Sunday, December 14, 2014

ထိရောက်သော ဆွေးနွေးပွဲဖြစ်ရန် လေးပွင့်ဆိုင်တောင်းဆိုခြင်းဖြစ်ပြီး လမ်းကြောင်းမလွှဲရန် ဒေါ်အောင်ဆန်းစုကြည်ပြော

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပထမအကြိမ်ဗဟိုကော်မတီ စတုတ္ထအစည်းအဝေးကို ၂ ရက်ကြာကျင်းပလျက်ရှိရာ ဒီဇင်ဘာ ၁၃ ရက်တွင် ဒေါ်အောင်ဆန်းစုကြည် အဖွင့်အမှာစကားပြောနေစဉ် (ဓာတ်ပုံ − နစ်ကီ)


လေးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးရန်တောင်းဆိုခြင်းသည် အများပါဝင်သည်ကိုမလိုလား၍ မဟုတ်ဘဲ ထိရောက်သည့်ဆွေး နွေးပွဲဖြစ်စေလိုသောကြောင့်သာ ဖြစ်ပြီး ထိရောက်သော ဆွေးနွေး ပွဲမဖြစ်ရန် လမ်းလွှဲနေသည့် ခြေ လှမ်းများကို လုံးဝမထောက်ခံ ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားသည်။

စတင်ဆွေးနွေးသည့်အချိန် တွင် ထိရောက်ရန်၊ သိုသိပ်ရန်နှင့် ပွင့်ပွင့်လင်းလင်းညှိနှိုင်းတိုင်ပင်နိုင်ရန် လိုအပ်သည့်အတွက် နောင်မှသာ ကျယ်ကျယ်ပြန့်ပြန့် လုပ်လိုသည်ဟု အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီ စတုတ္ထ အကြိမ် ဗဟိုကော်မတီအစည်း အဝေး၌ လေးပွင့်ဆိုင်တွေ့ဆုံ လိုခြင်းအကြောင်း ဒေါ်အောင် ဆန်းစုကြည်က ရှင်းပြသည်။

‘‘အစမှာ ပွင့်ပွင့်လင်းလင်း နဲ့ ထိထိရောက်ရောက်မဆွေးနွေး နိုင်ဘူးဆိုရင် နောက်ဆွေးနွေးတဲ့ အခါ ထိရောက်ဖို့ဆိုတာ မလွယ် ပါဘူး။ သိပြီးတော့ ပါဝင်မယ့်သူ များလို့ရှိရင်၊ သဘောတရားတွေ သိပ်ပြီးများလို့ရှိရင်၊ ကွဲလွဲမှုတွေ သိပ်ပြီးများလို့ရှိရင် စပြီးတော့ နားလည်မှုယူဖို့ဟာ ခက်ခဲတတ် ပါတယ်’’ဟု ဒေါ်အောင်ဆန်းစု ကြည်က ပြောသည်။

‘‘ဒါကြောင့်  ကျွန်မတို့က လက်တွေ့ကျကျကြည့်ပြီးတော့ တောင်းဆိုတာဖြစ်ပါတယ်။ ကန့် သတ်ချင်လို့မဟုတ်ပါဘူး။ အများ ပါဝင်တာကို မလိုလားလို့မဟုတ် ပါဘူး။ လက်တွေ့ကျကျ  ထိ ရောက်တဲ့ဆွေးနွေးပွဲတွေဖြစ်စေ ချင်လို့ ကျွန်မတို့လေးပွင့်ဆိုင်ဆို ပြီး တောင်းဆိုတာဖြစ်ပါတယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက် လက်ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရာတွင် လွယ်ကူချောမွေ့ရန် အတွက်ဟုဆိုကာ သမ္မတ၊ တပ် မတော်ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်နာယကနှင့် ဒေါ်အောင် ဆန်းစုကြည်တို့လေးပွင့်ဆိုင်တွေ့ ဆုံဆွေးနွေးရန် ၂၀၁၃ ခုနှစ်ကပင် ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုထားသည်။

ယခုနှစ် နိုဝင်ဘာက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ထပ်မံပါဝင်သော ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကို အမြန်ဆုံး အကောင်အထည်ဖော်ပေးရန် ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းထားသည်။ သို့သော် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် တိုင်းရင်း သားလူမျိုးတစ်မျိုးစီကို ကိုယ်စား ပြုသည့် ကိုယ်စားလှယ်များ ထပ် မံပါဝင်ရန် ၁၂ ပွင့်ဆိုင်ဟုဆိုကာ ဒီဇင်ဘာ ၉ ရက်၌ အဆိုတင်သွင်းအတည်ပြုလိုက်သည်။

ယင်းသို့ တွေ့ဆုံဆွေးနွေးမှု တွင် အားလုံးပါဝင်ရမည်ဟုဆို ကာ တိုင်းရင်းသားများနှင့် အဖွဲ့ အစည်းအချို့၏ တောင်းဆိုနေမှု ကို အမှန်တကယ်နားလည်မှုယူ ရန်လိုအပ်သော ဆွေးနွေးပွဲဖြစ်စေချင်လို၍ဟု ပြန်လည်ရှင်းလင်းခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီသည် ဗမာလူမျိုးများ၏ နိုင်ငံရေးပါတီ မဟုတ်ဘဲ ပြည် ထောင်စုစိတ်ဓာတ်ကို အခြေခံ သည့် နိုင်ငံရေးပါတီသာဖြစ်သည့် အတွက် ပြည်ထောင်စုနိုင်ငံရေး ပါတီကြီးတစ်ခုအဖြစ် ဆက်လက် ရပ်တည်သွားမည်ဟု ပါတီဥက္ကဋ္ဌ က ပြောသည်။


Credit - 7DAY DAILY

No comments:

Post a Comment