Sunday, December 14, 2014

နိုင်ငံရေးပါတီ အချင်းချင်း စောင့်ကြည့်စေမယ့် မူဘောင်ကို ရေးဆွဲဖို့ ရွေးကောက်ပွဲကော်မရှင်နဲ့ ပါတီတွေ ညှိနှိုင်းမယ်

 ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေ အချင်းချင်းစောင့်ကြည့်စေမယ့် မူဘောင် (Code Of Conduct) တစ်ရပ်ရေးဆွဲဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ နိုင်ငံရေးပါတီအားလုံး တွေ့ဆုံပွဲကို ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ရန်ကုန်မြို့မှာရှိတဲ့ ပန်ဒါဟိုတယ်မှာ ပြုလုပ်မှာ ဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဒုတိယညွှန်ကြားရေးမှူး ဦးလှမောင်ချိုက ပြောပါတယ်။

“အဓိက ကတော့ ရွေးကောက်ပွဲမှာ ပါတီတွေအချင်းချင်း စောင့်ကြည့်ရမယ့် မူဘောင်ကို ဘယ်လိုပုံစံမျိုးနဲ့ ရေးဆွဲမလဲဆိုတာ ညှိမှာပါ ” လို့ သူကဆိုပါတယ်။

အဲ့ဒီမူဘောင်တွေဟာ နိုင်ငံရေးပါတီတွေနဲ့ အဓိက သက်ဆိုင်တာကြောင့် နိုင်ငံရေးပါတီတွေရဲ့ အကြုံပြုချက်တွေနဲ့ ဦးဆောင်ရေးဆွဲပြီး ကော်မရှင်က ပံ့ပိုးမှုတွေသာ ပေးသင့်တယ်လို့ NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောပါတယ်။

အဲ့ဒီမူဘောင် ရေးဆွဲတာဟာ နိုင်ငံရေးပါတီတွေကို ရွေးကောက်ပွဲကော်မရှင်က ထိန်းသိမ်း အရေးယူတာထက် ပါတီအချင်းချင်း အပြန်အလှန် ထိန်းညှိမှုရှိလာစေဖို့ ရည်ရွယ်တယ်လို့လည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ထံမှ သိရပါတယ်။

Credit - The Voice Weekly

No comments:

Post a Comment