နယူးဇီလန်နိုင်ငံမှာ ကျင်းပမယ့် ဖီဖာ ကမ္ဘာ့ဖလား ယူ၂၀ ပြိုင်ပွဲမှာ သွားရောက် ယှဉ်ပြိုင်မယ့် ပဏာမ မြန်မာ့လက်ရွေးစင် ယူ ၂၀ ကစားသမား စာရင်းကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ရွေးချယ်ခံရတဲ့ ကစားသမားတွေဟာ နိုဝင်ဘာ ၁၇ ရက်နေ့က စတင်ပြီးတော့ လေ့ကျင့်မှုတွေ ပြုလုပ်နေပြီလို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ပဏာမ မြန်မာ့ လက်ရွေးစင် ယူ၂၀ ကစားသမား စာရင်းမှာတော့ ဂိုး- မျိုးမင်းလတ် (ဇေယျာရွှေမြေ)၊ ပြည့်စုံချစ် (ရတနာပုံ လူငယ်)၊ ဝေလင်းအောင် ( ရန်ကုန် လူငယ်)၊ နောက်တန်း - ထိုက်ထိုက်အောင် (ဧရာဝတီ)၊ နန်းဝေမင်း (ရန်ကုန်လူငယ်)၊ နိုင်လင်းထွန်း (မနောမြေ)၊ နန္ဒကျော် (မကွေး)၊ သီဟထက်အောင် (ဇေယျာရွှေမြေ)၊ ညီညီလွင် (KBZ)၊ ရဲရင့်အောင် (မြန်မာ ဘောလုံးအကယ်ဒမီ၊ မန္တလေး)
အလယ်တန်း - ရဲဝင်းလှိုင် (ရန်ကုန် လူငယ်)၊ စွမ်းထက်အောင် (ရန်ကုန်)၊ ငြိမ်းချမ်းအောင် (ရန်ကုန် ယူနိုက်တက်)၊ ကျော်မင်းဦး (ဧရာဝတီ)၊ အောင်သူ (ရတနာပုံ)၊ ကျော်ဇင်ဦး (နေပြည်တော် လူငယ်)၊ မျိုးကိုထွန်း (ရတနာပုံလူငယ်)၊ ရန်နိုင်ဦး (ဇေယျာရွှေမြေ)၊ မောင်မောင်ဝင်း (မကွေးလူငယ်)
ရှေ့တန်း - သန်းပိုင် (ရန်ကုန် လူငယ်)၊ မောင်မောင်စိုး (မကွေး)၊ ဝေယံထိုက် (မြဝတီ အက်ဖ်စီ လူငယ်)၊ အောင်ကောင်းမာန် (ဧရာဝတီ လူငယ်)၊ မောင်မောင်လွင် (ဟံသာဝတီ) တွေပါဝင်နေပါတယ်။
Credit - The Voice Weekly

No comments:
Post a Comment