Saturday, December 20, 2014

ဆယ့်နှစ်ပွင့်ဆိုင် တွေ့ဆုံရန် ဒေါ်အောင်ဆန်းစုကြည်ထံသို့ စစ်ကိုင်းတိုင်းဒေသကြီး ချင်းတိုင်းရင်းသားရေးရာဝန်ကြီး စာပေးပို့

 ကလေး၊ ဒီဇင်ဘာ ၁၉

တိုင်းဒေသကြီးလွှတ်တော်တွေမှာ အတည်ပြု တိုက်တွန်းထားတဲ့ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ၁၂ ပွင့်ဆိုင်တွေ့ဆုံ ဖို့အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည် ထံသို့ စာရေးသား ပေးပို့ခဲ့တယ်လို့ စစ်ကိုင်းတိုင်း ဒေသကြီး ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးနိုထန်ကပ်က ပြောပါတယ်။

စာပေးပို့ရတာနဲ့ ပတ်သက်ပြီး သူက “ကျွန်တော်တို့ တိုင်းရင်းသားတွေက ၁၂ ပွင့်ဆိုင် တွေ့ဆုံရေး တောင်းဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က အမြင်လွဲနေပါတယ်။ ကျွန်တော်တို့ကို အစိုးရကပဲ ဖိအားပေးလို့ ဒီလိုမျိုး တောင်းဆိုနေတယ်လို့ မြင်နေတယ်။ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးမှာ တိုင်းရင်းသား ကိုယ်စားပြုတွေ ပါဝင်နိုင်ခွင့်ကို တိုင်းရင်းသားတွေ အားလုံးကိုယ်စား တောင်းဆိုတာပါ။ ဘယ်သူ့ဖိအားမှ မပါပါဘူး။ ဒါကို ရှင်းရှင်းလင်းလင်း သိစေပြီး ဒီ ၁၂ ပွင့်ဆိုင်ကို လက်ခံစဉ်းစားဖို့ပါ” လို့ ပြောပြပါတယ်။

အဲ့ဒီ ၁၂ ပွင့်ဆိုင် တွေ့ဆုံရေး လက်ခံစဉ်းစားဖို့ အကြောင်းအရာပါ စာကို ဒီနေ့မှာ NLD ရုံးချုပ်မှတစ်ဆင့် ပေးပို့ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်သာ မက ခြောက်ပွင့်ဆိုင်အတွက် ရွေးချယ်ခံထားရတဲ့ ဘယ်သူမဆို ၁၂ ပွင့်ဆိုင် တွေ့ဆုံရေးကို အထင်လွဲနေမယ် ဆိုရင် ရှင်းလင်းချက်တွေ ပေးပို့သွားမယ်လို့လည်း ပြောဆိုထားပါတယ်။

Credit - The Voice Weekly

No comments:

Post a Comment