ခိုဆမ်မိုင်ခရိုင်တရားရုံးက အမှုအတွက် မျက်မြင်သက်သေများ စစ်ဆေးခြင်းကို ယခင်သတ်မှတ်ထားသည့် ဖေဖော်ဝါရီ ၂၅ အစား ဒီဇင်ဘာ ၂၆ တွင် စတင်ပြု လုပ်မည်ဟု ဒီဇင်ဘာ ၈ တွင် ထုတ်ပြန်ခဲ့သည် ဟု မြန်မာသံရုံး အဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောကြားခဲ့သည်။
၎င်းက “ဒီအမှုမှာ ထူးဆန်း တာက စစ်ဆေးမှုကို ဖေဖော်ဝါရီ ၂၅ မှာစမယ်လို့ တရားရုံးက ဒီဇင်ဘာ ၈ နံနက်ပိုင်းမှာ ပြောခဲ့ပေမယ့် ညနေ ပိုင်းရောက်တော့ ဒီဇင်ဘာ ၂၆ ကို ရွှေ့လိုက်ပြီလို့ ပြောလာပါတယ်”ဟု ပြောကြားခဲ့သည်။
တရားရုံးက ထိုသို့ ပြောင်းလဲမှုပြုလုပ်သည်ကို ယခင်က မကြုံဖူးခဲ့ဟု ထိုင်းရှေ့နေ ချားက ပြောကြောင်း ဦးအောင်မျိုးသန့်ကဆို သည်။ တရားရုံး၏ စစ်ဆေးမှုတွင် မြန်မာသံရုံးအဖွဲ့မှ ဦးအောင်မျိုးသန့်နှင့် ဦးကျော်သောင်း ထိုင်းရှေ့နေ ၃ ဦး၊ သံရုံးမှ အကြံပေးကိုယ်စားလှယ် ဦးတင်အေးနှင့် ရခိုင်အမျိုးသားကွန်ရက်မှ ကိုယ်စားလှယ် ၁ ဦးတို့ တက် ရောက်မည်ဖြစ်သည်။
ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင်ကျွန်းတွင် ဗြိတိန်ခရီးသွားများဖြစ်သည်
စတင်စစ်ဆေးသည့်ရက်အား ရှေ့သို့ရွှေ့လိုက်သဖြင့် တရားခံများ အတွက် ခုခံချေပရန် ပြင်ဆင်မှုအား ထိခိုက်မည်ကို စိုးရိမ်သည်ဟု တရားခံရှေ့နေ အဖွဲ့ခေါင်းဆောင် နာခွန်ချွမ်ပူချတ်က ရွှေ့ပြောင်းလုပ်သားအခွင့် အရေး လှုပ်ရှားသူ မစ္စတာအန်ဒီဟော့အား ပြောကြားခဲ့သည်။ တရားစွဲဆိုသူနှင့် ခုခံခြေပသူ ၂ ဖက်လုံးအား စာရွက်စာတမ်းနှင့် သက်သေ အထောက်အထား များ ကို ဒီဇင်ဘာ ၁၈ နောက်ဆုံးထား၍ တင်သွင်းရန် တရားရုံး က တောင်းဆို ထားသည်။
ထို့အပြင် တရားစွဲဆိုသူက မျက်မြင်သက်သေ အရေအတွက်အား ထုတ်ဖော်ရန် မလိုအပ်သော်လည်း တရားခံရှေ့နေက တင်သွင်းမည့် မျက်မြင်သက်သေ အရေအတွက်အား ကြိုတင်ပြောကြား ထားရန် တရားရုံးက ညွှန်ကြားထားသည် ဟု မစ္စတာဟောက ၎င်း၏ဖေ့စ်ဘုတ်တွင် ရေးသားထားသည်။ တရား စွဲသူ အစိုးရရှေ့နေက စာမျက်နှာ ၆ မျက်နှာသာပါပြီး အကြမ်းဖျင်း သာ ဖော်ပြ ထားသည့် စာရွက်စာတမ်းကိုသာ ပေးခဲ့သဖြင့် တရားခံရှေ့နေများ အတွက် ပြင် ဆင်ရန် အခက်အခဲရှိနေပြီး အချိန်မလုံလောက်ဟုဆိုသည်။
ဗြိတိန်နိုင်ငံခြားရေးရုံး၏
၎င်းက “သက်သေတွေက သူတို့ပြောသလို ခိုင်မာတယ် ဆိုရင် ဘာလို့ မထုတ်ပြန် တာလဲ။ မျက်မြင်သက်သေတွေအပေါ် ခြိမ်းခြောက်မှုရှိတဲ့ အခြေအနေ မဟုတ်တာ သေချာပါတယ်။ နိုင်ငံတကာ အကြမ်းဖက်သမားတွေ ကို စစ်နေတာမဟုတ်ပါဘူး”ဟု ပြောခဲ့သည်။
KHTun
The Ladies News Journal

No comments:
Post a Comment