အစိုးရသစ်လက်ထက် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေများသည် တိုးတက်မှု မရှိဘဲ ယခင်အာဏာရှင်စနစ်ကဲ့သို့ ဆက်လက် တည်ရှိနေဆဲဖြစ်ကြောင်း လူ့အခွင့် အရေး တက်ကြွလှုပ်ရှားသူ အသိုင်းအဝိုင်းက ဝေဖန်ပြောဆို လိုက်သည်။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အစိုးရအနေဖြင့် နိုင်ငံတကာကို မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေ များ ပြောင်းလဲနေပါပြီဟု အစီရင်ခံမှုများ ပြုလုပ်နေသော်လည်း မြန် မာ့လူ့အခွင့်အရေး အခြေ အနေသည် ယခုပြုပြင်ပြောင်းလဲရေး အစိုးရ မတိုင်မီ ၂၀၁၀ ရှေ့ပိုင်းက အခြေအနေများအတိုင်း ဆက်လက် တည်ရှိနေ ဆဲဖြစ်ကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ အသိုင်းအဝိုင်းက ဆိုကြသည်။
“တချို့ကဏ္ဍလေးတွေမှာ တိုးတက်လာတာကို မြင်နေ့ရပေမယ့် မြန်မာနိုင်ငံ လူ့ အခွင့်အရေး အခြေအနေကတော့ မပြောင်းမလဲ အရင်အတိုင်းပါပဲ” ဟု လူ့အခွင့်အရေ ပညာရှင် တစ်ဦးဖြစ် သလို၊ တက်ကြွလှုပ်ရှားသူ တစ်ဦးလည်းဖြစ်သည့် Equality Myanmar အဖွဲ့မှ ဒါရိုက်တာ ဦးအောင်မျိုးမင်း က ပြောသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန် ဦးဆောင်သည် အစိုးရအဖွဲ့အနေဖြင့် ၎င်းတို့၏ အစိုးရ သက်တမ်း အတွင်း၌ အခြေခံလူ့အခွင့်အရေးစံနှုန်းများ တိုး တက်လာရန်နှင့် ကျား၊မ တန်းတူညီမျှ ခွင့် အခြေအနေများကို တိုးတက်အောင် ကြိုးပမ်းခြင်းများ ရှိသော်လည်း လုပ်ဆောင်ချက်များမှာ အရာ မထင်ကြောင်း မြန်မာ့လူ့အခွင့်အရေး အခြေအနေများကို လေ့လာစောင့်ကြည်သူများက ဆိုသည်။
“ အစိုးရအနေနဲ့ ဒီလိုမျိုး နိုင်ငံတကာက အသိအမှတ်ပြုတဲ့ လူ့အခွင့် အရေး လေးစားတဲ့၊ တိုးတက် လာပါတယ်လို့ ယူဆစေချင်ရင် အမှန်တကယ် လူ့အခွင့်အရေး ဆိုင်ရာ ပြုပြင် ပြောင်း လဲမှုတွေ အများကြီးလုပ်ဖို့ လိုအပ်ပါတယ်။ ပထမဦးဆုံးကတော့ ဥပဒေပိုင်းတွေက အကာ အကွယ်ပေးမှုရှိတဲ့ ဥပဒေတွေ ဖြစ်ဖို့လိုအပ်တယ်” ဟု ဦးအောင်မျိုးမင်းက သုံးသပ်သည်။ အစိုးရ အနေဖြင့် လူ့အခွင့်အရေး လှုပ်ရှားနေသူများအား ဖမ်းဆီးထောင်ချခြင်းကို ရပ်တန့်ပြီး လူ့အခွင့်အရေး အတွက် လှုပ်ရှားနေသူများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သင့်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
“ ဥပဒေတွေက အကာအကွယ်ပေးတာ၊လူ့အခွင့်အရေးလှုပ်ရှားသူတွေကို ဖမ်းဆီးထောင်ချ တာနဲ့ လူ့ အခွင့်အရေး လှုပ်ရှားသူတွေနဲ့ ပူး ပေါင်းဆောင်ရွက်တဲ့ အပိုင်းသုံးခုမှာ အစိုးရ အနေနဲ့ အားနည်းနေတယ်လို့ မြင်ပါတယ်။ အမှန်တကယ် လူ့အ ခွင့်အရေးဆိုင်ရာ တိုးတက်မှု ရရှိချင် တယ်ဆိုရင် ဒီသုံးချက်ကို ပြုပြင်မှ မြန်မာ့လူ့အခွင့်အရေး အခြေအနေ တိုးတက်တယ် လို့ ပြော လို့ရမယ်” ဟု ဦးအောင်မျိုးမင်းက ပြောသည်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ချိုဖောက်ခံရမှု အဆိုးရွားဆုံး နိုင်ငံများ စာရင်း၏ ထိပ်ပိုင်း တွင် အမြဲပါနေသည့် မြန်မာနိုင်ငံအဖို့ လူ့အခွင့် အရေး ချိုးဖောက်မှုများ ရပ်တန့်နိုင်ရန် အစိုးရ အနေဖြင့် တရားဥပဒေစိုးမိုးရေးကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဦးအောင်မျိုးမင်း က ပြော သည်။
၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးကြီး က စာပိုဒ် ၃၀ ပါဝင်သည့် အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေး ကြေညာ စာတမ်းကို အတည်ပြုခဲ့သည်။ ကုလ သမဂ္ဂအဖွဲ့ဝင်နိုင်ငံများအားလုံးလိုက်နာရမည့် အဆိုပါ ကြေညာစာတမ်းအပိုဒ် ၂ တွင် ”လူတိုင်းသည် လူ့အ ခွင့်အရေး ကြေညာ စာတမ်း တွင် ဖော်ပြထားသည့် အခွင့်အရေးအားလုံး၊ လွတ်လပ်ခွင့်အားလုံးတို့ကို ပိုင်ဆိုင် ခံစားခွင့် ရှိသည်။ လူမျိုးနွယ်အားဖြင့် ဖြစ်စေ၊အသားအရောင်အားဖြင့်ဖြစ်စေ၊ ကျား၊ မ သဘာဝ အားဖြင့်ဖြစ်စေ၊ ဘာသာစကားအားဖြင့်ဖြစ်စေ၊ ကိုးကွယ်သည့် ဘာသာ အားဖြင့်ဖြစ်စေ ၊ နိုင်ငံရေး ယူဆချက်၊ သို့တည်းမဟုတ် အခြားယူဆချက်အားဖြင့်ဖြစ်စေ၊ နိုင်ငံနှင့် ဆိုင်သော၊ သို့တည်းမဟုတ် လူမှုအဆင့်အတန်း နှင့်ဆိုင်သော ဇာစ်မြစ်အားဖြင့်ဖြစ်စေ၊ ပစ္စည်းဥစ္စာ ဂုဏ်အားဖြင့်ဖြစ်စေ၊ မျိုးရိုးဇာတိအားဖြင့်ဖြစ်စေ၊ အခြား အဆင့်အတန်း အားဖြင့်ဖြစ်စေ ခွဲခြားခြင်းမရှိစေရ။ ထို့ပြင် လူတစ်ဦးတစ်ယောက်နေထိုင် ရာ နိုင်ငံ၏ သို့တည်းမဟုတ် နယ်မြေဒေသ၏ နိုင်ငံရေးဆိုင်ရာဖြစ်စေ၊ စီရင်ပိုင်ခွင့် ဆိုင်ရာဖြစ်စေ၊ တိုင်းပြည် အချင်းချင်း ဆိုင်ရာဖြစ်စေ၊ အဆင့် အတန်းတစ်ခုခုကို အခြေပြု၍သော် လည်းကောင်း၊ ဒေသ နယ်မြေ တစ်ခုသည် အချုပ်အခြာအာဏာပိုင် လွတ်လပ်သည့်နယ်မြေ၊ သို့တည်းမဟုတ် ကုလသမဂ္ဂ ထိန်းသိမ်း စောင့်ရှောက်ထားရသည့် နယ်မြေ၊ သို့တည်းမဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အာဏာ တို့ တစ်စိတ်တစ်ဒေသလောက်သာ ရရှိသည့်နယ်မြေ စသည်ဖြင့် ယင်းသို့ သော နယ်မြေများ ဖြစ်သည်၊ မဖြစ် သည်ဟူသော အကြောင်းကို အ ထောက် အထားပြု၍ သော်လည်း ကောင်း ခွဲခြားခြင်း လုံးဝမရှိစေရ ” ဟု ထည့်သွင်းဖော်ပြခဲ့ထားသည်။
သို့သော်လည်း မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများက အပိုဒ် ၂ သတ်မှတ်ချက် ကိုပင် လိုက်နာနိုင်မှုမရှိကြောင်း လူ့အခွင့်အရေးတက်ကြွ လှုပ်ရှားသူများက ပြောသည်။
“လူ့အခွင့်အရေး အခြေအနေကတော့ တိုးတက်မှုမရှိသေးဘူးဗျ။ ဒါပေမဲ့ အရင်တုန်းက လူ့အခွင့်အရေးချိုးဖောက်ခံရတာကို သိခွင့်မရှိကြဘူး။ အခုတော့ ဒါတွေကို ပြောခွင့်၊ ဆိုခွင့်ရလာတဲ့အတွက် သိလာတယ်။ ဒီအပိုင်းမှာ တိုးတက်မှုရှိတယ်ပေါ့” ဟု ပန်းစကားအဖွဲ့မှ ကိုနေဘုန်းလတ်က မြန်မာ့ လူ့အခွင့်အရေး တိုးတက်လာမှုအပိုင်းကို အကောင်းမြင်သုံးသပ်ပြသည်။
အခုနောက်ပိုင်း လူထုအသိုင်း အဝိုင်းအကြား လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ပုံစံများ က ပြောင်း လဲလာကြောင်း ကိုနေဘုန်းလတ်က ဆိုသည်။ ယခင်က အုပ်ချုပ်သူ စစ် အစိုးရနှင့် ပြည်သူနှစ်ခြမ်းရှိနေကာ အစိုးရပိုင်းက ပြည်သူများအပေါ် လူ့အခွင့်ရေး သိသိသာသာ ချိုးဖောက်မှု ရှိနေခဲ့သော်လည်း ယခုနောက်ပိုင်းတွင်တော့ အဖွဲ့အစည်းများက အခြား သူများ၏ အခွင့်အရေးကို ချိုးဖောက်သည့် ပုံစံများတွေ့လာရကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
“ တချို့အဖွဲ့အစည်းတွေက စာပေဟောပြောပွဲလို ဟာမျိုးတွေကို ပိတ်ပင်၊ တားမြစ်ကြတာမျိုးတွေ က အခုနောက်ပိုင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှု အဖြစ် မြင်တွေ့လာရတယ်” ဟု ကိုနေဘုန်းလတ် က ပြောသည်။
လူအခွင့်အရေးဟု ပြောဆိုရာတွင် ကိုယ့်အခွင့်အရေးကို ကြည့်ရသလို အခြားသူများ၏ အခွင့်အရေးကိုလည်း ယှဉ်ထိုးကြည်ဖို့လိုကြောင်း ၎င်းက ထောက်ပြပြောဆိုသည်။
“ အခြေခံစိတ်ဓာတ်က ငါတို့က သူတို့ထက်မြင့်တယ်။ သူတို့ကို ငါတို့ ထိန်းချုပ်ရမယ်။ သူတို့ကို ငါတို့ ပြော မှ ဖြစ်မယ်ဆိုတာမျိုး၊အဲဒီလို အခြေခံ စိတ်ဓာတ်တွေ ရှိနေလို့ ဒီလူ့အခွင့် အရေး ချိုးဖောက်မှုတွေ ရှိနေတာပါ။ အခြေခံစိတ်ဓာတ်တွေကို အစိုးရက လည်းပြင်မယ် ။ ပြည်သူတွေကြား ထဲမှာလဲ ပြင်ရမယ်။ တချို့ မဘသ တို့၊ မဟနတို့စာပေဟောပြောပွဲ တွေ ကို သွားတားတယ်ဆိုတာလည်း အဲ ဒီအခြေခံစိတ်ဓာတ်ကြောင့်ပဲ။ ငါတို့ က ဘုန်းကြီးတွေဖြစ် တယ်။ ငါတို့က သူတို့ ကိုပြောရမယ်။ငါတို့က သူတို့ ထက်မြင့်တယ်ဆိုတဲ့ စိတ်ဓာတ်မျိုး တွေ ရှိနေတဲ့အခါကြတော့ လူ့ အ ခွင့်အရေးချိုးဖောက်တာကို သူတို့က လူ့ အခွင့်အရေး ချိုးဖောက် တာလို့ မ ထင်တော့ဘူး။ ဒါက တော်တော်ဆိုး တဲ့ အခြေအနေပဲ ” ဟု ကိုနေဘုန်းလတ်က သုံးသပ်ပြောပြသည်။
မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများတိုးတက်မြင့်မားရန်အတွက် အစိုးရ အဖွဲ့အနေနှင့် ဥပဒေများကို ထိရောက်စွာ အကောင်အထည်ဖော်ရန် လိုမည်ဖြစ်ပြီး အခြေအ နေအရပ်ရပ်ကို မျှတစွာကိုင်တွယ်ရမည်ဖြစ်ကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ဆိုသည်။
လတ်တလော အစိုးရက ပြဋ္ဌာန်း နိုင်ရန်လုပ်ဆောင်နေသည့် အမျိုးစောင့် ဥပဒေများအပါအဝင် အချို့သော အ ခြေအနေများတွင် အစိုးရအဖွဲ့အနေ နှင့် အားလုံးလွှမ်းခြုံသည့်စဉ်စားတွေ ခေါ်မှုမျိုး၊ အခြေခံလူ့အခွင့်အရေး စံ နှုန်းတွေများကိုထိန်းသိမ်းခြင်းမျိုးဖြင့် တိုင်းတာလုပ်ဆောင် သင့်ကြောင်း ၎င်းတို့က အကြံပြုသည်။
“ အမျိုးသမီးနဲ့ ပတ်သက်တာမျိုးတွေမှာတော့ တိုးတက်တာကို မတွေ့ရဘူး။ အမျိုးသမီးတွေကို လမ်းဖွင့်ပေးသလိုလိုနဲ့ ချောင်ပိတ်ရိုက်မယ့် ကိစ္စမျိုးတွေလည်း တွေ့လာရတယ်။အဲဒီအတွက် လူ့အခွင့်အရေး အခြေအနေအပေါ် ကျွန်မကတော့ အားမရဘူး။ ကျွန်မတို့ နားလည်ပါတယ်။ အစိုးရသက်တမ်း အနေနဲ့ အခုမှ မွေးကင်းစလေးပေါ့။ လေးနှစ်ဆိုတာ ဘာပဲပြောပြောကလေး တစ်ယောက် အနေနဲ့ဆို လမ်းလျှောက်တတ်စ၊ စကားပြောတတ်စ အရွယ်ဖြစ်တဲ့အတွက် အလုံးစုံမျှော်လင့်လို့မရဘူးဆိုတာ ကျွန်မတို့ နားလည်ပါတယ်။ ဒါပေမဲ့ ဖြစ်စေချင်တာ ကတော့ စေတ နာမှန်ဖို့လိုတယ်။ စေတာနာမှန်မယ်ဆိုရင် အမှားတွေရှိပေမယ့် ကျမတို့ ပြန်ပြင် လို့ ရတယ်။ ကြိုးစားလို့ ရတယ်။ စေတနာမမှန်ဘဲနဲ့ အကျိုးကျေးဇူးက ပြည်သူလူထု အကျိုးကျေးဇူးမဟုတ်ဘဲနဲ့ မိမိတစ်ဖွဲ့၊ တစ်စု ထွက်ပေါက် အတွက်လုပ်ပြီးတော့ ပုံမှားရိုက်ပြီး မျက်လှည့်ပြနေတာမျိုး ဆိုလို့ရှိရင်တော့ ကျွန်မတို့တိုးတက်ဖို့ (လူ့အခွင့် အရေး အခြေအနေ) က တော်တော်ခက်လိမ့်မယ်” ဟု triangle women အဖွဲ့မှ ဒါရိုက်တာ ဒေါ်ခင်လေး က ပြောသည်။
အစိုးရအသစ်လက်ထက်တွင် သတင်းစာလွတ်လပ်ခွင့်၊ လွတ်လပ် စွာ ပြောဆိုခွင့်၊ စီတန်း လှည့်လည်ခွင့်စသည့် အခြေအနေများပေးခြင်းက လူ့အခွင့်အရေး ရှုထောင့်အရ တိုးတက်လာ မှုဖြစ်သော်လည်း ယခု နောက်ပိုင်း ပြန်လည်တင်းကျပ်လာသည့် ပုံရိပ်များတွေ့မြင့်လာရခြင်းက လူ့အခွင့်အရေးဆိုင်ရာ ဆုတ်ယုတ်မှုတစ်ခုဟုမြင်ကြောင်းသူမကဆိုသည်။
ယခုနှစ်ဒီဇင်ဘာ ၁၀ ရက်တွင် ကျရောက်သည့် လူ့အခွင့်အရေးနေ့ ဆောင်ပုဒ်ကတော့ “လူ့အခွင့်အရေး -၃၆၅“ ဖြစ်ပြီး လူ့အခွင့်အရေး လှုပ်ရှားမှုသည် ဒီဇင်ဘာ ၁၀ ရက်နေ့ တစ်နေ့ တည်း မဟုတ်တော့ဘဲ တစ်နှစ်ပတ်လုံး နေ့စဉ် လူ့အခွင့်အရေးနေ့ဖြစ်ကြောင်း ဆိုလိုရင်းဖြစ် သည်။
Equality Myanmar အဖွဲ့မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းကတော့ လူ့အခွင့်အရေးနှင့် ပတ်သက်ပြီး အခုလိုပြောပြသည်။
“နေ့တိုင်းနေ့တိုင်းဟာ လူ့အခွင့် အရေးနေ့ ဖြစ်တယ်။ ကိုယ့်ရဲ့အခွင့် အရေးတွေကို ကိုယ် ကာကွယ် ဖို့ လိုအပ်သလို အခွင့်အရေး ချိုးဖောက်ခံ ရတဲ့သူတွေရဲ့ ကိုယ်စားသူတို့ရဲ့ အခွင့်အရေးတွေ ကိုလည်း တိုးတက်မြှင့်တင်နိုင်အောင်လုပ်ဆောင်ပေးဖို့ လူတိုင်းမှာ တာဝန်ရှိ ပါတယ်။ အစိုး ရမှာလည်း တာဝန်ရှိတယ်လို့ တိုက်တွန်းချင်ပါတယ်”
The Ladies News Journal

No comments:
Post a Comment