Friday, November 21, 2014

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းအား အတည်ပြုနိုင်ရေး အတွက် ပြည်လုံး ကျွတ် ဆန္ဒခံယူပွဲ ကျင်းပရမည်ဖြစ် ၍ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေကြမ်း လွှတ်တော်သို့တင်သွင်း

ရန်ကုန်၊ နိုဝင်ဘာ ၂၀- ၂၀၀၈ ခု နှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင် သည့် ဥပဒေမူကြမ်း ကို အတည်ပြု မည်ဆိုပါ က ပြည်လုံးကျွတ်ဆန္ဒခံယူ ပွဲကျင်းပရမည်ဖြစ်၍ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော် ဥပဒေကြမ်း ကော်မတီ မှ ပြည်သူ့ လွှတ်တော် သို့  နိုဝင်ဘာ ၂၀ ရက်တွင် တင်သွင်းခဲ့သည်။ ယင်းပြည်လုံးကျွတ်ဆန္ဒခံယူ ပွဲ ဥပဒေကြမ်းကို ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြင်ဆင် သည့် ဥပဒေမူကြမ်း အတည်ပြု နိုင်ရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေကြမ်းအဖြစ် ခေါ်တွင် မည် ဖြစ်ကြောင်းလည်း သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပ ဒေကို ပြင်ဆင်နိုင်ရေးအတွက် ယခု လက်ရှိ အချိန်တွင် ပြည်ထောင်စု လွှတ်တော် တွင် ဆွေးနွေး ဆဲဖြစ်ပြီး ယင်းသို့ပြင်ဆင် သည့် ဥပဒေပုဒ်မ များတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပါ ပုဒ်မ-၄၃၆(က) အရ ပြည်လုံး ကျွတ်ဆန္ဒခံယူ ပွဲကျင်းပပြီး ပြင်ဆင် ရမည့်ပုဒ်မများ ပါဝင်သည့် အတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေး ဥပဒေအဖြစ်ပြ ဋ္ဌာန်းရန် ယင်းဥပဒေ ကြမ်းကို တင်သွင်း ရခြင်းဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ဥပဒေကြမ်းကော် မတီ၏ အစီရင်ခံစာအရ သိရသည်။
ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်း ပမည်ဆိုပါက ပြည်လုံးကျွတ်ဆန္ဒခံ ယူပွဲ ကျင်းပရေး ဥပဒေတစ်ရပ်လိုအပ် မည်ဖြစ် သဖြင့် ပြည် လုံး ကျွတ်ဆန္ဒခံ ယူပွဲဥပဒေတစ်ရပ် ပေါ်ထွက်လာစေ ရေးအတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း က ပြည်သူ့ လွှတ် တော် ဥပဒေကြမ်းကော်မတီအား တာဝန်ပေးခဲ့ခြင်းဖြစ်ကြောင်း ဥပ ဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်း က ပြောကြားသည်။
''ဥပဒေကြမ်း ကော်မတီကလဲ ယခင်ဥပဒေကြမ်းကို အခြေခံပြီး တော့ ဥပဒေနဲ့ အထူးကိစ္စရပ်များ လေ့လာ သုံးသပ်ရေးကော်မ ရှင်၏ အကြံပြုချက်များကို ရယူကာ ကြိုး စားပြုစုခဲ့ခြင်းဖြစ်ပါတယ်''ဟု ပြည် သူ့လွှတ်တော် ဥပဒေကြမ်းကော် မတီ အတွင်းရေးမှူး ဦးစောလှထွန်းက လွှတ်တော် အတွင်း ပြောသည်။

သတင်းအပြည့်အစုံသို့ =>http://www.dailydemocracytoday.com/…/488-2014-11-21-04-53-34

MP,YM
‪#‎Democracytoday‬

  ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးတစ်ခု ကျင်းပစဉ်။ ဓာတ်ပုံ - သတင်းစဉ်

No comments:

Post a Comment