အအေးမိတုပ်ကွေးရောဂါဟာ ကမ္ဘာပေါ်မှာပျံ့နှံ့ ကူးစက်မှု အမြန်ဆုံးနဲ့ အဖြစ်များတဲ့ရောဂါတစ် မျိုးပါ။ လူတစ်ဦးလျှင် မိုးရာသီ(သို့မဟုတ်) ဆောင်းရာသီ မှာ ပျမ်းမျှအားဖြင့် အနည်းဆုံးတစ်နှစ်လျှင်တစ်ကြိမ် ဖြစ် တတ်ပါတယ်။
ပြင်ပနဲ့ထိတွေ့ဆက်ဆံနေရတဲ့အလုပ်သမား ဝန်ထမ်းတွေသာမက ကျောင်းနေရွယ်ကလေးတွေအား လုံး ကိုယ်ခံအားမကောင်းလို့ ကူးစက်ရာသီဖျားပိုးမွှားတွေ အလွယ်တကူကူးစက်လာနိုင်လို့ အလုပ်ပျက်၊ ကျောင်း ပျက်ဖြင့် စိတ်ညစ်စရာပါ။ အအေးမိဖျားနာခြင်းကြောင့်
အသက်အန္တရာယ်မစိုးရိမ်ရသော်ငြား အဖျားပျောက်ပြီး ချောင်းတဟွတ်ဟွတ် စွဲကျန်ရစ်ခဲ့ကာ မိသားစုဝင်တွေနဲ့ ပတ်ဝန်းကျင်ရှိသူတွေကို လက်ဆင့်ကမ်း မကူးစက်ရလေ အောင် အောက်ပါနည်းလမ်း ၁၉သွယ်ဖြင့် မျှဝေလိုက်ရ ပါတယ်။
(၁) အစိမ်းရောင်၊ အဝါရောင် များများစားပါ။
************************************************
အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ စားပေးခြင်း က ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားစေပါတယ်။ အ ထူးသဖြင့် ပန်းဂေါ်ဖီစိမ်းထဲတွင် ပါရှိတဲ့ဓာတုဓာတ်ပေါင်း စုက အအေးမိ၍တုပ်ကွေးနဲ့ ကူးစက်ဖျားနာတွေကို ကောင်း စွာတိုက်ထုတ်ပေးနိုင်ပါတယ်။ ဒါကြောင့် ပန်းဂေါ်ဖီစိမ်း ကို ချင်းတပြားရိုက်၍ရောနှောကြော်စားရန် Cambridge တက္ကသိုလ်ရှိ အာဟာရဗေဒပညာရှင်တွေက အကြံပြုထား ကြပါတယ်။
ထိုနည်းတူစွာပင် အဝါရောင်သီးနှံတွေဖြစ်ကြ တဲ့ လိမ္မော်သီးနဲ့သံပရာသီးတို့ကို ဖျော်ရည်အဖြစ်သော် လည်းကောင်း၊ လိမ္မော်ခွံ(သို့မဟုတ်) သံပရာခွံတို့ကို ရေ နွေးစိမ်၍သော်လည်းကောင်း သောက်သုံးခြင်းဖြင့် တုပ် ကွေးဖျားနာခြင်းမှ ကြိုတင်ကာကွယ်ရာ ရောက်ပါတယ်။
(၂) အားဆေးမှီဝဲပါ။
***********************
ဗီတာမင်စီက ကိုယ်ခံအားကိုမြှင့်တက်စေ၍ ဗီတာ မင်ဒီက အအေးမိခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ အ အေးမိတုပ်ကွေးဖျားနာခြင်းအတွက် ဗီတာမင်စီ တစ်ခု တည်းမလုံလောက်ပါဘူး။ ဗီတာမင်ဒီ အပါအဝင် အခြား ဗီတာမင်နဲ့ သတ္တုဓာတ်တို့ပါဝင်တဲ့ အစားအသောက်တွေ မျှတစွာစားပေးရပါမယ်။
ကျွန်မတို့နေ့စဉ်စားသောက်တဲ့ အစားအစာတွေထဲမှာ ထိုဓာတ်တွေ တစ်ပြိုင်နက်တည်း လုံလောက်စွာမရနိုင်သဖြင့် ဖြည့်စွက်စာအဖြစ် အားဆေး မှီဝဲပေးဖို့ လိုပါတယ်။
(၃) အိပ်ရေးဝဝအိပ်ပါ။
***************************
တစ်နေ့လျှင် ရှစ်နာရီနဲ့အထက် အိပ်ရေးဝဝအိပ်စက် ခြင်းက သွေးတိုးရောဂါနဲ့ အဝလွန်ခြင်းကို ကာကွယ်ပေး ရုံသာမက အအေးမိနှာစေးကဲ့သို့ အသက်ရှူလမ်းကြောင်း မှကူးစက်ရောဂါပိုးတွေကိုလည်း တိုက်ထုတ်ပေးနိုင်ပါတယ်။ ဒါ့ပြင် ခုနစ်နာရီထက် လျော့နည်းစွာ အိပ်စက်သူတွေကို ရှစ်နာရီနဲ့အထက် အိပ်စက်သူတွေနဲ့ နှိုင်းယှဉ်ပါက အိပ်ချိန်နည်းသူတွေဟာ အအေးမိကူးစက်ရောဂါဖြစ်နိုင် ခြေအလားအလာ သုံးဆမျှပိုကြောင်း အမေရိကန်ဆေးသု တေသီတွေက အကြံပြုထားပါတယ်။
(၄) ပဋိဇီဝဆေးဆောင်ထားပါ။
***********************************
ချမ်းအေးတဲ့ရာသီတွေမှာ ကိုယ်ခံအား နည်းတဲ့ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေ တွင် ဗိုင်းရပ်စ်ပိုးကူးစက်လွယ်သဖြင့် အိမ်မှာ အအေးမိတုပ်ကွေးဖျားနာပျောက်ဆေး အဆင် သင့်ဆောင်ထားပါ။ လိုအပ်ပါက အသက်ရှူလမ်း ကြောင်းမှကူးစက်ပိုးတွေကို ရာခိုင်နှုန်း၂ဝမျှကာ ကွယ်ပေးသည့် Actimel (ခေါ်)ပဋိဇီဝဆေး ကြို တင်တိုက်ကျွေးပေးပါ။
(၅) နံနက်စာစားပါ။
**********************
နံနက်စာပုံမှန်စားသူတွေဟာ နံနက်စာလုံးဝ မစားသူတွေထက် အအေးမိ ကူးစက်ရာဂါဖြစ်နိုင်ခြေနည်း ပါးကြောင်း Cardiff University ရှိ အမေရိကန် ဆေးတက္က သိုလ်မှ အကြံပြုထားပါတယ်။ အထူးသဖြင့် ကိုယ်ခံအား ကောင်းစေရန် နံနက်စာထဲမှာ ဗီတာမင်ဘီအုပ်စုတွေ၊ သံ ဓာတ်နဲ့ သွပ်ဓာတ်ပါရှိတဲ့အစားအစာတွေကို စားပေးကြရန် ဆေးသုတေသီတွေက ထပ်လောင်းအတည်ပြုထားပါတယ်။
(၆) လက်ဆေးပါ။
********************
ဆေးသိပ္ပံပညာရှင်တွေ၏ ဓာတ်ခွဲစမ်းသပ်ချက်တွေ အရ၊ အအေးမိ ဗိုင်းရပ်စ်ပိုးရှိတဲ့သူကိုင်တွယ်ထားသည့် တံခါးလက်ကိုင်ဘု တွေပေါ်တွင်ကျန်ရှိခဲ့သည့် ဗိုင်းရပ်စ် ပိုးမွှားတွေဟာ ၂၄-နာရီကျော်တဲ့အထိ အသက်ရှင်နိုင် ကြတယ်တယ်လို့သိရပါတယ်။ အဲဒါကြောင့် အများသုံး တံခါးလက်ကိုင်ဘုတွေ၊ အရောင်းစင်တာမှာရှိတဲ့ပစ္စည်း ထည့်တွန်းလှည်းတွေ၊ တံခါးလက်ရန်းတွေကို တစ်ခါသုံး တစ်ရှူးဖြင့်ကိုင်တွယ်ပါ။ ၄င်းတို့ကို ကိုင်တွယ်ပြီးရင် မိမိ ရဲ့မျက်လုံး-နှာခေါင်းတို့ကို မတို့မထိကြဘဲ ဆပ်ပြာသုံး၍ လက်စင်စင်ဆေးကြောပါ။
(၇) လက်ကို ဖွက်(ဝှက်)ထားပါ။
*************************************
အအေးမိဝေဒနာခံစားရသူ၏ လက်-ခံတွင်း-နှာ ရည်တို့မှကူးစက်ပျံ့ပွားစေနိုင်သဖြင့် ရောဂါရှိသူရဲ့လက် နဲ့ ၄င်းရဲ့အခြားအသုံးအဆောင်ပစ္စည်းတွေကို မကိုင်တွယ် မထိမိပါစေနဲ့။
နှာချေချောင်းဆိုးတဲ့အခါမှာလည်း ကျန်းမာ ရေးအသိနဲ့ လက်(သို့မဟုတ်) လက်ကိုင်ပဝါ(သို့မဟုတ်)တစ်ခါသုံးတစ်ရှူးအုပ်ပါ။ ကလေးငယ်တွေကို ဖက်ရမ်းနမ်း ရှူပ်ခြင်းမပြုရပါ။
(၈) ပလုတ်(အာလုတ်)ကျင်းပါ။
***********************************
ရေနွေးနဲ့ ပလုတ် (အာလုတ်)ကျင်းခြင်းက လည် ချောင်း၊ လည်မျိုတို့မှ အချွဲအကျိတွေနဲ့ ဗိုင်းရပ်စ်တွေကို သန့်စင်ပေးသဖြင့်၊ ချောင်းဆိုးခြင်းကို သက်သာစေပါတယ်။ ဂျပန်ရိုးရာကုထုံးတွေမှာ နံနက်အိပ်ရာထသွားမတိုက်မီ တစ်ချိန်၊ နေ့လယ်စာနဲ့ ညစာစားပြီးချိန် စုစုပေါင်း တစ်နေ့ သုံးကြိမ် ရေကြက်သီးနွေးခန့်ဖြင့် အာလုတ်ကျင်းလေ့ရှိ ပြီး ထိုသို့ပြုကျင့်ခြင်းက အအေးမိနှာစေးချောင်းဆိုးခြင်း ကို ၃၆ရာခိုင်နှုန်းမျှ လျှော့ချပေးနိုင်တယ်လို့ ဂျပန်ဆေး သုတေသီတွေကဆို၏။
(၉) ဟင်းခတ်အမွှေးအကြိုင်ဆောင်ပါ။
*******************************************
ငရုတ်သီးအခြောက်မှုန့်ထဲတွင်ပါရှိတဲ့ capsaicin ဓာတ်ဟာ အင်းဆက်ပိုးမွှား တွေကိုသေစေသည့်အပြင် အသက်ရှူလမ်းကြောင်း ကို ပွင့်လန်းလာစေပါတယ်။ ထို့အတူ ကြက်သွန်ဖြူထဲရှိ allicin ဓာတ်ကလည်း ကိုယ်ခံအား စနစ်ကိုကောင်းစေတဲ့ သဘာဝပဋိဇီဝဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်တာ ကြောင့် အအေးမိစေတတ်တဲ့ဗိုင်းရပ်စ်ပိုးတွေကို တိုက်ဖျက် ပေးပါတယ်။ ထို့ပြင် အအေးမိတုပ်ကွေးနဲ့ချောင်းဆိုးခြင်း အတွက် ချင်းပြုတ်ရည်က အကောင်းဆုံး ဆေးတစ်ခွက်လို့ တရုတ်ဆေးသုတေသီတွေက ဆိုထားပါတယ်။
(၁ဝ) အရက်အလွန်အကျွံမသောက်ပါနဲ့။
*******************************************
အချို့သော ယမကာလုလင်တွေကလည်း မိုးအေး အေးကိုအကြောင်းပြပြီး အရက်ကိုဆေးဖြစ်ဝါးဖြစ်မှီဝဲကြ ပါတယ်။ လိုအပ်တာထက် ပိုမိုသောက်သုံးပါက အသည်း ကိုထိခိုက်စေတဲ့အပြင် ပင်ပန်းအားယုတ်၍ အအေးမိကူး စက်ပိုးတို့ကို ခံနိုင်ရည်မရှိတော့ပေ။
(၁၁) ရေသောက်မပျင်းပါနဲ့။
*******************************
ခန္ဓာကိုယ်တွင်းရေဓာတ်အလုံအလောက်ရရှိမှသာ စားထားသမျှ အာဟာရတွေကိုစုပ်ယူနိုင်ပြီး ခွန်အားအ ဖြစ်ပြောင်းလဲပေးရုံသာမက ခန္ဓာကိုယ်တွင်း မသန့်စင်တဲ့ အညစ်အကြေးတွေကို ချွေး၊ သွေး၊ သလိပ်၊ ဆီး၊ ဝမ်းအ ဖြစ် ကူညီစွန့်ထုတ်ပေးပါတယ်။ ဓာတ်ကြီးလေးပါး ညီမျှ ရုံဖြင့် ကိုယ်ခံအားကောင်းကာ ပြင်ပကူးစက်ရောဂါတွေ လည်း အလွယ်တကူ ဝင်မလာနိုင်တော့ပါဘူး။
(၁၂) လက်ဖက်ရည်ကြမ်း(ရေနွေးကြမ်း)သောက်ပါ။
********************************************************
လက်ဖက်ရည်ကြမ်း သောက်ခြင်းက တုပ်ကွေးဖြစ် စေတဲ့ဗိုင်းရပ်စ်ပိုးတွေကို နှိမ်နင်းနိုင်ပါတယ်။ ဒါကြောင့် အအေးမိတုပ်ကွေးဖြစ်တဲ့အခါ ကော်ဖီအစား လက်ဖက်ရည် ကြမ်းပူပူ သောက်ပေးပါ။
(၁၃) လမ်းမှန်မှန်လျှောက်ပါ။
********************************
တစ်နေ့လျှင် အနည်းဆုံး နာရီဝက်ခန့်လမ်းမှန်မှန် လျှောက်ခြင်းက ဇီဝကမ္မလုပ်ဆောင်ချက်ကိုကောင်းကျိုး ပြုပြီး ပြင်ပရောဂါတွေကိုလည်း တိုက်ထုတ်ပေးနိုင်ပါတယ်။
(၁၄) အဖြူရောင် သကြားရှောင်ပါ။
**************************************
အရောင်ချွတ်ထားတဲ့ ဖြူဆွတ်ပြီး မှုန့်ညက်နေတဲ့ သကြားတွေက ကိုယ်ခံစွမ်းအားကို လုံးဝကောင်းကျိုးမ ပြုပါ။ ဒါကြောင့် အမှုန့်အပွင့်ကြီး၍ ဝါကြင်ကြင်အရောင် ရှိတဲ့ သဘာဝသကြားတို့ကိုသာသုံးပါ။
(၁၅) မျက်လုံးကိုကာကွယ်ပါ။
********************************
အကယ်၍ အအေးမိ၊ တုပ်ကွေးရှိသူက မိမိရှေ့မှာ နှာချေလာပါက မျက်နှာကို တစ်ဖက်သို့ လွှဲထားလိုက်ပါ (သို့မဟုတ်) မျက်လုံးကိုပါ ပိတ်ထားပါ။ သင့်နှာခေါင်းသာ မက မျက်လုံးကလည်း လေထဲရှိ ဗိုင်းရပ်စ်ပိုးတွေကို စုပ် ယူနိုင်စွမ်းရှိလို့ပါပဲ။
(၁၆) အကောင်းမြင်စိတ်ဓာတ်မွေးမြူပါ။
*********************************************
ဒေါသထွက်ခြင်း၊ အဆိုးမြင်စိတ်ရှိခြင်း၊ စိတ်ဖိစီးမှု တွေရှိခြင်း စတဲ့စိတ်ပိုင်းဆိုင်ရာအတက်အကျကြောင့် cortisol ဟော်မုန်း ထွက်ရှိလာပါတယ်။ ထိုအခါ ဟော်မုန်း တွေညီညွတ်မျှတမှုကိုပျက်စီးစေပြီး ကိုယ်ခံစွမ်းအားကျ ဆင်းလာတာကြောင့်လည်း အအေးမိလွယ်ပါတယ်။
(၁၇) ယူကလစ်ပင်ကိုဆောင်ပါ။
***********************************
ယူကလစ်ပင်၏အဆီဟာ အအေးမိ၊ နှာစေး၊ ချောင်း ဆိုးခြင်းအတွက်၊ ပိုးသတ်ဆေးအဖြစ်အလွန်အသုံးတည့် တာကြောင့်လည်း ယူကလစ်ဆီကို ရှူဆေးအဖြစ်လည်း ကောင်း၊ ယူကလစ်ပင်အရွက်နဲ့ကိုင်းတို့ကို ရေနွေးဖြော ရေချိုး၍လည်းကောင်း အီတလီနိုင်ငံရိုးရာကုထုံးတွေတွင် အသုံးပြုလေ့ရှိကြပါတယ်။
(၁၈) ဆေးလိပ်ရှောင်ပါ။
*****************************
လေးလိပ်သောက်ခြင်းက နှာခေါင်းနဲ့အဆုပ်အတွင်း ရှိ ရောဂါ ကာကွယ်ပေးနိုင်တဲ့အမြှေးပါးလေးတွေကို ထိ ခိုက်ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် တုပ်ကွေးဖြစ်စေ တဲ့ဗိုင်းရပ်စ်ပိုးတွေကိုရှူရှိုက်မိတဲ့အခါ ပျက်စီးပြီးဖြစ်နေတဲ့ ထိုအမြှေးပါးလေးတွေ ကာကွယ်မပေးနိုင်တော့ပါဘူး။
(၁၉) စိုထိုင်းမှုမှကာကွယ်ပါ။
********************************
စိုစွတ်နေတဲ့ဧရိယာမှာ ရောဂါဖြစ်စေတဲ့ မှိုပိုးမွှား တွေ ရှင်သန်ပေါက်ဖွားလွယ်ပါတယ်။ ဒါကြောင့် မိမိအိမ်နဲ့ ပတ်ဝန်းကျင်ကို စိုစွတ်ထိုင်းမှိုင်းမှု မဖြစ်ရအောင်၊ လေ ဝင်လေထွက်ကောင်းအောင်၊ အလင်းရောင်ဝင်အောင်၊ မှိုနံ့ ပျောက်အောင် အထူးဂရုပြုပေးပါ။
အထက်ပါနည်းလမ်း ၁၉သွယ်ကို လက်ကိုင်ထား ၍ စိုစွတ်အေးမြတဲ့မိုးဥတုနဲ့ ဆောင်းဥတုတွေမှာ မိမိနဲ့ တကွ မိမိပတ်ဝန်းကျင်ကို ကျန်းမာရေးအသိဖြင့် ကြိုတင် ကာကွယ်နိုင်ကြပါစေကြောင်း။
|───────────Yangon Media Group ──────────|
www.facebook.com/
www.yangonmedia.com

No comments:
Post a Comment