မန္တလေးမြို့တော် ဗိုလ်ချုပ်ရာပြည့်ပွဲတော် ကျင်းပရေးကော်မတီက ၂၀၁၅ ခုနှစ် တစ်နှစ်လုံးကို အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်နှစ်အဖြစ် သတ်မှတ်ကာ သမိုင်းဝင် အစီအစဉ်များကို တစ်နှစ်ပတ်လုံး ကျင်းပမည် ဖြစ်ကြောင်း အဆိုပါကော်မတီ တာဝန်ရှိသူထံမှ သိရှိရသည်။
ယင်းအထိမ်းအမှတ် အဖြစ် ဗိုလ်ချုပ်အောင်ဆန်းရုပ်တု၊
အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါ ကော်မတီဝင် ဒေါက်တာဝင်းမြင့်က ပြောကြားသည်။
ဗိုလ်ချုပ်အောင်ဆန်းရာပြည့်
မန္တလေးမြို့တော်တွင် ပြုလုပ်မည့် ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် ပွဲတော်တွင် မြို့မိမြို့ဖများ၊ စာပေ၊ ဂီတ၊ ပန်းချီပညာရှင်များ၊ ပါတီများ၊ လူမှုရေး အဖွဲ့အစည်းများ ပူးပေါင်းပါဝင်ကြောင်း ဒေါက်တာဝင်းမြင့်က ရှင်းပြသည်။
ဗိုလ်ချုပ်နှစ်တစ်ရာပြည့် မွေးနေ့ဖြစ်သည့် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင်လည်း သံဃာတော်များကို ဆွမ်းလောင်းခြင်း၊ အထိမ်းအမှတ် ဟောပြောပွဲများ ပြုလုပ်ခြင်း၊ ဂုဏ်ပြုတေးဂီတပွဲတော် ပဒေသာ ကပွဲဖျော်ဖြေပွဲများ၊ အထိမ်းအမှတ် သမိုင်းဝင်ပြခန်းများနှင့် အတူ စာပေ၊ ပန်းချီ၊ ဂီတ၊ ကာတွန်းပြိုင်ပွဲများ၊ ပြက္ခဒိန်၊ မဂ္ဂဇင်း ထုတ်ဝေခြင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်တု ရင်ပြင်ဗိမာန်များ တည်ဆောက်သွားမည် ဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရှိရသည်။
ယင်းကော်မတီ၏ ရုံးခန်းဖွင့်ပွဲ အခမ်းအနားကို မန္တလေးမြို့ ၃၄ လမ်းနှင့် ၃၅ လမ်းကြား ၈၄ လမ်းတွင် နိုဝင်ဘာလ ၂၀ ရက်နေ့က ပြုလုပ်ပြီး ယင်းနှင့် တစ်ဆက်တည်း မန္တလေးမြို့မ အပျော်တမ်း တေးဂီတအဖွဲ့နှင့်အတူ လှုံ့ဆော် အလှူငွေ ကောက်ခံလျက်ရှိသည်။
Credit - The Voice Weekly

No comments:
Post a Comment