ပြန်လည်လွှဲပြောင်းမယ့် လယ်ယာမြေဧက ၃ သိန်းကျော်ထဲက ၁ သိန်း ၄သောင်းကျော်ကို သက်ဆိုင်ရာ မြို့နယ်မြေအသုံးချမှု စီမံခန့်ခွဲရေးရုံးတွေထံ လွှဲပြောင်းခဲ့ပြီဖြစ်ပြီး ဧက ၁ သိန်း ၆သောင်းကျော် လွှဲပြောင်းပေးဖို့ ကျန်နေသေးတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လယ်ယာမြေသိမ်းဆည်းခံထားရတဲ့ လယ်သမားတွေအနေနဲ့ လွှဲပြောင်းမယ့် လယ်ယာမြေတွေထဲမှာ မိမိတို့မြေတွေ ပါဝင်မှု ရှိ မရှိကို သက်ဆိုင်ရာ မြေအသုံးချမှု စီမံခန့်ခွဲရေးရုံးတွေမှာ စုံစမ်းပြီး မြေပိုင်ဆိုင်ခွင့် အထောက်အထားတွေနဲ့တကွ လွှဲပြောင်းရယူနိုင်မှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
Credit - RFA Burmese

No comments:
Post a Comment