ရန်ကုန်မြို့တော်တွင် နိုဝင်ဘာလ ၁၄ ရက်နေ့မှ စတင်ကာ ဆက်တိုက်ပြုလုပ်နေသည့် အမျိုးသားပညာရေး ဥပဒေအပေါ် တက္ကသိုလ် ကျောင်းသားများ၏ သပိတ်မှောက် ဆန္ဒပြနေမှုကို အစိုးရ တာဝန်ရှိသူများ အနေနှင့် ယနေ့ (နိုဝင်ဘာလ ၁၇ ရက်) တွင် နောက်ဆုံးထား လာရောက် ညှိနှိုင်းဆွေးနွေးရန် သပိတ်မှောက် ကျောင်းသားအဖွဲ့က တောင်းဆိုလိုက်သည်။
အမျိုးသားပညာရေး ဥပဒေကို သပိတ်မှောက် ကန့်ကွက်မှု သုံးရက်မြောက်နေ့ အဖြစ် ရွှေတိဂုံဘုရားခြေရင်းရှိ ကြေးသွန်းဘုရားတွင် ဆက်လက် ဆန္ဒထုတ်ဖော်စဉ်တွင် သပိတ်ခေါင်းဆောင်များက ယင်းကဲ့သို့ ပြောဆိုခြင်း ဖြစ်သည်။
ယင်းကဲ့သို့ လာရောက်ဆွေးနွေးမှု မရှိပါက ယနေ့ညနေတွင် ကျောင်းသားထု အစည်းအဝေးကို ထပ်မံကျင်းပကာ ဆန္ဒထုတ်ဖော်မှုအတွက် ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း သပိတ်မှောက် ကျောင်းသားခေါင်းဆောင်များက
“အစိုးရဘက်က တစ်စုံတရာ မတုံ့ပြန်ဘူးဆိုရင် ဒီကျောင်းသားတွေ အကုန်လုံး အစည်းအဝေး ပြန်လုပ်မယ်။ လုပ်ပြီးရင် ကျွန်တော်တို့ ဘယ်လမ်းကြောင်းကို ဆက်သွားမလဲ၊ မလျှော့တမ်း တိုက်တော့မလား၊ မထတမ်းတိုက်တော့မလား၊ အဲ့ဒါက ဒီကျောင်းသားထုရဲ့ တင်ပြတဲ့ သဘောဆန္ဒအတိုင်းပဲ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ၊ ဗဟိုလုပ်ငန်းကော်မတီ၊ အတွင်းရေးမှူး ကိုမင်းသွေးသစ်က ပြောဆိုသည်။
ဆန္ဒထုတ်ဖော်မှု သုံးရက်မြောက်နေ့တွင် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် အပါအဝင် အဆင့်မြင့်ပညာရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာ တက္ကသိုလ်ပါမောက္ခများ ဆန္ဒထုတ်ဖော်ရာ နေရာသို့ လာရောက်ကာ ကျောင်းသားခေါင်းဆောင်များန
လာရောက်ခဲ့သည့် အဖွဲ့သည် ၎င်းတို့ ကန့်ကွက်နေသည့် အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်ပေးရန် အာမခံချက် မပေးနိုင်သည့်အတွက် ယင်းသို့ လက်မခံခဲ့ခြင်း ဖြစ်ကြောင်း ကျောင်းသားများက ဆိုသည်။
ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခွင့် အပါအဝင် ကျောင်းသားထု တောင်းဆိုနေသည့် အချက်များသည် ပညာရေး၏ မိခင်ဥပဒေဖြစ်သည့် အမျိုးသားပညာရေး ဥပဒေတွင် ပါဝင်ခြင်း မရှိသော်လည်း ထပ်မံရေးဆွဲမည့် နည်းဥပဒေနှင့် ကဏ္ဍအလိုက် ဥပဒေများတွင် ပါဝင်လာမည် ဖြစ်ရာ ကျောင်းသားထု အနေနှင့် ဒေါသရှေ့မထားဘဲ ဝိုင်းဝန်းဆွေးနွေး အဖြေရှာကြရန် မေတ္တာရပ်ခံပါကြောင်း လာရောက်တွေ့ဆုံခဲ့သည့် အဆင့်မြင့်ပညာရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးက ပြောဆိုသည်။
ကျောင်းသားများ၏ လိုလားချက်များကို ဥပဒေ ရေးဆွဲနေစဉ်ကတည်းက စဉ်ဆက်မပြတ် ကန့်ကွက်ခဲ့သော်လည်း လျစ်လျူရှုကာ ရေးဆွဲခဲ့ခြင်းကြောင့် ယခုကဲ့သို့ သပိတ်မှောက်ခြင်း ဖြစ်ကြောင်း ရန်ကုန်စီးပွားရေးတက္ကသိုလ်မ
ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ရန်အတွက် နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေးတွင် သဘောတူ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်သည့် ၉၄ နှစ်မြောက် အမျိုးသားနေ့တွင် ဆန္ဒပြကျောင်းသားများသည် ရွှေတိဂုံဘုရားခြေရင်း၊ ကြေးသွန်းဘုရားတွင် စတင်စုဝေးခဲ့ပြီး ယင်းမှ ဆရာကြီး သခင်ကိုယ်တော်မှိုင်းနှင့် ငြိမ်းချမ်းရေး ဗိသုကာ ဦးသန့် ဂူဗိမာန်များသို့ ချီတက် ဂါရဝပြုခဲ့ပြီး ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရှေ့တွင် ဆက်လက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဆန္ဒထုတ်ဖော်မှု ပထမနေ့တွင် မြန်မာနိုင်ငံတစ်ဝန်းမှ လာရောက်သည့် ကျောင်းသားသုံးရာ ဝန်းကျင်ဖြင့် စတင်ခဲ့သော်လည်း သုံးရက်မြောက်နေ့တွင် ကျောင်းသားငါးရာ ဝန်းကျင် ပါဝင်ခဲ့ကြောင်း အဆိုပါ ကျောင်းသားများက ပြောဆိုသည်။
Credit - The Voice Weekly

No comments:
Post a Comment