ပြီးခဲ့သော်ရက်ပိုင်းတွင် လူမှုကွန်ရက်စာမျက်နှာများနှင့်
နိုင်ငံရေးအသိုင်းအ၀ိုင်းကြားတွင် ဆရာထင်လင်းဦး၏ ချောင်ဦးမြို့နယ်
သုံးပန်လှစံပြကျေးရွာတွင် ဦးဝိစာရနေ့အထိမ်းအမှတ်စာပေဟောပြောပွဲ၌
မြတ်ဗုဒ္ဓနှင့် သံဃာတော်များကို သရောစော်ကားစကားများပါဝင်သည့်
ဟောပြောပွဲဗီဒီယိုဖိုင်ကြောင့် ဗုဒ္ဓဘာသာဝင်များကြား၊ အဖွဲ့စည်းများကြားတွင်
ဝေဖန်ပြစ်တင်ရှုတ်ချထောက်ခံမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ စာရေးထင်လင်းဦး(Wisdom Villa)အား NLD CEC ၏
ညွှန်ကြားချက်အရ NLD ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီက ၎င်းအား
စစ်ဆေးမေးမြန်းရန် စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
နိုဝင်ဘာ ၁၈ ရက်နေ့ကလည်း NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့၏ ကြေညာချက်အမှတ်
၁၂/၁၁/၂၀၁၄ အရ အချက် (၃) ချက်ပါ NLD ၏ သဘောထားကြေညာချက်
တရပ်ထုတ်ပြန်ခဲ့သည်။ ထိုကြေညာချက်တွင် စာရေးဆရာထင်လင်းဦး၏
အဆိုပါဟောပြောချက်သည် ၎င်း၏ သဘောထားသာဖြစ်ပြီး NLD သဘောထားမဟုတ်ကြောင်း၊ NLD
မှ ၎င်းအား ထိုဟောပြောပွဲများအတွက် NLD ကိုယ်စားပြုဟောပြောရန်
တာဝန်ပေးထားခြင်းမဟုတ်ကြောင်း ဖော်ပြပါရှိသည်။
Credit - News Watch(စောင့်ကြည့်သတင်းဂျာနယ်)
No comments:
Post a Comment