Saturday, November 22, 2014

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)တို့ ဒုတိယအကြိမ်တွေ့ဆုံမည်

ရန်ကုန်၊ နိုဝင်ဘာ ၂၁-တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)တို့ နိုဝင်ဘာ ၂၃ရက်တွင် ဒုတိယအကြိမ် တွေ့ ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။
စာနယ်ဇင်းကောင်စီ (ယာယီ) ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်လေး (ဖိုးသော ကြာ၊ ခေတ်+ မိုး)က ''ကာချုပ်နဲ့တွေ့ဖို့ရှိတယ်။ ဘာမှထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ ပထမတစ်ခါ တွေ့တုန်းက ပြောထားတဲ့အတိုင်း အခါအားလျော်
စွာ တွေ့မယ်ဆိုပြီး ပြောထားတာရှိတယ်။ တွေ့ရိုးတွေ့စဉ်ပါပဲ။ သတင်း ထုတ်ပြန်ရေးတို့၊ ဆက်ဆံရေးချောမွေ့ဖို့ ဒါတွေပဲ တင်ပြဆွေးနွေးဖို့ရှိတယ်'' ဟု ပြောသည်။
စာနယ်ဇင်းကောင်စီ (ယာယီ)နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ သည် အောက်တိုဘာ ၁၄ရက်က နေပြည်တော်တွင် ပထမဆုံးအကြိမ်
တွေ့ဆုံဆွေးနွေးခဲ့သည်။
ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးမှုတွင် တပ်မတော်နှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်ရေးဆိုင်ရာကိစ္စရပ်များ၊ တာဝန်ဝတ္တရားဆိုင်ရာများ၊ နားလည်မှု လွဲနေသည့်ကိစ္စများအား ဆွေးနွေးခဲ့ကြသည်။

HM
‪#‎Democracytoday‬

No comments:

Post a Comment