ရန်ကုန်၊ နိုဝင်ဘာ ၁၉-ပြည်ထောင်စု ဝန်ကြီးများ ခန့်အပ်တာဝန်ပေးရာ တွင်
လွှတ်တော်တွင်းရှိ ပြည်သူ များ ရွေးကောက် တင်မြှောက်ထားသော လွှတ်တော်
ကိုယ်စားလှယ်များထဲမှ သာ ရွေးချယ်သင့်ပြီး ကာကွယ်ရေး ၊ ပြည်ထဲရေးနှင့်
နယ်စပ်ရေးရာဝန်ကြီး ဌာနများ အတွက်ပါ ပြည်ထောင် စုဝန် ကြီးများအား
တပ်မတော်သားလွှတ် တော်ကို ယ်စားလှယ် များထဲမှ ရွေး ချယ်သင့်ကြောင်း
ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင် ပြည် ထောင်စု
လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်ကိုက လွှတ်တော်အတွင်းပြော ကြားခဲ့သည်။
နိုဝင်ဘာ ၁၉ရက်တွင် ကျင်းပ သည့် ပြည်ထောင်စုလွှတ်တော်(၁၁) ကြိမ်မြောက်
ပုံမှန်အစည်းအဝေးတွင် ဖွဲ့စည်းပုံပြင် ဆင်နိုင်ရေး အကောင်
အထည်ဖော်မှုဆိုင်ရာ ဆွေးနွေးခြင်း တွင် ယင်းကဲ့သို့ဆွေးနွေးပြောကြား ခဲ့
ခြင်းဖြစ်သည်။
''ကျွန်တော် ဆွေးနွေးချင် တာကတော့
ပြည်ထောင်စုဝန်ကြီး တွေကို ခန့်ထားမယ်ဆိုရင် ပြည်သူ တွေ ရွေးချယ်ထားတဲ့
လွှတ်တော် ကိုယ်စားလှယ်တွေထဲကပဲ ဖြစ်သင့် ပါတယ်။ ဒါမှလဲ ပြည်သူတွေအ တွက်
ပိုမိုဆန္ဒပြည့်အောင် ဖြည့် ဆည်း နိုင်အောင် လုပ်ပေးနိုင်မှာဖြစ် တယ်၊
ဒီမိုကရေစီကျင့်စဉ်နဲ့လဲ လိုက်လျောညီထွေမှုရှိမှာ ဖြစ်ပါ တယ်။ ပြည်ထောင်စု
ဝန်ကြီးတွေကို လွှတ် တော်ကိုယ်စားလှယ်များထဲက ရွေး ချယ်ပြီးတော့
တာဝန်ပေးအပ်ရန်လို အပ်ပါတယ်။ ဒုဝန်ကြီးတွေ ကိုတော့ ပြင်ပပညာရှင်တွေ
ကိုဖြစ်စေ လွှတ် တော်ကိုယ်စားလှယ်တွေထဲ ကဖြစ်စေ တာဝန်ပေးအပ်ဖို့ သင့်ပါတယ်''
ဟု ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ် ဦးမြတ်ကိုက လွှတ်တော်အ တွင်း
ပြောကြားခဲ့သည်။
ယင်းအတွက်ကြောင့် ပြည် ထောင်စုဝန်ကြီးများ
ခန့်အပ်ရာတွင် လွှတ်တော်ကိုယ်စားလှယ်များထဲမှ ဖြစ်စေ၊ လွှတ်တော် ကိုယ်စားလှယ်
မဟုတ်သူများထဲမှ ဖြစ်စေဆိုတဲ့ စကားရပ်တွင် လွှတ်တော်ကိုယ်စား
လှယ်မဟုတ်သူများထဲမှဖြစ်စေ ဆို သည့်စကားရပ်ကို ဖြုတ်သင့်ကြောင်း
ယင်းကဆွေးနွေးအကြံပြုခဲ့သည်။
ယင်းအပြင်ကာကွယ်ရေးဝန် ကြီးဌာန၊
ပြည်ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနများအ တွက် ပြည်ထောင်စု
ဝန်ကြီးများခန့် အပ်မည်ဆိုပါကလည်း တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ်များ
ထဲမှသာ ရွေးချယ်ခန့်အပ်သင့်ကြောင်း ယင်းက ဆိုသည်။
''တပ်မတော်သားတွေက
လွှတ် တော်ကိုယ်စား လှယ်လည်းဖြစ်ရ မယ်။ ပြည်ထောင်စုက တာဝန်ပေးအပ်လာ
တဲ့မဏ္ဍိုင်ကြီးသုံး ခုကို ထိန်းကြောင်း ပြီးတော့
ချိန်ချိန်ညှိညှိနဲ့ဆောင်ရွက် နိုင်ဖို့လိုပါတယ်။ ပြည် တွင်းရော
ပြည်ပရေးရာပါ နယ်စပ်ရေးရာနဲ့၊ အ ထူးသဖြင့်နိုင်ငံတော် မှာ ကာကွယ်ရေး၊
လုံခြုံရေးကဏ္ဍဇုန်တွေမှာ အခြေအနေ မှန်ကို ပိုမိုသိရှိနား လည်နိုင်မယ့်အ
တွက်ဖြစ်ပါ တယ်။ လုပ်ငန်းဆောင် ရွက်တဲ့နေရာမှာလဲ ပိုမိုပြီးထိရောက်
နိုင်မှာဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ကာ ကွယ်ရေးဝန်ကြီး ဌာန၊ ပြည်ထဲရေး ဝန်
ကြီးဌာနနဲ့နယ်စပ်ရေးရာဝန်ကြီးဌာန များအတွက် ပြည်ထောင်စုဝ န်ကြီးများ
ခန့်အပ်ရာတွင်လဲ တပ်မတော် သားကိုယ်စား လှယ်များထဲမှ ခန့်အပ်
ရန်အကြုံပြုလိုပါတယ်''ဟု ဦးမြတ်ကို က လွှတ်တော်အတွင်းဆွေးနွေးအကြံ
ပြုခဲ့သည်။
၂၀၀၈ပြည်ထောင်စု သမ္မတမြန်
မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ပြည်ထောင်စုဝန်ကြီးများနှင့်ဒုတိ
ယဝန်ကြီးများ ခန့်အပ်လိုပါက လွှတ် တော်ကိုယ်စားလှယ်များထဲမှဖြစ်စေ၊
လွှတ်တော်ကိုယ်စား လှယ်မဟုတ်သူ များထဲမှဖြစ်စေ သတ်မှတ်ထား သည့် အရည်အချင်း
များနှင့်ပြည့်စုံသော သင့်လျော်သည့်ပုဂ္ဂိုလ်များကို ရွေး ချယ်ရမည်ဟု
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၂၃၂(ခ) အရ ပြဋ္ဌာန်းထားသည်။
ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည် ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာ
ဝန်ကြီးဌာနများအတွက် တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်ထံမှ သင့်လျော်
သည့်တပ်မတော်သားများ၏အမည် စားရင်းကိုရယူပြီး ခန့်အပ်ရမည်ဟု
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၂ပုဒ် မခွဲ(ခ)အပိုဒ် (၂)တွင် ပြဋ္ဌာန်းထား သည်။
ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေးအတွက် လွှတ်တော်အတွင်း ဆွေးနွေးမှု မှာ လေးရက်တာ
ကာလရောက်ရှိခဲ့ပြီဖြစ် ပြီး ယင်းသို့ဆွေးနွေး ရာ တွင် ဖွဲ့စည်း
ပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်သင့်၊ မပြင်သင့် ပုဒ်မ၅၉(စ) ပြင်သင့်၊
မပြင်သင့်စသည့်အချက်များသာ လွှတ် တော် အတွင်းလွှမ်းမိုးခဲ့သည်။
YM
#Democracytoday
No comments:
Post a Comment