တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ် လက်မှတ်ရေးထိုးနိုင်ဖို့အတွက်
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC အဖွဲ့နဲ့
ဆက်ဆွေးနွေးသွားဖို့ ဒီကနေ့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာပြုလုပ်တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ နှစ်ဖက်သဘောတူညီမှု ရရှိသွားပြီဖြစ်တယ်လို့ သိရပါတယ်။
ဒီကနေ့ ညနေ ၃ နာရီက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့
NCCT ခေါင်းဆောင်တွေနဲ့ မြန်မာငြိမ်းချမ်းရေးစင်တာ MPC က အကြီးတန်းအကြံပေး
ဦးလှမောင်ရွှေ ဦးဆောင်တဲ့အဖွဲ့တို့ တွေ့ဆုံခဲ့ရာမှာ အခုလို
သဘောတူညီမှု ရခဲ့ကြတာဖြစ်တယ်လို့ ဦးလှမောင်ရွှေ က RFA ကို ပြောပါတယ်။
Credit - RFA Burmese
No comments:
Post a Comment