ရန်ကုန်၊ ဒီဇင်ဘာ ၁၇-ပြည်သူများ ယုံကြည်ကိုးစားသည့်ပြည်သူ့ အကျိုး ပြုတရားစီရင်ရေး စနစ်ပေါ်ထွန်းလာ ရေး အပါ အဝင် ပြည်ထောင်စုတရား လွှတ်တော်မှဆောင်ရွက်မည့် မြန်မာ့ တရားစီရင်ရေးစနစ်တိုးတက်ရေး သုံး နှစ်တာမဟာဗျူဟာ စီမံကိန်းတစ်ခု ကိုစတင်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
တရားစီရင်ရေးဆိုင် ရာ မဟာဗျူ ဟာစီမံကိန်းကို ၂၀၁၅ခုနှစ်မှ ၂၀၁ရ ခုနှစ်အထိ သုံးနှစ်တာဆောင်ရွက် မည်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း တရား ဥပဒေစိုးမိုးရေးနှင့်ရပ်ရွာအေးချမ်း
သာယာရေး၊ ပြည်သူများယုံကြည်ကိုး စားသည့်ပြည်သူ့အကျိုးပြုတရား စီရင်ရေးစနစ်ပေါ်ထွက် လာရေး၊ အ မှုအခင်းများကို ဥပဒေနှင့်အညီ မှန် ကန်မြန်ဆန်အောင်စီရင်ရေးနှင့် တရားရုံးများ၏ဂုဏ်သိက္ခာမြှင့်တင် ရေးစသည့် ရည်မှန်းချက် များ အောင် မြင်မှုရစေရန် အဓိကထားဆောင် ရွက်မည်ဟု ပြည်ထောင်စုတရား လွှတ်တော်ချုပ်က ဒီဇင်ဘာ ၁၇ ရက် တွင်ထုတ်ပြန်ခဲ့သည်။
''မဟာဗျူဟာစီမံကိန်းကို အ ကောင်အထည်ဖော်ဖို့အတွက် မဟာ ဗျူဟာစီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်ရေးကော် မတီဖွဲ့ပြီး ဆောင် ရွက်မှာ ဖြစ် ပါတယ်။ အဲဒီ ကော်မတီကနေ လုပ်ငန်းအစီရင်ခံ စာရေးဆွဲခြင်းတွေဆောင် ရွက်သွား မယ်။ တရားစီရင်ရေးကဏ္ဍတိုးတက် ဖို့အတွက် အပြည်ပြည်ဆိုင်ရာ မိတ် ဖက်အဖွဲ့တွေနဲ့ပူးပေါင်းဆောင် ရွက် ခြင်းတွေ လုပ်ဆောင်မှာပါ'' ဟု ပြည် ထောင်စုတရားလွှတ်တော်ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မဟာဗျူဟာစီမံကိန်းအရ တ ရားရုံးအသုံးပြုသူများ၏ တရားစီရင် ရေးနှင့် ဝန်ဆောင်မှုအပေါ် စိတ်ကျေ နပ်မှုနှုန်း ၈ဝရာခိုင်နှုန်း၊ နှစ်အလိုက် အမှုပြီးပြတ်မှုနှုန်း ရာနှုန်းပြည့်ရရှိ ရန်ဆောင်ရွက် မည်ဖြစ်ကြောင်း ပြည် ထောင် စု တရားလွှတ်တော်ချုပ်၏ထုတ်ပြန်ချက်အရ သိရသည်။
''ဒီလိုမဟာဗျူဟာစီမံကိန်းတွေ ချပြီး မြန်မာ့တရားစီရင်ရေးစနစ်တိုး တက်ဖို့ အတွက် ဆောင်ရွက်မယ်ဆို တာအလွန်ကောင်းမွန်ပါတယ်။ တိုး တက်တဲ့ဒီမို ကရေစီနိုင်ငံဖြစ်ဖို့ တရား ဥပဒေစိုးမိုးရေးရှိဖို့လိုပါတယ်။ တရား ဥပဒေစိုးမိုး ဖို့အတွက် တရားစီရင် ရေးစနစ် ကို ပြည်သူတွေ ယုံကြည်ဖို့ လိုပါတယ် ။အောင်မြင်အောင်ဆောင် ရွက်ကြပါလို့ပဲ ပြောချင်ပါတယ်''ဟု အထက်တန်းရှေ့နေ ဦးသန်းငွေ က ပြောသည်။
YM
#Democracytoday
No comments:
Post a Comment