ဗုဒ္ဓသာသနာတော်ကြီးသည် ရေဆန်ကို တက်ရခြင်းဖြစ်၍ ခက်ခက်ခဲခဲ ကြိုးပမ်းနိုင်မှ ရပ်တည်နိုင် အာရုံငါးပါး ကာမဂုဏ်တရားက ၀န်းရံထားသဖြင့် အညစ်အကြေးများ ကပ်ငြိလာ တတ်သည်။ သာသနာပြုမင်းများက ကူညီ စောင့်ရှောက်ပေးမှသာလျှင် သာသနာ၏ အညစ် အကြေးများကို သုတ်သင်ဖယ်ရှား နိုင်ကြမည် …
ဝိနိစ္ဆယဌာန အက်ဥပဒေများ ဖျက်သိမ်းလိုက်သည့်အခါ ရဟန်းသံဃာ အချင်းချင်း အာပတ်သင့်၊ မသင့်အဆုံး အဖြတ် ခံယူလိုသည့်အခါ၊ ကျောင်းပိုင်ဆိုင်မှု ၀ိဝါဒါ ဓိကရုဏ်းမှုခင်းများ အဆုံးအဖြတ် ခံယူလိုသည့်အခါ လူ တရားရုံးများကလည်း လက်ခံခွင့်မရှိ။ သံဃာ့ဝိနိစ္ဆယ ရုံးကလည်း
ဖျက်သိမ်းခံထားရသဖြင့် ရဟန်းသံဃာတော် အချင်းချင်း အနုဝါဒါဓိကရုဏ်း (အာပတ်ဖြင့် စွပ်စွဲမှု)၊ ၀ိဝါဒါဓိကရုဏ်း (ပိုင်ဆိုင်ခွင့်အငြင်းပွားမှု)များဖြစ်ပွားလာ သည့်အခါ အင်အားကြီး သူကအနိုင်ယူစတမ်း (might is righ) ဖြစ်လာကြပါသည်။
ပါရာဇိကအာပတ် ကျူးလွန်နေသည်ကို တွေ့မြင်သိရှိပါလျက် တရားလို (စောဒက) ပြုလုပ်စွဲဆိုခွင့် မရှိသည်ကို သိရှိလာကြသော အလဇီ်္ဇဒုဿီလရဟန်းများသည် မည့်သူကိုမျှ အမှုမထား၊ ဂရုမစိုက်၊ ဒကာလုပ်သူက ဘုန်း ကြီးရဲ့အနေအထိုင် ပြုပြင်သင့်ကြောင်း၊ ဆင်ခြင်သင့်ပါကြောင်း လျှောက်ထားသည်ကို ““ဟေ့ဒကာ မင်း မကြည်ညိုရင် ငါ့ကျောင်းမလာခဲ့နဲ့၊ ငါ့မှာ ဆွမ်းပို့မည့်ဒကာတွေ အများကြီး၊ ငါ့ကျောင်းငါထိုင် ဘယ်သူဆိုင်လဲ၊ ငါ့လှေ ငါထိုး ပဲခူးရောက်ရောက်”” ဟူ၍ ပြန်လည် ကြိမ်းမောင်း ဟိန်းဟောက်လိုက်သည်။…
ကျွန်တော်၏အစ်ကိုတော် (ကျောင်းထိုင်ဆရာတော်)သည် ဒီဒကာမနဲ့ကလေး (၂)ယောက်ရသော် လည်းလူ မထွက်၊ ကျူးလွန်မှုကို ၀န်မခံ၊ ဆရာတော်အမည်ခံပြီး ဆက်လက် နေထိုင်လျက်ရှိသည်။ ကျောင်း ဒကာ၊ ဒကာမအဆက် အနွှယ်များကလည်း ဆွမ်းပို့မြဲပို့ကြသည်။သူမမှန်လျှင် သူ့အပြစ်သူခံလိမ့်မပေါ့။ ကိုယ့်ကျောင်းမှာ ကျောင်းထိုင် ဘုန်းကြီး မရှိမည်စိုး၍ တစ်ခွန်းတစ် ပါဒမျှ မဟရဲချေ။
အညာဒေသ၌ ဘုန်းကြီးထံမှငွေချေး ယူပြီး ပြန်လည်မပေးဆပ်နိုင်သော အခါ လယ်သမား၏ လယ်ယာကို အပေါင်ခံသည်။ ကောက်ရိတ်သိမ်းချိန်၌ သီးစားခ မှန်မှန် မပေးနိုင်သောအခါ ဘုန်းကြီးကျောင်းဝင်း အတွင်း၌ ကျောက်နယ် တလင်းလုပ်စေ၍ မိသားစုပါ ဘုန်းကြီးကျောင်းထဲဝင်ရောက်နေထိုင်စေသဖြင့် အနေအထိုင် နီး လေသောအခါ ကျူးလွန်မှုများ ဖြစ်ကုန်ကြတော့သည်။ အောက်ပြည်အောက်ရွာများ၌ ဘုန်းကြီးထံမှာ တံငါ လှေနှင့်ပိုက်ကွန်ကို အပေါင်ထား၍ ငွေချေးယူကြသည်။ လှေငှားခ၊ ပိုက်ကွန်ငှားခ မပေးနိုင်သည့်အခါ အိုးချင်း ထားအိုးချင်းထိ၊ ကြိုးချင်းထား ကြိုချင်းငြိ လာကြတော့သည်။
ရန်ကုန်မြို့ပေါ်၌မူ နေစရာထိုင်စရာ အိမ်ငှားခမတတ်နိုင်သော မိသားစုများသည် ဘုန်းကြီးကျောင်း၌ ၀င်ရောက် စတည်းချ နေထိုင်ရာမှ မှားယွင်းမှုများ ဖြစ်လာကြ သည်။ တစ်တက်စားလည်း ကြက်သွန်၊ နှစ်တက်စားလည်း ကြက်သွန်သဘော ထား၍ ဆက်လက်မိုက်ကြတော့သည်။
အချို့သော နာမည်ကြီးဆရာတော် ကြီးများ၊ (ဘုန်းကြီးသော) ဆရာတော်များမှာ ဘုရားဂေါပကအဖွဲ့၏ သြ၀ါ ဒါစရိယ ဘွဲ့အမည်ခံယူထားပါလျက် ဤစာရေးသူသည် ထိုဘုန်းကြီးကျောင်းရောက် ရှိသွားသောအခါ ဘုန်း ကြီးက ““ဘေဘီရေ ကော်ဖီဖျော်ခဲ့””ဟု လှမ်းအော်လိုက်သဖြင့် သမီး ချောလေးကထွက်လာပြီး ကော်ဖီခွက် လာ ချသည်ကို တွေ့ရဖူးပါသည်။ ဤကား – သံဃာ့ဝိနိစ္ဆယရုံးတော်၌ တရားလို (စောဒက) ပြုလုပ်စွဲဆိုခွင့် မရရှိသောကြောင့် ပါရာဇိက အမှုကျူး လွန်မှုများ ပေါများလာကြတော့သည်။
ဒုတိယပါရာဇိကနှင့် စပ်လျဉ်း၍လည်း လောင်းကစားဝိုင်းကို ဘုန်းကြီးကျောင်းဝင်း အတွင်း၌ ကျင်းပကြရာ ရဲတပ်ဖွဲ့ကလည်း ““ဘုန်းကြီးကျောင်းထဲမို့ သွားပြီးမဖမ်းရဲ””ဟုဆိုသည်။ အမှန်မှာ ထိုရဲမှူးသည် ထို လောင်း ကစားဝိုင်းမှဆက်ကြေးကို လက်ခံထားပြီးသောကြောင့် မသွားရဲဟု ဆိုခြင်း ဖြစ်သည်။
ထို့ပြင် လက်နက်မှု၊ ဓားပြမှုများကျူးလွန်ခဲ့သူများသည် သာသနာ့အရိပ်ကို ခိုလှုံ၍ ကျောင်းတိုက်ကြီးများ အတွင်း ၀င်ရောက်ပုန်းခိုနေကြသည်ကို သက်ဆိုင်ရာက သိရှိသော်လည်း လူမှတ်ပုံတင်ကဲ့သို့ ဘုန်းကြီးမှတ် ပုံတင် မရှိသောကြောင့် အတု အစစ် ခွဲခြားခြင်းမပြုနိုင်ခဲ့ချေ။
ကွန်မြူနစ်ခေါင်းဆောင်ကြီး သခင်သန်းထွန်းသည် ““မသုံးလုံး””စစ်ဆင်ရေး၌ အရေးနိမ့်သဖြင့် စစ်ကိုင်း တိုင်း၊ ရွှေပေါက် ပင်လှေဆိပ်မှဦးသူရိယဘွဲ့အမည်ခံရဟန်း အတုအယောင်ပြုလုပ် ၍ ပြည်ပေါက်ခေါင်းသို့ လှေဖြင့် စုန်ဆင်း၍ ကွန်မြူနစ်ဌာနချုပ် ရုံးရွှေ့ပြောင်းစိုက်ထူ၍ အာဏာနီနယ်မြေ ထူထောင်ခဲ့သည်။ ဤကား သာသနာ ၀င် မှတ်တမ်းမရှိပါက မည်သို့မျှ ရဟန်း အတုအစစ်မခွဲနိုင် ကြောင်းတွေ့ရှိခဲ့ရသည်။
ကျောင်းပိုင်ဆိုင်မှု (၀ိဝါဒါဓိကရုဏ်းမှုခင်း)ကို အဆုံးအဖြတ်ပေးနိုင်သည့် ၀ိနိစ္ဆယရုံးများ မရှိတော့သည့်အတွက် ကိုယ့်အား ကိုယ်ကိုးဖြစ်လာရတော့သည်။ ရန်ကုန်မြို့ရှိ ကျောင်းတိုက်ကြီးများမှာ စာသင်သား သံဃာလက် မခံရဲသဖြင့် ဒကာ၊ ဒကာမများ (လူနေအိမ်များ)ကိုသာ လက်ခံထားကြသည်။ စာသင်သားမွေးလျှင် ကလန် ကဆန်ပြုလုပ်မည်၊ စာသင်သားက ကျောင်းဘုန်းကြီးကို မောင်းထုတ်နိုင်သည်။ အစိုးရ အာဏာစက် အကူအညီ ကို မရသဖြင့် စာသင်သား မမွေးရဲကြချေ။ ထိုခေတ် ထိုအချိန် အခါက ရန်ကုန်မြို့ပေါ်၌ စာသင်တိုက်မရှိ သဖြင့် ခရမ်းမြို့၊ ကိုင်းကုန်းပါဠိတက္ကသိုလ် ကျောင်းတိုက်တစ်ခုသာရှိတော့သည်။
ရန်ကုန်မြို့၊ သိမ်ဖြူရပ်ကွက်၊ မီးရထားရပ်ကွက် ကျောင်းတစ်ကျောင်းမှာ ရဟန်းတစ်ပါးတည်းသာ နေထိုင်ခဲ့ သဖြင့် အနီးအနားမှာ အင်အားများသော ဆရာတော်ကြီးက မိန်းမပျက်တစ်ယောက်ကို နံနက်ဝေလီဝေ လင်း အချိန်၌ ကျောင်းပေါ်သို့ တက်စေပြီး အ၀တ်အစားကပိုကရို ၀တ်စားထားသည် ကို သံဃာထုဖြင့် ၀ိုင်းဝန်းဖမ်း ဆီးပြီး ခြိမ်းခြောက်လူဝတ်လဲပြီး ထိုကျောင်းကို သိမ်းပိုက်လိုက်သည်။ ဤအဖြစ်အပျက်ကို သတင်းစာ၌ပါ ရှိစေ ရန် သတင်းထောက်အား အရက်တစ်ပုလင်း အကောင်းစားပေးပြီး ဓာတ်ပုံရိုက်၍ သတင်းထည့်ပေးလိုက် သည်။ သာသနာသန့်ရှင်းရေးအဖွဲ့က ရဟန်းတု၊ ရဟန်းယောင်ကို ဆုံးမ နှင်ထုတ်လိုက်သည်ဟု သတင်း ပါရှိခဲ့ရာ အဖြစ်မှန်ကို မသိသော သတင်းစာဖတ်သူများက ကျေးဇူးတင်နေကြသည်။
အမှန်စင်စစ် ပြောင်ပြောင်တင်းတင်း ကျောင်းလုပွဲဖြစ်သည်။ ကျောင်းလုပြီးနောက် ထိုကျောင်းပေါ်၌ အလုပ် သမားများအား တစ်ညလျှင် တစ်ကျပ်နှုန်းဖြင့် အိပ်ခွင့်ပေးသည်။ ကျန်သော ကျောင်းမြေ ကျောင်းဝင်းအတွင်း၌ တဲတစ်လုံး ၁၅ိ/- ဖြင့် တဲဆောက်လုပ်ခွင့်ပြု၍ လစဉ်မြေငှား ခကောက်ခံခဲ့သည်။
ထိုဆရာတော်ကြီးမှာ သူ၏ ကျောင်းမြေကျယ်ဝန်းသဖြင့် ကပ်မိုးကပ်ကာ ကျောင်းနှစ်ထပ် ကျောင်းေ ဆာင် လေးဆောင် ခန့်ဆောက်လုပ်ပြီး စက်ချုပ်သင်၊ ဓာတ်ပုံ ပညာသင်၊ အင်္ဂလိပ်စာသင် ရဟန်းတော် များအား တစ်လ လျှင် ၅ိ/- နှုန်းကောက်ခံပြီး လက်ခံထားရှိခဲ့သည်။
လိုအပ်သည့်အခါ ထိုရဟန်းငယ်များကို နေ့တွက်ပေး၍ ကျောင်းလုပွဲ၌ သံဃာ အင်အား ၅၀၊ ၁၀၀ကို လိုသလို ထုတ်သုံးခဲ့သည်။ ဤနည်းအားဖြင့် ရန်ကုန်မြို့ပေါ်၌ ကျောင်းပေါင်း ၄ ကျောင်းကို အနိုင်ကျင့်ရယူထား၍ ပြည် မြို့အနီး ရွှေတောင်မြို့သို့ သွားရောက်လုယူသဖြင့် ရိပ်သာတစ်ခုပျက်စီးသွားခဲ့သည်။
ပုဇွန်တောင် အမဲဈေးအနီးရှိ အရှင် အာဒိစ္စ၀ံသ ကျောင်းတိုက်ကြီး၌ နှစ်ဖက် သံဃာများ ပဋိပက္ခဖြစ်ပွားခဲ့ရာ တစ်ဖက်သောသံဃာက အဆိုပါနာမည်ကြီး ဆရာတော်ကြီးအား ၀တ္ထုငွေဆက်ကပ်၍ အကူ အညီတောင်းခဲ့ရာ တစ်ဖက်သံဃာများဆွမ်း ခံသွားနေချိန်၌ ယင်းတို့၏ ပစ္စည်းများကို လမ်းမပေါ်သို့ ဆွဲထုတ်ပြီး တံခါးသော့ခတ် လျက် ကျောင်းဝင်းအတွင်း သံဃာ (၁၀၀)ခန့် အင်အားပြထားသဖြင့် အခြားတစ်ဖက် သံဃာများမှာထွက်ခွာ ဖယ်ရှားပေးခဲ့ရသည်။
တစ်ဖန် တစ်လခန့်ကြာသောအခါ ယင်းသို့ ရှုံးနိမ့်သည့် သံဃာများကလည်း ငွေစုပြီး တောင်ဥက္ကလာပရှိ နာမည်ကြီး ဆရာတော်အား ၀တ္ထုငွေဆက်ကပ် အကူအညီတောင်းပြန်သည်။ အရှင်အာဒိစ္စ၀ံသ ကျောင်း တိုက်အတွင်းရှိသံဃာများမှာ ပြင်ပမှ အကူအညီသံဃာများ မရှိတော့ သဖြင့် သံဃာ၎ပါး၊ ၁၀ပါးခန့်မျှသာ ကျန်ရှိချိန်၌ တောင်ဥက္ကလာပ ကိုယ်တော်ကြီးက အင် အားကောင်းကောင်း ၀င်ရောက်စီးနင်းပြီး လက်ရှိ ပုဂ်္ဂိုလ်များနှင့် ပစ္စည်းပစ္စယများကို လမ်းမပေါ်သို့ ဆွဲထုတ်ပြီး မောင်းနှင်ထုတ် လိုက်တော့သည်။
ဤသို့အားဖြင့် အပြန်အလှန် ၄-၅ ကြိမ်ဖြစ်လာသောအခါ သာသနာရေး ဦးစီးဌာနက အရှင်အာဒိစ္စ၀ံ သကျောင်း ကျောင်းတိုက်ကြီးကို ချိပ်ပိတ်ထားခဲ့ရာ နှစ်ပေါင်း ၁၅နှစ်ကြာသောအခါ ကျောင်း တိုက်ကြီးမှာ လုံးဝ ပျက်စီးသွား ပါသည်။ သင်္ချိုင်းဇရပ်ပျက်ကြီးသဖွယ် ဖြစ်သွားတော့သည်။
ဤနည်းအားဖြင့် ပဋိပက်္ခဖြစ်ပွားနေ သော ကျောင်းများကိုချိပ်ပိတ်ထားခဲ့ရရာ ၁၉၈၀ပြည့်နှစ်၊ သာသနာတော် သန့်ရှင်းတည် တံ့ပြန့်ပွားရေး ဂိုဏ်းပေါင်းစုံ အစည်းအဝေးကြီး ကျင်းပချိန်၌ ချိပ်ပိတ်ခံကျောင်း ပေါင်း တစ် ထောင်ကျော်ရှိ လာခဲ့သည်။ သာသနာတော်ကြီး၏အကြီးဆုံးဘေး ရန်မှာ ဘုရားဟောမဟုတ်သည်ကို ဘုရား ဟောပြုလုပ်၍ ဟောကြား နေကြေ သာ အဓမ္မ၀ါဒများဖြစ်ကြသည်။
စာဆက်ကို - မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald တွင်ဖတ်ရှုနိုင်ပါသည်
No comments:
Post a Comment