ရန်ကုန်၊ နိုဝင်ဘာ ၁၉- တပ်မတော် သားများသည်လည်း နိုင်ငံသား များ
ဖြစ်သည့် အတွက် နိုင်ငံရေးတွင် ပါ ဝင်ဆောင်ရွက်နေ ရခြင်းဖြစ်ကြောင်း
တပ်မတော်သားလွှတ်တော်ကိုယ် စားလှယ်ဒုတိယဗိုလ်မှူးကြီးငွေစိုး က
ပြည်ထောင်စုလွှတ်တော်တွင် ပြော ကြားခဲ့သည်။
နိုဝင်ဘာ ၁၉ရက်တွင်ကျင်းပ
သည့် ပြည်ထောင်စု လွှတ်တော်(၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တွင်
ဖွဲ့စည်းပုံပြင် ဆင်နိုင်ရေးနှင့် ပတ်သက်ပြီး လွှတ်တော် အတွင်း
ဆွေးနွေးပြောဆိုရာတွင် ယင်းကဲ့သို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့ပြောဆိုရခြင်းသည် တပ်မတော်သားများသည် နိုင်ငံရေး ကို နားမ
လည်ကြောင်း၊ ယင်းသို့နား မလည်သည့်အတွက် နိုင်ငံရေးနှင့်ကင်းကင်း
ရှင်းရှင်းနေကြ ဖို့ ပြောဆိုမှု များအပေါ် ဒုတိယဗိုလ်မှူးကြီးငွေစိုး က
လွှတ်တော် အတွင်း ယင်းကဲ့သို့ တုံ့ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။
''တပ်မတော်သားတွေ အနေနဲ့ နိုင်ငံရေးကို နားမလည်တဲ့အတွက် နိုင်ငံရေးနဲ့
ကင်းကင်းရှင်းရှင်းနေဖို့ ဒါတွေပြောဆိုကြတာ ရှိပါတယ်။ တပ် မတော်ဖွဲ့စည်း
တဲ့အခါမှာ ဗိုလ်ချုပ် အောင်ဆန်းပြောထားတာ ရှိပါ တယ်။ နိုင်ငံရေးဆိုတာဟာ
နိုင်ငံ သားများရဲ့ အရေးဖြစ်တယ်။ ဒါ ကြောင့် နိုင်ငံရေးကို
နိုင်ငံသားတိုင်း သိရှိနားလည်အောင် ဆောင်ရွက်ကြ ရမယ်လို့
ပြောဆိုခဲ့တာရှိပါတယ်။ ဒါကြောင့်မို့ တပ်မတော်သားတွေ ဟာ
နိုင်ငံသားများဖြစ်တယ်။ ဒါ ကြောင့်မို့ နိုင်ငံရေးမှာပါဝင်ဆောင်
ရွက်နေတာဖြစ်ပါတယ်''ဟု ဒုတိယ ဗိုလ်မှူးကြီးငွေစိုး က ပြောသည်။
နိုင်ငံအသီးသီးတွင်းလည်း တပ်မတော်သားများသည် နိုင်ငံ့ ခေါင်းဆောင်းများ
အဖြစ် တာဝန် ထမ်းဆောင်ခဲ့မှုများ လက်ရှိတွင် လည်း တာဝန်ထမ်းဆောင်နေ သူများ
ရှိနေကြောင်း ယင်းကဆိုသည်။
''ဒါကြောင့် တပ်မတော် အပေါ် မှာ
မကောင်းမြင်တဲ့ အတွေးအခေါ် များမရှိဘဲ စိတ်ကောင်းနှလုံးသား ကောင်းနဲ့
တိုင်းပြည်ကောင်းအောင် သတ် မှတ်ထားတဲ့ ဥပဒေဘောင်အ တွင်းမှ
တွေးခေါ်ဆွေးနွေးပေးကြပါ ရန်''ဟု ဒုတိယ ဗိုလ်မှူးကြီးငွေစိုး က
လွှတ်တော်အတွင်း ပြောသည်။
ယနေ့ နိုဝင်ဘာ ၁၉ရက်တွင်
ပြည်ထောင်စုလွှတ်တော်အတွင်းဖွဲ့ စည်းပုံပြင် ဆင်ရေးနှင့် ပတ်သက်ပြီး
လွှတ်တော်အတွင်း တပ်မတော်သား ကိုယ်စားလှယ် များ အနေဖြင့် ဆွေး နွေးရာတွင်
၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပြင်ဆင် မည်ဆိုပါက ယင်း
ဥပဒေပါအခန်း(၁၂)ဖွဲ့စည်း ပုံဥပဒေ ပြင်ဆင်ခြင်း နည်းလမ်းများ အတိုင်း သာ
ဆောင်ရွက်သင့်ကြောင်း တပ် မတော်သား ကိုယ်စား လှယ်များက လွှတ်တော်အတွင်း
ပြောသည်။
YM
#Democracytoday
No comments:
Post a Comment