ခုနှစ်မှာ စတင်ထူ ထောင်ခဲ့ပြီး
အဲဒီအချိန်ကတည်းကစလို့ ကမ္ဘာတစ်ဝန်းလုပ်အား ပေးပေါင်း ၂၂ဝဝဝဝ နီးပါးကို
စေလွှတ်ထားကာပညာရေး၊ ကျန်းမာ ရေးနဲ့ စိုက်ပျိုးရေးလိုကဏ္ဍတွေမှာ
ကူညီလုပ်ဆောင်ပေးခဲ့ကြတယ်လို့
သိရပါတယ်။ ဒီအဖွဲ့ဟာ ပညာရေးကဏ္ဍမှာ အများဆုံးကူညီပေးပြီး အဲ့ဒီနောက်
ကျန်းမာရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လူမှုအဖွဲ့ အစည်းဖွံ့ဖြိုးရေး၊
လူငယ်ဖွံ့ဖြိုးရေးနဲ့ စိုက်ပျိုးရေးစသည်တို့ကို အစဉ်လိုက် ကူညီပေးပါတယ်။
အရှေ့ဥရောပနဲ့ အလယ်ပိုင်းအာရှဒေသ၊ တောင်အမေ ရိက၊ ကာရစ်ဘီယန်ဒေသ၊ အမေရိက
အလယ်ပိုင်းနဲ့ မက္ကဆီကို၊ အာရှ၊ အာ ဖရိက၊ ပစိဖိတ်ကျွန်းများ၊ မြောက်
အမေရိကနဲ့ အရှေ့အလယ်ပိုင်းဒေသ တွေကို စေလွှတ်ထားသလို အာရှတိုက် က
ကမ္ဘောဒီးယား၊ တရုတ်၊ ဖိလစ်ပိုင်၊ နီပေါ၊ အင်ဒိုနီးရှား၊ မွန်ဂိုလီးယား၊
ထိုင်း နဲ့ တီမောတို့မှာ လုပ်ပေးထားပြီးဖြစ်ပါတယ်။
မြန်မာကိုတော့ လာမယ့်နှစ်နှောင်းပိုင်းမှာ
ဝင်ရောက်လာမှာ ဖြစ်ပြီး ကမ္ဘာပေါ်မှာ Peace Corps Volunteers
ငြိမ်းချမ်းရေးစေတနာ့ ဝန်ထမ်းအဖွဲ့ဝင်ရောက်တဲ့ ၁၄၁နိုင်ငံမြောက်ဖြစ်လာမှာပါ။ အိမ် ဖြူတော်ရဲ့ သတင်းထုတ်ပြန်ချက်အရအဖွဲ့ဝင်
၂၅ယောက်ပါတဲ့အဖွဲ့ စတင်စေလွှတ်မှာဖြစ်ပြီး မြန်မာ အစိုးရက
ခွင့်ပြုတဲ့နေရာတွေမှာ စေတနာ့ဝန်ထမ်းအလုပ်တွေ လုပ် ဆောင်ပေးကြမှာဖြစ်တယ်၊
အမေ ရိကန်ပြည်ထောင်စုနဲ့ မြန်မာ နိုင်ငံအကြား အားကောင်းတဲ့ပူး
တွဲလုပ်ဆောင်မှုနဲ့ခိုင်မာတဲ့
ဆက် ဆံရေးတွေရှိနေတာကို ဒီအစီ အစဉ်က နောက်ထပ်သက်သေ ပြလိုက်တာဖြစ်တယ်လို့လဲ
ဆိုပါ တယ်။ ပြီးခဲ့တဲ့အပတ်ထဲ မြန်မာ ပြည်ရောက်ခဲ့ကြတဲ့ ထိပ်တန်း
နိုင်ငံ့ခေါင်းဆောင်တွေထဲ အမေ ရိကန်တင် မဟုတ်ပါဘူး။ ဂျပန်၊ တရုတ်စတဲ့
နိုင်ငံတွေကလဲ မြန်မာ အပေါ် ပိုပြီးကူညီထောက်ပံ့ဖို့ ပိုပြီး အကူအညီပေးဖို့
ကတိပေး ပြောဆိုသွားခဲ့တာ စာချုပ်ချုပ် ဆိုသွားခဲ့တာတွေ တွေ့မြင်ကြား
သိလိုက်ရပါတယ်။
ဂျပန်ဝန်ကြီးချုပ်က မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက်
ပိုမိုထောက်ပံ့ကူညီဖို့ ပြောခဲ့တာကြားလိုက်ရသလို တရုတ်ဝန်ကြီး ချုပ်ကလဲ
သူ့ပြည်တွင်းစားသုံးမှု လုံလောက်ပေမယ့် မြန်မာ့ဆန်အပြင်
စပါးကိုပါဝယ်ယူသွားမယ်လို့ ကတိပေးခဲ့တာလဲ တွေ့လိုက်ရပါတယ်။ ပြည်တွင်းမှာ
စပါးဈေးထိုးကျနေလို့ စိတ်ပျက်နေကြတဲ့တောင်သူ တွေအတွက် မင်္ဂလာစကားဖြစ်ပါတယ်။
ဘယ်လိုပင် ဘယ်နိုင်ငံတိုင်း ပြည်တွေက ဘယ်ပုံဘယ်နည်း ကူညီကြသည်ဖြစ်စေ အဆိုတော် ကြီးကိုမင်းနောင်ရဲ့ သီချင်းတစ်ပုဒ်ထဲကလို
''မည်သူမဆို ကူညီ သည်ဖြစ်၊ မည်သူမဆို မကူညီသည်ဖြစ်စေ ကိုယ်ထူကိုယ်ထကိုယ့်
ဘဝခြေနေ၊ ကိုယ့်အားကိုယ်ကိုးမှ ကိုယ်သာအရှင်ဖြစ်သည်''ဆို တာလေးမေ့မထားဖို့
လက်တို့ပြီးတော့ ပြောလိုက်ပါရစေ။
#Democracytoday (ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
Credit - Yangon Media Group
No comments:
Post a Comment