နေပြည်တော်၊
နိုဝင်ဘာ ၁၇-
ကိုယ့် နိုင်ငံဧ။်နိုင်ငံရေးကို ကိုယ်သိမှဒီ
နိုင်ငံဧ။်ကံကြမ္မာကို ဖန်တီးနိုင်မည် ဖြစ်သည့်အတွက် အကြောင်းမသိဘဲ
ကိုယ်ကဘယ်လိုမှပြုပြင်နိုင်မည်မဟုတ်တာကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး လွှတ်တော် အတွင်း ဆွေးနွေးမှုများကိုသေသေချာချာလေ့
လာကြရန် လိုအပ်ကြောင်း အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ် အောင်
ဆန်းစုကြည်က လွှတ်တော်အ စည်းအဝေးခေတ္တနားချိန်တွင် လွှတ် တော်သို့
လာရောက်လေ့လာသူ မကွေးတိုင်းဒေသကြီး ဆိတ်ဖြူ၊ ချောက်၊ စလေမြို့နယ်မှ
အမျိုးသားဒီမို ကရေစီအဖွဲ့ဝင်များကို ပြောကြား သည်။
''ဖွဲ့စည်းပုံအခြေခံဥပဒေဆို
တာ
တစ်နိုင်ငံလုံးနဲ့ဆိုင်တယ ၊် နိုင်ငံသူနိုင် ငံသားတစ်ဦးချင်းစီနဲ့လည်း
ဆိုင်တယ်၊ အဲဒါကြောင့် အဲဒါကိုသိဖို့လိုတယ်၊ ဘယ်သူတွေက ဘာကိုပြင်ချင်တယ်၊
ဘာကိုမပြင်ချင်ဘူးဆိုတာကို တတ် နိုင်သမျှအာရုံပြုပြီး နားထောင်ကြ ပါ၊
ဘာပဲပြောပြောကြိုးစားကြ၊ ကိုယ့် နိုင်ငံရဲ့နိုင်ငံရေးကို ကိုယ်သိမှ
ဒီနိုင်ငံ ရဲ့ကံကြမ္မာကို ဖန်တီးနိုင်မှာ အကြောင်း မသိဘဲ ကိုယ်က
ဘယ်လိုလုပ်ပြုပြင် နိုင်မှာလဲ၊ အဲဒါကိုသေချာလေ့လာကြ ပါ''ဟု
ဒေါ်အောင်ဆန်းစုကြည်ကယင်းကဲ့
သို့ပြောကြားခဲ့သည်။
''ဒီကနေ့ နိုဝင်ဘာ ၁ရရက် ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်း ပုံအခြေခံ
ဥပဒေပြုပြင်ပြောင်းလဲရေး နဲ့ပတ်သက် လို့ဆွေးနွေးတာတွေကြား ခဲ့ရတယ် ဆိုတော့
ဒါဟာနိုင်ငံအတွက် သိပ်ပြီးတော့ အဓိကကျတဲ့ကိစ္စဖြစ် တယ်'' ဟု ဒေါ်အောင်
ဆန်းစုကြည်က လာရောက်လေ့လာသူများကို အသိ ပညာပေးပြောသွားခဲ့သည်။
ဒီကနေ့(နိုဝင်ဘာ ၁ရရက်) နေ့ကျင်းပသော ပထမအကြိမ် ပြည် ထောင်စု လွှတ်တော်
(၁၁)ကြိမ် မြောက်ပုံမှန်အစည်းအဝေး ၂၇ ရက် မြောက်နေ့ အစည်း အဝေးသို့ မကွေး
တိုင်းဒေသကြီးဆိတ်ဖြူ၊ ချောက်၊ စလေမြို့နယ်များမှ အမျိုးသား ဒီမိုက
ရေစီအဖွဲ့မှ အဖွဲ့ဝင် ၅၅ဦးတို့ လာ ရောက်လေ့လာကြသည်။
MO
#Democracytoday
No comments:
Post a Comment