မကွေး (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး အပါအဝင်
တောင်းဆိုချက် ငါးချက်ဖြင့် နိုဝင်ဘာ ၂၁ ရက် နံနက် ၉ နာရီက မကွေးတိုင်း၊
ပခုက္ကူမြို့၊ အမှတ် ၈ ရပ်ကွက်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်
ငါးရာခန့်ဖြင့် ဆန္ဒပြခဲ့သည်။

ပခုက္ကူမြို့အတွင်း နိုဝင်ဘာ ၂၁ရက်က ၄၃၆ ပြင်ဆင်ရေး၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး လှည့်လည်ဆန္ဒပြသူများအား တွေ့ရစဉ်။
(ဓာတ်ပုံ-ဝိုင်းအောင်၊ မဇ္ဈိမ)
(ဓာတ်ပုံ-ဝိုင်းအောင်၊ မဇ္ဈိမ)
ဆန္ဒပြသူများက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးတို့ကို တောင်းဆိုကာ မြို့တွင်းလှည့်လည်ခဲ့သည်။
"လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ၄၃၆ ပြင်ဆင်ရေးကို ၂၀၁၅ ရွေးကောက်ပွဲပြီးမှ နောက်လွှတ်တော်မှာ ပြင်ဆင်တော့ မည် ပြောထားပြီးဖြစ်၍ NLD အနေဖြင့် ယခုဆန္ဒပြပွဲက အကျိုးသက်ရောက်နိုင်ဦးမည်လား" ဟု ပခုက္ကူမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသန့်ရှင်းက မဇ္ဈိမကို ပြောသည်။
ယင်းဆန္ဒပြပွဲတွင် ရေစကြိုမြို့နယ်၊
မအူကျေးရွာမှ ဆရာတော် ဦးအာလောက က ကြွေးကြော်သံများကို တိုင်ကြားပေးခဲ့သည်။
ယင်းဆန္ဒပြခြင်းကို သက်ဆိုင်ရာ အာဏာပိုင်၏ ခွင့်ပြုချက်ဖြင့် ပြုလုပ်ခြင်း
ဖြစ်သည်ဟု ဆိုသည်။

ပခုက္ကူမြို့အတွင်း နိုဝင်ဘာ ၂၁ရက်က ၄၃၆ ပြင်ဆင်ရေး၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး လှည့်လည်ဆန္ဒပြသူများအား တွေ့ရစဉ်။
(ဓာတ်ပုံ-ဝိုင်းအောင်၊ မဇ္ဈိမ)
(ဓာတ်ပုံ-ဝိုင်းအောင်၊ မဇ္ဈိမ)

ပခုက္ကူမြို့အတွင်း နိုဝင်ဘာ ၂၁ရက်က ၄၃၆ ပြင်ဆင်ရေး၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး လှည့်လည်ဆန္ဒပြသူများအား တွေ့ရစဉ်။
(ဓာတ်ပုံ-ဝိုင်းအောင်၊ မဇ္ဈိမ)
(ဓာတ်ပုံ-ဝိုင်းအောင်၊ မဇ္ဈိမ)
Credit - Mizzima News
No comments:
Post a Comment