ရန်ကုန်၊ နိုဝင်ဘာ ၁၉
၂၀၁၅ ရွေးကောက်ပွဲကို လက်ရှိ ၂၀၀၈
ဖွဲ့စည်းပုံဖြင့်သာ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၈ ရက်က ပြုလုပ်
သည့် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၏ ပြောကြားမှုမှာ အခြေခံ ဥပဒေ
ပြင် ဆင်ရေးနှင့် ပတ်သက်၍ ယခင်ပြောကြား ထားချက်များနှင့် လွဲချော်နေကြောင်း
လွှတ်တော် ကိုယ်စားလှယ် အချို့ က နိုဝင်ဘာ ၁၉ ရက်တွင် မြန်မာသံတော်ဆင့်သို့
ပြောသည်။
လွှတ်တော်နာယက သူရဦးရွှေမန်းက ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ
လွှတ်တော်တွင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် ပတ်သက်သည့် ကိစ္စများကို
ပြီးပြတ်အောင် ဆောင်ရွက်သွားမည်ဆိုသည့် ကတိကို တည်အောင် လုပ်ဆောင် သွားမည်
ဖြစ်ကြောင်း၊ အဆိုပါ ကတိ တည်မတည်
ကို စောင့်ကြည့်စေလိုကြောင်း သြဂုတ်လ ၁
ရက်နေ့က ပြုလုပ် သည့် သတင်းစာ ရှင်းလင်းပွဲတွင် ထည့်သွင်း
ပြောကြားထားခဲ့ဖူးသည်။
““အဲဒီလို ပြောတယ် ဆိုလို့ရှိရင်
ပထမပြောထားတဲ့ စကားနဲ့တော့ မှားနေပြီ။ ရှေ့၊ နောက် မှားနေပြီ လို့တော့ ပြော
ရမှာပဲ””ဟု အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးတင့်လွင်က
မြန်မာသံတော်ဆင့် သို့ ပြောသည်။
လတ်တလောတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ
ပြင်ဆင်ရေးနှင့် ပတ်သက်၍ လွှတ်တော်အတွင်း ဆွေးနွေး နေကြဆဲ အချိန်ဖြစ်ရာ
““မပြောင်းဘူး ဆိုတာတော့ ကျွန်တော်တို့လည်း အသေအချာ မသိသေးဘူး။
ကျွန်တော်တို့ ဆွဲထားတဲ့ အာဂျင်ဒါ အကုန်လုံးကတော့ (၁)လပိုင်းနဲ့ (၂)
လပိုင်းမှာတော့ ဘတ်ဂျက်ရယ်၊ ပြီးတော့ ဆွေးနွေးမှုတွေကို အကြမ်းပြု
စုပြီးတော့ တစ်တိုင်းပြည်လုံးကို ပြန်ချပြပြီးတော့မှ ပြည်သူ့ခံယူပွဲ
(၄)လနဲ့ (၃)လပိုင်းမှာ အပြတ်လုပ်မယ်ဆိုပြီး။ ၂၀၁၅ ရွေးကောက်ပွဲ
မတိုင်မီ(၆)လအလိုမှာ ပြီးပြတ်မယ်လို့ ပထမဦးဆုံး သူ
(သူရဦးရွှေမန်း)ပြောထားတယ်”” ဟု အမျိုးသား လွှတ်တော် ကိုယ်စားလှယ်
ဦးမျိုးတင့်လွင်က ဆိုသည်။
သူရဦးရွှေမန်းအနေဖြင့် ဖွဲ့ စည်းပုံ
အခြေခံဥပဒေ ပြင်ဆင်ရေးကို အကြိမ်ကြိမ် ပြောကြားခဲ့ဖူးပြီး ၂၀၁၅
ရွေးကောက်ပွဲ မတိုင်မီ ခြောက်လအလိုတွင် ဖွဲ့စည်းပုံပြင်ဆင်ရေး
ကိစ္စရပ်များကို ပြီးပြတ်အောင် ဆောင်ရွက်မည်ဖြစ်ကြောင်း ယခုနှစ်
အောက်တိုဘာ(၇) ရက်က အီတလီနိုင်ငံ၊ ရောမမြို့ တွင် ပြုလုပ်သည့် အာရှ-ဥရောပ
ပါလီမန်ဆိုင်ရာ မိတ်ဖက်အစည်းအဝေးတွင် ပြောကြား ခဲ့ဖူးသည်။
““ဘာအကြောင်းနဲ့ ဒီလိုမျိုး သတင်းစားရှင်းလင်းပွဲမှာ ပြောတယ်ဆိုတာတော့
အစ်မအနေနဲ့ တိတိ ကျကျတော့ မပြောနိုင်ဘူး။ တကယ်လို့သာ သူပြောသလိုမျိုး
မအောင်မြင်ခဲ့နိုင်ဘူး၊ ၂၀၁၅ အလွန်ကျမှ ဆိုလို့ရှိ ရင်တော့ ပြည်ေ
ထာင်စုလွှတ်တော်နဲ့ ဒီနာယကကို ပြည်သူ က တော်တော်လေးကို ယုံကြည်မှု
မဲ့သွားလိမ့်မယ်”” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်သန္တာက ဆိုသည်။
MH-0030
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
No comments:
Post a Comment