တရုတ်ပြည်သွားတုန်းက
ဖြစ်စဉ်လေးတစ်ခု ကို ပြန်တွေးပြီး ပြုံးမိသည်။ တစ်ခါတော့ ပြည်နယ်
အရာရှိတစ်ဦးနှင့် ကျွန်တော်တို့ မီဒီယာအဖွဲ့စားပွဲဝိုင်း ထိုင်
ဆွေးနွေးဖြစ်ခဲ့သည်။ သူက ပွင့်ပွင့်လင်းလင်း ပြောပါဆိုသဖြင့်
ကျွန်တော်တို့ကလည်း ကုန်သွယ်မှု ဆိုင်ရာ၊ လမ်းပန်းဆက်သွယ်မှုဆိုင်ရာ၊
လူကုန်ကူးမှု ဆိုင်ရာများအပြင် မြစ်ဆုံ၊ လက်ပံတောင်းတောင်၊ ရေ
နက်ဆိပ်ကမ်းဆိုင်ရာများအပေါ် ဝေဖန်သုံးသပ်ပြော ကြားခဲ့သည်။
ထိုမှ အပြန်ခရီးတွင် ကျွန်တော်တို့ထဲက ပျော်တတ်သူတစ်ဦးက ငါတို့က အစိုးရပြောရမယ့် ကိစ္စတွေကို အစိုးရကိုယ်စား ပြောခဲ့၊ ဆွေးနွေးခဲ့တာ လား။ ဒီကပြန်ရင်တော့ မောင်တို့မယ်တို့ကို အစိုးရဝန် ကြီးတွေ အသီးသီးခန့်အပ်တော့မယ် ထင်တယ်ဟု ပြောသည်။
ကျန်သူတွေက ဒါဆိုရင် ကျွန်မက ဘာ ဝန်ကြီး၊ ကျွန်တော်က ဘာရာထူး စသဖြင့် တစ်ယောက် တစ်ပေါက် ရယ်မောနောက်ပြောင်ခဲ့ကြသည်။
သည်တွင် ကျွန်တော်က တစ်ခါတုန်းက အဖြစ်အပျက်လေးကို ပြေးပြီး သတိရမိလျက်သား ဖြစ်သွားသည်။ လွန်ခဲ့သော ဆယ်စုနှစ် တစ်ခုကျော် လောက်ကဖြစ်မည်။ ရန်ပုံငွေပွဲတစ်ခုအတွက် ကျွန် တော်တို့ စာနယ်ဇင်းအဖွဲ့ အငြိမ့်ကကြသည်။
မင်းသမီး ကလည်း စာရေးဆရာမလေးများ၊ သတင်းထောက်မ လေးများ ဖြစ်ပြီး၊ လူရွှင်တော်ကလည်း စာနယ်ဇင်းသ မားတွေချည်းပဲ ဖြစ်သည်။ စတုတ္ထမဏ္ဍိုင်ကို ပဲ့ကိုင်နေ တဲ့ လူတွေ လူရွှင်တော်လုပ်မည်ဆိုတော့ အားလုံးက စိတ်ဝင်စားခဲ့ကြသည်။ ကျွန်တော်တို့ ဘာလုပ်ပြမလဲ၊ ဘာတွေ ပြက်မလဲဆိုတာကို သိချင် ကြည့်ချင်ကြသည်။ ပွဲနေ့ရောက်တော့ တကယ့် သဘာရင့်၊ ဝါရင့် လူရွှင် တော်ကြီးများတောင် လာအကဲခတ်သည်။
တကယ်တမ်း ပွဲခွင်ထဲမှာ မှန်းချက်နှင့် နှမ်း ထွက်က မကိုက်။ ကျွန်တော်တို့ လူရွှင်တော်တွေမှာ အယောင်ယောင် အမှားမှား၊ အိုးနင်းခွက်နင်းနှင့် ပြက်လုံးခွင်က မရယ်ရဘဲ ကျွန်တော်တို့ရဲ့ အလွဲလွဲ အချော်ချော်တွေက ရယ်စရာဖြစ်နေခဲ့သည်။
ဒါနှင့်ပင် ကျွန်တော်တို့အငြိမ့်အဖွဲ့ ပွဲချီ နှစ်ချီသာကပြီး ပတ်စာခွာ ဖျာသိမ်းခဲ့ရသည်။ နောက်လည်း ကျွန်တော်တို့ကို ဘယ် သူမှ မငှားတော့။ ဆုကြေးငွေလည်း မရတော့။ ကျွန် တော်တို့အငြိမ့်အဖွဲ့လည်း ထိုနှစ်ပွဲနှင့်သာ နိဋ္ဌိတံ သွား ခဲ့ရလေသည်။
အခုလည်း ကျွန်တော်တို့ကို ဝန်ကြီးခန့်လျှင် တိုင်းပြည်တစ်ပြည်လုံး ဘာတွေဆက်ဖြစ်မည်ဆိုတာ ကို မတွေးဝံ့ဟု ကျွန်တော်အတွေးခေါင်ခဲ့မိသည
မည် သည့်နယ်ပယ်မဆို သူ့အထာနှင့်သူ ဖြစ်သည်။ ကျွမ်း ကျင်ရာ လိမ္မာဆိုသလို အထာသိ သဘာရှိမှ ကွက်တိ ကျန လှပမည်ပင်။ လောကတွင် ဒူးနေရာဒူး၊ တော်နေ ရာ တော်ဆိုသော စကားသဘာဝရှိသည်။ ဘောလုံး သမားက ဇာတ်မင်းသား၊ ဆိုက်ကားဆရာက အုပ်ချုပ် ရေးမှူး၊ ပန်းချီဆရာက လူမိုက်၊ အရက်သမားက ဆေး ဆရာလုပ်၍ မရနိုင်ပေ။ မည်သူမဆို သူပိုင်နိုင်ကျွမ်း ကျင်ရာအလုပ်ကို ရွေးချယ်လုပ်ကိုင်သည်က သဘာဝ ကျပါသည်။ ဒါသည်ပင် လောကဓမ္မ ဖြစ်ပါသည်။
ခေတ်အဆက်ဆက် ကျွန်တော်တို့တိုင်းပြည် ကမောက်ကမ ဖြစ်လာခဲ့သည်မှာ ဘာတွေ ဘယ်လို လွဲချော်နေခဲ့၍လည်းဟု စဉ်းစားစရာဖြစ်ရသည်။
တစ် ခါ..တစ်ခါ ကျွန်တော့်နားထဲတွင် သွားလေသူ ဗိုလ် ချုပ်မှူးကြီး တစ်ဦးပြောခဲ့သည့် ''ကျွန်တော်တို့က စစ် သားပဲ... ပြီးရင် စစ်တန်းလျားကို ပြန်သွားမယ်'' ဆို သော စကားကိုသာ ကြားယောင်နေမိပါတော့သည်။
အယ်ဒီတာ
Flower News ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၄၉)။
|───────────Yangon Media Group ──────────|
No comments:
Post a Comment