Thursday, December 18, 2014

မြန်မာနိုင်ငံအတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး အခြားနိုင်ငံများ၏ အခက် အခဲများကို လေ့လာရင်း ဆောင်ရွက်သွားမည်

ရန်ကုန်၊ ဒီဇင်ဘာ ၁၇-ကျွန်တော် တို့ဟာ တခြားနိုင်ငံတွေမှာကြုံတွေ့ နေရတဲ့ စိန်ခေါ်မှုတွေ အခက်အခဲ တွေကို လေ့လာရင်းနဲ့ ကျွန်တော်တို့ နိုင်ငံအကြားမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆောင်ရွက်ချက်တွေ မှာ ပိုပြီးတော့ ထိထိရောက်ရောက် ဖြစ်အောင် ဆောင် ရွက်နိုင် ဖို့ ကျွန် တော်တို့ စီစဉ်ဆောင်ရွက်တာဖြစ် ပါတယ်ဟု နိုင်ငံတော်သမ္မတ စီးပွား ရေးအကြံပေး ပုဂ္ဂိုလ် ဒေါက်တာ ဇော်ဦးက မြန်မာနိုင်ငံအဂတိလိုက် စားမှုတိုက် ဖျက်ရေးကော်မ ရှင် အာ ဆီယံအဆင့်မြင့်ဆွေးနွေးပွဲတွင် ပြော ကြားသည်။

အဆိုပါ ဆွေးနွေးပွဲကို ဒီဇင် ဘာ ၁၆ ရက်မှ ၁ရ ရက်အထိ နေ ပြည်တော် သင်္ဂဟဟိုတယ်၌ပြုလုပ် ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် နိုင်ငံ တကာ အဂတိလိုက်စားမှုတိုက်ဖျက် ရေးအဖွဲ့ချုပ်နှင့်ပူးပေါင်းကာ အာဆီ ယံဒေသတွင်း အဂတိလိုက်စားမှုတိုက် ဖျက်ရေးကို ပူးပေါင်းဆောင်ရွက်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ တွင် အဂတိလိုက် စားမှုတိုက်ဖျက်ရေးဆောင်ရွက်ရာ တွင်ဖြစ်ပေါ် လာနိုင်သည့် စိန်ခေါ် မှုများနှင့် ပတ်သက်ပြီး ဒေါက် တာ ဇော်ဦး က''ကျွန်တော် တို့ ပြည်တွင်း မှာ အဂတိလိုက်စားမှု တိုက်ဖျက် ရေးကို အခုအနေအထားမှာ ကြိုး စားဆောင် ရွက်နေသော်ငြား လဲ ကျွန် တော်တို့ဒေသတွင်းမှာ တခြားစီးပွား ရေးတွေနဲ့ ပေါင်းလိုက်တဲ့အခါမှာ ဒီလိုဆောင်ရွက် လိုက်တာ ပိုပြီးတော့ ပိုမိုခက်ခဲနက်နဲလာတဲ့ သဘောရှိပါ တယ်။ ဥပမာအားဖြင့် ကျွန်တော်တို့ အင်တာနက်ဆိုရင် တွင်တွင်ကျယ် ကျယ်သုံးလာတယ်။ သုံးလာ ပြီဆို ရင် ဒီအင်တာနက် အွန်လိုင်းပေါ် ကနေ လိမ်လည်မှုတွေ တခြားအ မြတ် ထုတ်မှုတွေ ဒီအပေါ်မှာ မသိ နားမလည်ဘဲနဲ့ အထူးသဖြင့် ကျွန် တော်တို့ လို နောက်ကျနေတဲ့ နိုင်ငံ တွေကလိုက်လံဆောင်ရွက်တဲ့အခါ မှာ အတွေ့အကြုံမရှိ တဲ့ ကိစ္စတွေ ဒီ အနေအထားတွေကို တခြား နိုင်ငံ တွေကဖြစ်စဉ်တွေ နဲ့ ချိန်ထိုးပြီးတော့ ကျွန်တော်တို့ ဒါကိုကြိုးစားအဖြေ ရှာဖို့ စီစဉ်ထား တာပေါ့။ ပြင်ပက ဖြစ် လာမယ့် ဒီအဂတိလိုက်စားမှု ဟာပိုပြီးတော့ ကျွန်တော်တို့အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ် ပါလိမ့်မယ် ''ဟု ပြောသည်။

အဂတိလိုက်စားမှု တိုက်ဖျက် ရေးနှင့်ပတ်သက်ပြီး ဒေါက်တာဇော် ဦးက ''ပြည်တွင်းမှာအခုတော်တော် များများမှာက ပြည်တွင်းရဲ့ မီဒီယာ ရော၊ သမ္မတကြီးရဲ့ လမ်းညွှန်မှု အောက်မှာရော၊ ပြည်တွင်းရဲ့အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မ ရှင်က ဥပဒေတွေကော ပြည်တွင်း ရဲ့စည်းရိုး ဟာ တော်တော်လေး လုံ ခြုံမှု ရှိလာပါတယ်။ ဒီအပေါ်မှာ အဂတိလိုက်စား မှုတိုက်ဖျက်ရေးက လဲ ပိုမိုပြီးတော့ လုပ်သာကိုင်သာ နည်းလာတဲ့ အခွင့်အ လမ်းပေါ့။ အဓိကကတော့ စီးပွားရေးပြုပြင် ပြောင်းလဲမှုရဲ့ အဓိကရည်ရွယ်ချက် ကတော့ ဒီအခွင့်အလမ်းတွေနည်း အောင်လုပ်လိုက်တဲ့သဘောပါ။ သို့ သော်လဲ ပြင်ပက စီးပွားရေးတွေနဲ့ ဆက်စပ်လိုက်တဲ့အခါမှာ ဒီအခွင့် အလမ်းတွေကပြန်ပြီးများလာပြန် တယ်။ အဲ့ဒီများလာတဲ့အပေါ်မှာ အမြတ်ထုတ်မယ့်သူတွေကလဲ ပြင်ပ ကလာမယ့်သူတွေ ဆိုတော့ ဒီအ ပေါ်မှာ ကျွန်တော်တို့ရဲ့ နားလည် မှုနဲ့ ဒီဟာတွေအပေါ်မှာ စီမံခန့်ခွဲ မှုအပိုင်းမှာလဲ အတော်ကြီးကြိုးစား ပြီးတော့ လေ့လာသင်ယူရမယ့် အ ပိုင်းတွေရှိနေတယ်'' ဟု ပြောသည်။

MO
#Democracytoday



No comments:

Post a Comment