Sunday, December 14, 2014

အလုပ်သမားများ အခြေခံလုပ်ခသတ်မှတ်ချက် ထုတ်ပြန်ပေးမည့်အချိန်ကို တာဝန်မယူရဲပါက သက်ဆိုင်ရာတာဝန်ရှိသူများ ယင်းအလုပ်ကို မလုပ်ဆောင် သင့်ဟု သူရဦးရွှေမန်းသတိပေး

ရန်ကုန်၊ဒီဇင်ဘာ ၁၃-

အလုပ်သမား များ၏ အခြေခံလုပ်ခသတ်မှတ်ချက် ကို မည်သည့်အချိန်တွင် ထုတ်ပြန် ပေးမည်ဟု တာဝန်မယူရဲပါက သက် ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ယင်း အလုပ်ကိုမလုပ်ဆောင်သင့်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက သတိပေးပြောကြား လိုက်သည်။

ဒီဇင်ဘာ ၁၃ရက်နေ့၌ လှိုင် သာယာစက်မှုဇုန် ကနောင်ခန်းမ တွင် လွှတ်တော်၊ အလုပ်ရှင်၊ အ လုပ်သမားနှင့်အစိုးရဝန်ကြီးဌာန များတွေ့ဆုံပွဲ၌ အလုပ်သမား ဝန်ကြီး ဌာန၏

အနည်းဆုံးအခကြေးငွေဥပ ဒေအရ အနိမ့်ဆုံးလုပ်ခသတ်မှတ် ရန်အတွက် လုပ်ဆောင်နေသည့်လုပ် ငန်းစဉ်များနှင့်အနိမ့်ဆုံးလုပ်ခသတ် မှတ်ရန်မှာ ထင်သလောက်မလွယ် ကူနိုင်ကြောင်း စသည့်ဖြင့် ဝန်ကြီးဌာန ၏ အခက်အခဲတင်ပြချက်အပေါ် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားခဲ့သည်။

''အနည်းဆုံးလုပ်ခလစာကို စစ် တမ်းတွေ ကောက်ယူနေတယ် ၂၀၁၅-၂၀၁၆မှာ မြို့နယ်အဆင့် ကောက်ခံမှာပါဆိုပြီး လုပ်မယ့်လုပ် ငန်းအပေါ် နည်းနည်းလေးပြန်သုံး သပ်ဖို့ လိုပါတယ်။

လုပ်ငန်းတစ်ခုက ခက်ခဲတယ်ဆိုတာမှန်တယ် ခက်ခဲ လို့ မလုပ်ဘူးဆိုရင်လဲ မဖြစ်ပါဘူး။

ဒီနေ့ ကြုံတွေနေရတဲ့ အလုပ်သမား အလုပ်ရှင်ပြသနာက အနည်းဆုံး လုပ်ခသတ်မှတ်ထားခြင်း မရှိနိုင် တာလဲပါပါတယ်။

လုပ်နေပါတယ် လို့ပြောတာလောက်နဲ့တော့ မလုံ လောက်ပါဘူး၊ ကျွန်မတို့လုပ်နေပါ တယ်၊ ကျွန်တော်တို့ လုပ်နေပါတယ် ဆိုတာထက် ဘယ်တော့ပြီးမှာလဲ၊ ဘယ်လိုပြီးအောင်လုပ်မလဲ အဲ့လို တာဝန်ယူမှု တာဝန်ခံမှုရှိရမယ်၊ ဒီမို ကရေစီစနစ်ဆိုတာက တာဝန်ခံ ရဲရမယ်၊ တာဝန်ယူရဲရမယ်၊ တာဝန် မယူရဲဘူး၊ တာဝန်မခံရဲဘူးဆိုရင် မလုပ်နဲ့ မှားရင်လဲ ကိုယ့်တာဝန် မှန်ရင်လဲ ကိုယ့်တာဝန်ပါဘဲ။

ဒါ ကြောင့် လုပ်နေပါတယ်လို့ပြောရုံနဲ့ တော့ ကျွန်တော်တို့ဘက်က မကျေ နပ်နိုင်ဘူး။ အလုပ်သမားတွေဘက် ကလဲ မကျေနပ်နိုင်ဘူး။

စာရင်းတွေ ကောက်နေပါတယ်။ ၂၀၁၅- ၂၀၁၆ မှာဆိုရင် မြို့နယ်အဆင့်ပါ ဆိုတော့ လွှတ်တော်သက်တမ်း ငါးနှစ်သာ ကုန်သွားရော ဘာမှ ကျွန်တော်တို့ လုပ်နိုင်မှာ မဟုတ်ဘူး''ဟု သူရ ဦးရွှေမန်းက ပြောသည်။

ယင်းကြောင့်ထပ်မံဆွေးနွေးရာ တွင် တာဝန်ရှိသူများအနေဖြင့်လုပ် နေ ပါသည်ဆိုခြင်းထက် မည်သည့် အချိန်တွင်ပြီး အောင်လုပ်မည်၊ မည်သို့ ပြီးအောင်လုပ်မည်ဆိုသည့် တာဝန် ယူမှု တာဝန်ခံမှုရှိရန်လိုကြောင်း ယင်း အချက်သည် အလုပ်သမားဝန်ကြီး ဌာနတစ်ခုတည်းမဟုတ်ဘဲ အားလုံး ကို ရည်ရွယ်ပြောဆိုခြင်းဖြစ်ကြောင်း၊ သူရဦးရွှေမန်းက ဆက်လက်ဆိုသည်။

ပုဂ္ဂလိကအလုပ်သမားများ အတွက် အနိမ့်ဆုံးအခြေခံလုပ်အား ခသတ်မှတ်နိုင်ရန် အနည်းဆုံးအခ ကြေးငွေဥပဒေကို ပြည်ထောင်စု လွှတ်တော်မှ ၂၀၁၃ခုနှစ်မတ် ၂၃ ရက်တွင် ပြဋ္ဌာန်းပေးခဲ့ပြီး ဥပဒေထွက် ပြီး လေးလခန့်အကြာတွင် နည်းဥပ ဒေကို အတည်ပြုပြဋ္ဌာန်းထားပြီး ဖြစ်သည်။

ZCH

#Democracytoday


 
 

No comments:

Post a Comment