သံတော်ဆင့်အယ်ဒီတာအဖွဲ့ရဲ့ မေးခွန်းတစ်ခုဖြစ်သည့် တပ်မတော်နှင့် ပြည်ခိုင်ဖြိုးကြားထဲက ကတိက၀တ် ဘယ်တော့လောက် အတည်ရှိနိုင်သလဲ ဆိုသည့်အချက်အပေါ် ကတိက၀တ်ဆိုတာကတော့ ကန့် သတ် ထား တာတော့ မရှိဘူး။ ပါတီက တပ်မတော်ကြောင့် ပေါက်ဖွားလာတာ။ ဒီအသင်းဟာ တပ်မတော်ကလုပ်တာ။ တပ် မတော်က မွေးထုတ်ပေးလိုက်တယ်။ တပ်မတော်ကြောင့် ဖြစ်လာတယ်။ ကန့်သတ်ချက်တော့ မရှိပါဘူး။ မဆုံး နိုင်ဘူးဆိုတာလည်း မရှိနိုင်ဘူးဆိုသလိုပေါ့။ ဘယ်တော့ ပြီးမယ်လို့လည်း ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး။ အမြဲတမ်း သဟဇာတဖြစ်ပြီး ပေါင်းဖက်နိုင်ဖို့ လိုတာပေါ့။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အချိန်ဇယားများနှင့် ပတ်သက်ပြီး သူရ ဦးရွှေမန်း ပြောဆိုရာတွင် နိုဝင်ဘာ ၂၅ ရက်နေ့က အပြီးဆောင်ရွက်ပြီး ထွက်ပေါ် လာသည့် ပြည်ထောင်စုလွှတ်တော်က တင်သွင်းလာမည့် ဥပဒေ ကြမ်းတွေကို နောင်လာမည့် လွှတ်တော်အစည်းအဝေးများတွင် ဆုံးဖြတ်အတည်ပြုမည်။ ယင်းမှ ထွက်ပေါ် လာ သည့် ဥပဒေကြမ်းများကို အချို့ အကြောင်းအရာတွေက ပြည်သူ့ဆန္ဒခံယူပွဲ လုပ်ရမည်။ ယင်းကိုလာမည့် ၂၀၁၅ ခုနှစ် မေလအတွင်းမှာ ဆောင်ရွက်မည်ဟု ဆိုသည်။ လုပ်ငန်းစဉ်အရ ပြည်သူ့ဆန္ဒခံယူ ပွဲလုပ်ပြီးပြီဆိုရင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စ လုပ်ငန်းစဉ် အဆုံးသတ်မည်ဖြစ်ပါသည်။
ပြင်ဆင်ပြီးဖြစ်သည့် ဖွဲ့စည်းပုံသည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲပြီးနောက် ပေါ် ပေါက်လာမည့် လွှတ်တော်၏ ပထမဦး ဆုံးအစည်းအဝေး စတင်ကျင်းပချိန်တွင် အသက်ဝင်မည့် အဓိပ္ပာယ်ဖြစ်သည်။ ပြင်ဆင်ပြီး ဖွဲ့စည်းပုံ သည် ၂၀၁၅ခုနှစ် ရွေးကောက်ပွဲအပြီး နောက်ပိုင်း စတင်အသက် ၀င်လာမည့် သဘောဖြစ်သည်။
သူရဦးရွှေမန်းက ““ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာသည့် အဖြေပေါ်မူတည်ပြီး ဆောင်ရွက်ရမှာဖြစ်ပါ တယ်”” ။ ““၂၀၁၅ ခုနှစ်မှာ ရွေးကောက်ပွဲလုပ်မယ်၊ ထွက်ပေါ် လာတဲ့အတိုင်း ရွေးကောက်ခံကိုယ်စား လှယ် တွေနဲ့ အတူပဲ လွှတ်တော်သက်တမ်း စသည့် နောက်ပိုင်းမှာ ခုနက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်နိုင်မယ့် ပြင်ဆင် ချက်တွေအပေါ် မူတည်ပြီးတော့ ဆက်လက် ဆောင်ရွက်သွား မှာဖြစ်ပါတယ်””လို့ ပြော ထားပါသည်။
ယင်းအကြောင်းအရာနှင့် ပတ်သက် ပြီး သူရဦးရွှေမန်း ရှင်းလင်းဖို့လိုသည့် အချက် က ၂၀၁၅ခုနှစ် ရွေးကောက် ပွဲအပြီး ပေါ်ပေါက်လာမည့် လွှတ်တော်စတင်ခြင်းနှင့် ပြင်ဆင်ပြီးဖြစ်သည့် ဖွဲ့စည်းပုံ အသက်ဝင်မှာလား သို့မ ဟုတ် မပြီးပြတ်သေးသည့် ဖွဲ့စည်းပြင်ဆင်ရေးလုပ်ငန်းစဉ် ဆက်လက်ဆောင်ရွက်ရမှာလား သို့တည်းမဟုတ် ၂၀၀၈ ဖွဲ့စည်းပုံအတိုင်း သမ္မတ ရွေးကောက်တင်မြှောက်ခြင်း၊ တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်ခြင်းစ သည့် ကိစ္စတွေ ဆောင်ရွက်ပြီးမှ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆက်လုပ်မှာလားဆိုသည့် အချက်ကို ဖွဲ့စည်းပုံပြင် ဆင်ရေး လှုပ်ရှား ဆောင်ရွက်နေသူလူထုက သိရှိလိုကြောင်း အသံတွေလည်း ကြားနေရသည်။
လာမည့် ၂၀၁၅ ရွေးကောက်ပွဲအပြီး သမ္မတ ရွေးချယ်ရာမှာရော တိုင်းနှင့်ပြည် နယ်တွေရဲ့ တိုင်း/ပြည်နယ် ၀န်ကြီးချုပ် ရွေးချယ်ရာမှာပါ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံနှင့် လုပ်မလား၊ ပြင်ဆင်ပြီးဖြစ်သည့် ဖွဲ့ စည်းပုံနှင့်ပဲ ဆောင် ရွက်မှာလားဆိုသည်ကို သူရဦးရွှေမန်းအနေနှင့် ပြတ်သားစွာ ရှင်းလင်းပြောကြားဖို့လိုကြောင်း ပြောဆိုမှုတွေ လည်း ပေါ်ထွက်နေသည်။
ယခုကဲ့သို့ ဖွဲ့စည်းပုံပြင်ဆင်ရေးအချိန် ဇယားကိစ္စ၊ ဖွဲ့စည်းပုံကို ပြီးသည့် အထင်ပြင်မှာလား၊ ၂၀၁၅ နောက်ပိုင်း အထိ ရွှေ့လိုက်မလား၊ ပြင်ဆင်ပြီး ဖွဲ့စည်းပုံဘယ် အချိန်အသက်ဝင် အာဏာတည်မလဲ စသည့်အချက်ကို သူရ ဦးရွှေမန်း ပြောဆိုနေခြင်းသည် မိမိသဘောနှင့်မိမိ ပြောဆို ခြင်းလား၊ လွှတ်တော်၏ သဘောထားလား ဆိုသည့် အချက်နှင့် ပတ်သက်ပြီး ရှင်းလင်းဖို့လိုကြောင်း ပြောဆိုသံများလည်း ထွက်ပေါ်နေသည်။
မိမိက လွှတ်တော်ဥက္ကဋ္ဌတစ်ယောက် ဖြစ်သည်နှင့် မိမိတစ်သဘောတည်းနှင့် ပြောဆိုလို့ရတယ်၊ ဆုံးဖြတ်လို့ ရတယ်ဆိုရင် သူရဦးရွှေမန်းဟာ လွှတ်တော်အထက်က ပုဂိ္ဂုလ်ဖြစ်သွားမည့်အကြောင်း ပြောဆိုမှုများရှိနေ သည်။ Nobody is above the law စကားကို မီဒီယာစာမျက်နှာများပေါ်သို့ အရင်ဆုံးပို့ ဆောင်သူမှာ သူရဦးရွှေမန်းဖြစ် သည်။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ကာကွယ်ရေးဦးစီးချုပ်နှင့် သမ္မတဘက်ကသာ သဘောတူရင် အောင်မြင်ပြီ ဆို ပြီး ပြောခဲ့သည်။ လွှတ်တော်ထဲတွင် ၇ ရာခိုင်နှုန်းသာရှိသည့် NLD ကတင်သွင်းသည့် ၄၃၆ ပြင် ဆင်ရေးမူကို ၅၄ ရာခိုင်နှုန်းရှိသည့် ပြည်ခိုင်ဖြိုးပါတီက သဘောတူခဲ့ သယောင်ဆိုခဲ့သည်။
တကယ်တမ်းကျတော့ NLD က တင်သည့် ပုဒ်မ ၄၃၆ ပြင်ရေးတွင် တစ်နည်းအားဖြင့် တပ်တော်သားအမတ်တွေ သဘောတူသည်ဖြစ်စေ၊ မတူ သည်ဖြစ်စေ ဖွဲ့စည်းပုံကို ပြင်နိုင်ရေးဆိုသည့် မူကို ပြည်ခိုင်ဖြိုးပါတီက သဘောတူခဲ့ခြင်း မဟုတ်ပါဘူး။ ၄၃၆ ပြင်မည်ဆိုသည်မှာ မဖြစ်စလောက်ပါ။ လွှတ်တော်ကို လွှမ်းမိုး ထားသည့် ကိုယ့်ပါတီက သဘောမတူနိုင် သည့် ကိစ္စတစ်ခု တပ်မတော်ဘက်ကသာ သဘောတူရင် အောင်မြင်ပြီလို့ သူရဦးရွှေ မန်းပြောလိုက်ခြင်းသည် NLD နှင့် တပ်မတော်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ကာကွယ်ရေးဦးစီး ချုပ်၊ ဒေါ်အောင် ဆန်းစုကြည် နှင့် သမ္မတ ဦးသိန်းစိန် အကြား အထင်အမြင်လွဲအောင်၊ အေးစက်နေသည့် ဆက်ဆံရေးကို ပိုပြီးအေးစက်အောင်၊ ထိပ် တိုက် တိုးနေပြီးသားကနေ ပေါက်ထွက် သွားအောင် ပြောဆိုလိုက်ခြင်းဖြစ်သည်ဟု စွပ်စွဲမှုတွေလည်း ရှိနေ သည်။
ယင်းသည် နိုင်ငံရေးအောက်လမ်းနည်း၊ အထက်လမ်းနည်း စသည် မပြောသာ သော်လည်း ဦးရွှေမန်း လုပ်ရပ် သည်““နိုင်ငံရေး””ပဲဖြစ်သည်။ အထူးသဖြင့် စစ်ဗိုလ် လူထွက် နိုင်ငံရေးဖြစ်မည် ထင်ပါသည်။ သို့ရာတွင် မနိုင်ရင်ကာ အားဖြင့်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ဖြေဆေးတစ် လုံးထိုးပေးလိုက်ပြန်သည်။ သူရဦးရွှေမန်း ကသူသည် ယခုနှစ်အောက်တိုဘာလ ၃၁ ရက်က လူပုဂိ္ဂုလ် ၁၄ ဦးတွေ့ဆုံခဲ့သည့် ၅ ပွင့်ဆိုင် ထိပ်သီး အစည်းအဝေးထက် ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုသည့် သမ္မတ၊ ကာကွယ်ရေးဦးစီး ချုပ်၊ ဒေါ်အောင် ဆန်းစုကြည်နှင့် သူကိုယ်တိုင်ပါဝင်သည့် ၄ ပွင့်ဆိုင်ဆွေးနွေးပွဲက ပိုထိရောက်မည် ဟုဆိုသည်။ ““ဒေါ်အောင်ဆန်း စုကြည်ရဲ့ ၄ ပွင့်ဆိုင် အယူအဆက ပိုအရေးကြီးပါတယ်။ ၁၄ ပွင့်ဆိုင်က ထိရောက်တဲ့ဆွေး နွေးမှုတွေ မဖြစ်နိုင်ပါဘူး””။
ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း ပြောကြားခဲ့သည့် ဖွဲ့စည်း ပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ အချိန် ဇယားနှင့်ပတ်သက်၍ သဘာဝကျကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်များလည်းရှိသည်။ ““သူက process ကို ပြောတာပါ။ process က ဒီလိုပဲ သွားရမှာ ပဲလေ။ ဘာဖြစ်လို့လဲဆိုတော့ ဒီ ၄၃၆ကို ပြု ပြင်ပြောင်းလဲဖို့ ဆုံးဖြတ်မယ်ဆိုပါတော့ ၊ ၄၃၆ကိုပြုပြင်ပြောင်းလဲဖို့ ဆုံးဖြတ်ပြီးမှ သာလျှင် တချို့ကိစ္စတွေကို ပြောင်းလဲလို့ ရမယ်လေ။ အဲဒီတော့ အဲဒီဟာတွေကျ တော့ အချိန်အရရော အခုလက်ရှိသွားနေ တဲ့လုပ်ငန်းတွေ အရရော process အရတော့ ဒီလိုပဲလုပ်ရမှာပဲ။ ဥပဒေ သဘောတရားအရ ဥပဒေ ပညာရှင်တွေကို မေး ကြည့် လို့ရှိရင် ပိုပြီးကောင်းတယ်””။ ဆက် လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က““အဲဒီ ဟာတွေ ပြင်ဖို့အတွက် ဆိုတာက process အရ သူသွားရမယ်လေ။ ၅၉(စ) ကိုမပြင်ခင် ၄၃၆ကိုပြင်ရမယ် မဟုတ်လား။ အဲဒီလို သူ့ အဆင့် သူအဆင့်တော့ ရှိတယ်။ သူ့ရဲ့လုပ်ငန်းစဉ်အရ ဒီလိုပဲဖြစ်ဖို့ သဘာဝကျပါ တယ်”” ဟုဆိုသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ရာတွင် တပ်မတော်သား ကိုယ်စား လှယ် ဗိုလ်မှူးကြီးခင်မြင့်က ကျွန်တော်ဆွေးနွေး ချင်တာကတော့ ပုဒ်မ ၄၃၆(က) ဖြစ်ပါ တယ်။ ပုဒ်မ ၄၃၆(က) ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အဓိကအကျဆုံး ပုဒ်မ ဖြစ်ပါတယ်။ စုစုပေါင်း ဥပဒေပုဒ်မပေါင်း ၄၅၇ခုအနက် ပုဒ်မ ၄၃၆(က)နှင့်ဆက် စပ်တဲ့ ပုဒ်မ ၉၅ခုရှိပါတယ်။ အစီရင်ခံစာ မှာ တပ်မတော်သား လွှတ်တော်ကိုယ်စား လှယ်များအနေနှင့် မပြင်ဆင်လိုကြောင်းနှင့် နိုင်ငံရေးပါတီအချို့က ပြင်ဆင်လို ကြောင်းတင်ပြထားပါတယ်။ ပုဒ်မ ၄၃၆ (က)နဲ့ ခိုင်မြဲစွာရပ်တည်ထားရမယ့် ဥပဒေပုဒ်မများကို အလွယ်တကူပြင်ဆင်ခြင်း မပြုလုပ်နိုင်စေရန် ရည်ရွယ်ပြီး ၇၅ရာခိုင် နှုန်းကျော်သော လွှတ်တော်ကိုယ်စားလှယ်များ မဲဆန္ဒပေးပိုင်ခွင့်ရှိသော ပြည်သူထက် ၀က်ကျော်တို့ သဘောတူလက်ခံပြီးမှသာ ပြင်ဆင်နိုင်တဲ့ ဥပဒေပုဒ်မဖြစ်တယ်။
တချို့သောသူများရဲ့ သဘောထား တွေအရ ပုဒ်မ ၄၃၆ကို ကျိုးပေါက်အောင် ချိုးဖောက်ပြီးမှသာ ကျန်တဲ့ ပုဒ်မ များကို အလွယ်တကူပြင်ဆင်သွားနိုင်မယ်ဆိုပြီး နည်းလမ်းပေါင်းစုံနှင့် ဆောင်ရွက်နေကြ တယ်။ အကယ်၍ ပုဒ်မ ၄၃၆ ကို မပြင်ဘူးဆိုရင် မလိုလားအပ်သော ပြဿနာများ ဖြစ်ပေါ်နိုင်ကြောင်း ပြောဆိုပြီး သွေးထိုး လှုံ့ဆော် နေကြောင်း ကိုလည်း တွေ့ရှိရပါတယ်။ ဒီလိုဖြစ်ရပ်မျိုးကို ဘယ်သူမှ မလိုလားကြပါဘူး”” ဟုဆိုသည်။
မြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်ရန် လွှတ်တော်ပြင်ပ နည်းလမ်းတစ်ခုဖြစ်သော လူ ထုလမ်းပေါ်ထွက်ကာ ဆန္ဒပြတောင်းဆိုလျှင် တိုင်းပြည်နောက်ကြောင်း ပြန်လှည့်သွားနိုင်ကြောင်း နိုင်ငံရေး သုတေသီတွေ ပညာရှင်တွေ ခန့်မှန်းကြသည်။ ပြည်သူများ လမ်းပေါ်တွင်ထွက်ပြီး ဆန္ဒပြတောင်းဆိုခြင်း တစ်ခု တည်း မဟုတ်ဘဲ တွေ့ဆုံဆွေးနွေး အဖြေရှာ ရေးသည်လည်း လွှတ်တော်ပြင်ပ နိုင်ငံရေးတစ်ခုဖြစ်သည်။ ပြည် သူများ လမ်းပေါ်တွင် တောင်းဆိုဆန္ဒထုတ် ဖော်ခြင်းသည် ဒီမိုကရေစီ၏ အလေ့အထတစ်ခုဖြစ်သည်။
လက်ရှိ ပြုပြင်ပြောင်းလဲရေးများသည် စစ်အာဏာရှင်စနစ်ကို ပုံစံတစ်မျိုးဖြင့် ဆက်လက်တည်တံ့အောင် တစ် နည်းအားဖြင့် စစ်အာဏာရှင်စနစ် တရားဝင်တည်ရှိ နိုင်ရေး စစ်အာဏာရှင်စနစ်ကို ဆက်လက် ကိုင်စွဲထား သည့် စနစ်ဖြစ်သည်ဟု ဝေဖန်မှု တွေရှိနေသည်။ လက်ရှိ ဖွဲ့စည်းပုံဥပဒေ၏ အားနည်းချက်များသည် လွှတ် တော်များ၊ အစိုးရအဖွဲ့များ မည်ကဲ့သို့ပင် ဖွဲ့စည်းထူ ထောင်ထားသည်ဖြစ်စေ စစ်တပ်ကသာ အရာအားလုံး အတွက် အခရာသဘောနှင့် စစ်တပ်သဘောမတူသည့် အရာကိစ္စဟူသမျှ တရားဥပဒေအရ တစ်ခုမျှအကောင် အထည်ဖော်လို့ မရနိုင်အောင် ဖြစ်နေသည်ဟူ၍ ဝေဖန်မှုများရှိနေသည်။
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
No comments:
Post a Comment