Tuesday, December 16, 2014

၂၀၁၅ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးရေးကာလကို ရက်ပေါင်း ၆၀ ခွင့်ပြုမည်ဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၁၅- ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအတွက် နိုင်ငံရေး ပါတီများ မဲဆွယ်စည်းရုံးရေးကာလ ကို ရက်ပေါင်း ၆၀ ခွင့်ပြုမည်ဖြစ် ကြောင်း ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကပြော ကြားလိုက်သည်။

ဒီဇင်ဘာ ၁၅ ရက်တွင် ပန်ဒါဟို တယ်၌ပြုလုပ်သည့် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီ များကြား ရွေးကောက် ပွဲဆိုင်ရာ ပူး ပေါင်းဆောင်ရွက်မှု၊ ညှိနှိုင်းဆောင်ရွက် မှုအစည်းအဝေးတွင် ပြောကြားခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဦးတင်အေးက''ကမ္ဘာ မှာလဲ ရက်ပေါင်း ၃၀ ပဲရှိတယ်။ သို့ သော်မြန်မာပြည်မှာတော့ လမ်းပန်း ဆက်သွယ်ရေးအခက်အခဲကြောင့် ရက်ပေါင်း ၆၀ ပေးသင့်တယ်ဆိုပြီး တင်ပြလာတဲ့အတွက်ကြောင့် ရက်ပေါင်း ၆၀ ပေးလိုက်တာပါ''ဟုပြောသည်။

ရွေးကောက်ပွဲမဲဆွယ်စည်းရုံး ရေးကာလအချိန်ကြာမြင့်ပါက ငွေ ကြေးကုန်ကျမှုများပြားခြင်း၊ ပါတီ အချင်းချင်းပြိုင်ဆိုင်မှုများကြောင့် အငြင်း ပွားဖွယ်ရာများပေါ်ပေါက်နိုင်ခြင်း တို့ကြောင့် ရက်ပေါင်း ၃၀ သာခွင့်ပြု ရန်ပြောကြားခြင်းဖြစ်ကြောင်းယင်းက ဆက်လက်ပြောကြားခဲ့သည်။

ကချင်ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီဝင် ဦးဇုန်းဆောင်က ''ကျွန်တော်တို့သဘောအရတော့ ရက်ပေါင်း ၃၀ ဆိုတာ မလုံလောက် ပါဘူး။ ကချင်ပြည်နယ်ထဲမှာလမ်း ပန်းဆက်သွယ်ရေး အခက်အခဲကြောင့် တချို့ရွာတွေဆို လမ်းလျှောက်သွားဖို့ သုံးရက် လောက် အချိန်ယူရပါတယ်။ မဲဆွယ်စည်းရုံးရေးကာလကို ရက် ပေါင်း ၁၅ဝပေါ့။ ငါးလလောက်လိုချင် တယ်''ဟုပြောသည်။

ယခုနှစ်အတွင်းပြုလုပ်ရန်စီစဉ် ထားခဲ့သည့် ကြားဖြတ်ရွေးကောက် ပွဲတွင် မဲဆွယ်စည်းရုံးရေးကာလကို ရက်ပေါင်း ၃၀ သာ ခွင့်ပြုမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မှထုတ်ပြန်ခဲ့ပြီး ရက်ပေါင်း ၃၀ သည် မဲဆွယ်စည်းရုံးရန်လုံလောက်မှုမရှိ ကြောင်း နိုင်ငံရေးပါတီများမှ ထောက် ပြခဲ့သည်။

ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ''ရက်ပေါင်း ၆၀ ဆိုတာကတော့ လုံလောက်ပါ တယ်။ အထူးသဖြင့်တိုင်းရင်း သားဒေ သတွေမှာ သွားရေး၊ လာရေးခက် တယ်။ မြို့နယ်ကကျယ်ပြန့်တယ်။ လူ ဦးရေကနည်းတယ်။ တောင်ပေါ်ဒေ သဆိုရင် ကမ်ပိန်း ကာလမှာရက်ယူ ရမယ်။ အလုံ၊ ဆိပ်ကမ်းလိုနေရာမျိုး မှာဆိုရင် နှစ်ပတ်လောက်ဆိုရင်တောင် လုံလောက်တယ်''ဟုပြောသည်။

HM
‪#‎Democracytoday‬

No comments:

Post a Comment