Saturday, December 20, 2014

အပြောကတော့ ရွှေမန်း – ဖေအောင်

 လက်ရှိ ဖွဲ့စည်းပုံဥပဒေ၏ အားနည်းချက်များသည် လွှတ်တော်များ၊ အစိုးရအဖွဲ့များ မည်ကဲ့သို့ပင် ဖွဲ့စည်း ထူထောင်ထားသည်ဖြစ်စေ စစ်တပ်ကသာ အရာအားလုံးအတွက် အခရာသဘောနှင့် စစ်တပ် သဘော မတူသည့် အရာကိစ္စဟူသမျှ တရားဥပဒေအရ တစ်ခုမျှ အကောင် အထည်ဖော် လို့မရနိုင်အောင် ဖြစ်နေသည် . . .

~~~~~~~~~~~~~~~~~~~~~~~~

ယခင်တစ်ပတ်မှ အဆက်

လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ယခုဆွေးနွေးနေသည့် မူသ ဘောဆွေးနွေးချက်များကို ဥပဒေကြမ်းပြုစုကာ ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလထဲတွင် ကျင်းပမည့် ပထမ အကြိမ် ပြည်ထောင်စု လွှတ်တော် ၁၂ကြိမ်မြောက် ပုံမှန်အစည်းအဝေးများ တွင် ဆုံးဖြတ်အတည်ပြုမည်ဟု ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို လက်ရှိအခြေခံ ဥပဒေနှင့်ပဲ ကျင်းပမည်ဆိုသည့်အကြောင်း ပြောကြားခဲ့သည်။

သူရဦးရွှေမန်းက ““ပြည်သူ့ဆန္ဒခံယူ ပွဲပြီးပြီးချင်း ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဆောင်ရွက်လို့မရဘူး။ ရွေးကောက် ပွဲအပြီး ထွက်ပေါ်လာမယ့် အဖြေပေါ်မူတည်ပြီး ဆောင်ရွက်မှာဖြစ်တယ်။ ပြည်သူ့ဆန္ဒခံယူတာလည်း အင်မ တန် ခက်ခဲတဲ့အရာဖြစ်တယ်””။ ပြည်သူ့ဆန္ဒခံယူပွဲပြုလုပ် အတည်ပြုမည့် ပုဒ်မများအား ၂၀၁၅ ခုနှစ် မေလ တွင် ပြည်သူ့ ဆန္ဒခံယူပွဲများ ပြုလုပ်၍ အတည်ပြု မည်ဖြစ်ကြောင်းလည်း သူရဦးရွှေမန်းက ပြောသည်။…

““၂၀၁၅ မှာ ရွေးကောက်ပွဲလုပ်မယ့် လွှတ်တော်ကလည်း ရွေးကောက်ခံ ကိုယ်စားလှယ်တွေနဲ့ အတူဖွဲ့မယ်။ လွှတ်တော် သက်တမ်းစတဲ့ နောက်ပိုင်းမှာဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်တဲ့ ပြင်ဆင်ချက်တွေကို ဆက်လက်ဆောင်ရွက်သွား မှာဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၂၀၁၅ခုနှစ်တွင်မပြင်နိုင်ပါက ရွေး ကောက် ပွဲဝင်ခြင်း၊ မ၀င်ခြင်းသည်လည်း သူ့သဘောသူဆောင်မယ့် ကိစ္စဖြစ်ပါတယ်””။ တပ်မတော်က ၄၃၆ မပြင် လိုကြောင်း သဘောထားမှတ်ချက် ပေးထားသော်လည်း လွှတ်တော်အတွင်းရှိ ကိုယ်စားလှယ်များက ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ရန် ၄၃၆ ပြင်ဆင်ရေးကို အဓိကထားသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေအခန်း ၁၂ ပုဒ်မ ၄၃၆ တွင် အခြေခံဥပဒေကိုပြင်ဆင် ရန် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းထောက်ခံမှုသာမက ပြည်သူ့ဆန္ဒခံယူပွဲများတွင်လည်း မဲပေးခွင့်ရှိသူ၏ ထက် ၀က်ကျော် ထောက်ခံမဲဖြင့်သာ ပြင်ဆင်နိုင်သည်ဖြစ်သဖြင့် ပြင်ရန်ခက်ခဲသည့် အခြေခံဥပဒေဖြစ်သည်ဟု မှတ်ချက်ပေးကြသည်။ သူရဦးရွှေမန်းက ၄၃၆ ပြင်ဆင်ရေးသည် တပ်မတော်နှင့် တပ်မတော်အပေါ် ထိုက်သင့် သည့် သြဇာသက် ရောက်မှုရှိသည့် သမ္မတဦးသိန်းစိန်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ အပေါ်တွင်လည်း မူတည်သည် ဟုဆိုသည်။

သူရဦးရွှေမန်းက ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ၅၉(စ)ကို ပြင်ဆင်လိုသည့်ဟု ပြောကြားခဲ့ပြီး ယင်းသို့ပြင်ဆင် လိုခြင်းသည် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းအတွက် ရည်ရွယ်ခြင်း မဟုတ် ကြောင်းလည်း ပြောကြားသည်။ ““၅၉(စ)ဟာ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်းအတွက် မဟုတ်ပါဘူး။ သူ့အတွက်မဟုတ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည် အတွက်လည်း ပါမှာပါ””

တပ်မတော်သားကိုယ်စားလှယ်တစ် ဦးဖြစ်သူ ဗိုလ်မှူးကြီး ဌေးနိုင်က ၅၉(စ)သည် အခြေခံဥပဒေပြင် ဆင်နိုင် ရေး အကောင်အထည်ဖော်မှု ကော်မတီက မူလအတိုင်းထားရှိရန် ကော်မတီဝင် ၃၁ ဦး အနက် ၂၁ ဦးက ထောက်ခံအတည်ပြုထားသည့် ပုဒ်မဖြစ်ပြီး ပုဒ်မ၏ ရည်ရွယ်ချက်သည် နောင်ဖြစ်လာမည့် သမ္မတသည် တိုင်း ရင်းသားဖြစ်ရမည့်အပြင် သူနှင့်မိဘ သားသမီးများအပါအ၀င် တိုင်းပြည်၏ ဘက်စုံစံနမူနာ ဖြစ်စေရေးအတွက် ထည့်သွင်းရေး ဆွဲထားခြင်းဖြစ်သည်ဟု လွှတ်တော်တွင်း ဆွေးနွေးထားသည်။

ဒီနေရာမှာ အာဏာရပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီအစည်းအဝေး ကျင်းပစဉ် ကာလပါတီဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းနှင့် နိုင်ငံရေးဆွေးနွေးသည့်အခါ သံတော်ဆင့် အယ်ဒီတာအဖွဲ့ရဲ့ မေးမြန်းမှုအပေါ် ဦးအောင် သောင်းရဲ့ အပြောကိုလည်း ဖတ်ကြည့်ဖို့လိုပေသည်။ အယ်ဒီတာအဖွဲ့က ဒေါ်အောင် ဆန်းစုကြည် သမ္မတဖြစ်ဖို့ အပိုဒ်ကိုပြင်ပေးမှာ လားဆိုသည့် မေးခွန်းနှင့် ပတ် သက်ပြီး ယခုလိုဖြေပါသည်။

““တတ်နိုင်သလောက် စဉ်းစားတာပါလိမ့်မယ်။ အဆုံးအဖြတ်ပဲ။ လက်ခံမလား၊ လက်မခံဘူးလား။ သို့သော် ဒါ တွေက ပြင်မဲ့ကိစ္စတွေအားလုံးက လွှတ်တော်မှာပါ။ လွှတ်တော်မှာတော့ တပ်မတော်သားကိုယ် စား လှယ်၊ နောက် လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်ဆိုတာ မဖြစ်နိုင်ဘူး။ ဘယ်လိုမှ မရနိုင်ဘူး။ ၇၅ ရာခိုင် နှုန်းဆိုတာ လွှတ်တော် ကိုယ်စားလှယ် များ၏ တစ်ခုရှိတာက နည်းနည်းပါးပါးပဲ လျော့တာ။ ၆၅၈ လားပဲ ရှိတာ။ ၆၅၀ ကျော်ထဲမှာ ၆၀ လောက်က လျော့နေ တယ်။ ပယ်တာ၊ စွန်းတာ၊ နုတ်ထွက်တာ၊ အခုလျော့တယ်။ စာရင်း ရှိ လွှတ်တော်ကိုယ်စားလှယ်များ၏ ၇၅ ရာခိုင်နှုန်းကျော် အခြေခံဥပဒေတော့ အဲဒီလိုဆိုထားတာ။ အဲဒါကျော်ဖို့ ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ ပြည်ခိုင်ဖြိုးပါတီ ကြိုက်သလောက်ထောက်ခံ မရနိုင်ဘူး။ ပြင်ဖို့ ထောက် ခံထောက်ခံ၊ ကန့်ကွက်ဖို့ ထောက်ခံထောက်ခံ တပ်မတော်ကတော့ ထောက်ခံချင်ရင် ထောက်ခံမယ်။ မထောက်ခံချင်ရင် မထောက်ခံဘူး။

သူတို့ လည်း ဒီလောက်ရပ်တည်ခဲ့တာ ပြောင်းမှာ မဟုတ်ဘူး။ တည်ငြိမ်ပြီလို့ ဘယ်သူက ပြော နိုင်လဲ။ ဘာလို့ ဒီလောက်ကြီး မဟားတရားကြီး တောင်းနေတာလဲ။ မပြင်သင့် ဘူးလားဆိုတော့ ပြင်ရမှာပေါ့။ အခြေခံဥပဒေဆိုတာ မပြင်လို့မရဘူး။ ပြင်ရမှာပဲ။ အချိန်ကာလ၊ လူတွေရဲ့ အတတ်ပညာ၊ အသိပညာ၊ စီးပွား ရေးက ပြောင်းနေတော့ အဲဒါနဲ့လည်း လိုက်လျောညီထွေဖြစ်ရမယ်။ သို့သော်လည်းပဲ တစ်နှစ်ခွဲနှစ်နှစ်အတွင်း ပြောင်းမယ် ဆိုတော့ မြန်လွန်းတဲ့သဘော လည်း ဆောင်နေတယ်။ ပြင်သင့်တယ်လို့ စဉ်းစားလို့ရတာလည်း ပြင် သင့်တယ်။ တခြားနိုင်ငံတွေနဲ့မတူတဲ့ ထူးခြားချက်ရှိတယ်။ တရားဥပဒေစိုးမိုးရေး၊ အမျိုးသား ပြန်လည်သင့်မြတ် ရေး။ ဒီကနေ့ တိုင်းရင်းသားတွေ စည်းလုံးမှုလိုနေတယ်။ တချို့အချက်တွေ ပြင်ရမယ်၊ အခြေခံဥပဒေမှာ ပါတဲ့သဘော လည်း ဆောင်တယ်။ လိုအပ်တာလေးတွေ တိုင်းရင်းသား အခွင့်အရေးတွေ နောက်ပြီး ဗဟိုထိန်း ချုပ်ကိုင်မှု နည်းနေသေးတယ်။

စာဆက်ကို - မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald တွင်ဖတ်ရှုနိုင်ပါသည်

No comments:

Post a Comment