NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုပြန်ကြားရေးအဖွဲ့ဝင် စာရေးဆရာ ဦးထင်လင်းဦးကို သာသနာ ညိုးနွမ်းစေမှုနဲ့ ဒီကနေ့ ချောင်းဦးမြို့နယ်တရားရုံးမှာ ပထမဆုံးအကြိမ်ရုံးတင်စစ်ဆေးခဲ့ရာ တရားသူကြီးက အာမခံမပေးပဲ ပယ်ချလိုက်ပြီး မုံရွာအကျဉ်းထောင်ကိုပို့လိုက်ပါတယ်။
ဦးထင်လင်းဦးကို ချောင်းဦးမြို့နယ် ရဲအချုပ်ခန်းမှာမထားပဲ မုံရွာထောင်ကိုခေါ်သွားတယ်လို့ ဒီကနေ့ ရုံးချိန်း သွားရောက်ခဲ့တဲ့ ညီအကိုဝမ်းကွဲတော်သူ ဦးဆန်းထွန်းက ပြောပါတယ်။
ဦးထင်လင်းဦးကို ချောင်းဦးမြို့နယ် တရားရုံးက အမှုကိုဖြေရှင်းပေးဖို့ဆိုပြီး ဆင့်ခေါ်စာထုတ်ခေါ်ယူခဲ့ပေမယ့် ဒီကနေ့ တရားသူကြီးက အာမခံမပေးပဲ ရဲအချုပ်ခန်းမှာမထားပဲ မုံရွာထောင်ကို ပို့လိုက်တာဟာ မတရားဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။
Credit - RFA Burmese
No comments:
Post a Comment