Monday, December 15, 2014

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က အတည်ပြုလိုက်သည့် ၁၂ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးအဆိုကို NLD လက်မခံ

ရန်ကုန်၊ ဒီဇင်ဘာ ၁၄-

ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်က အ တည်ပြုလိုက်သည့် ၁၂ ပွင့်ဆိုင်တွေ့ ဆုံဆွေးနွေးရေးကို အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ပါတီအနေဖြင့်လက် မခံကြောင်း ပြောခွင့်ရဗဟိုအလုပ် မှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်း က ပြောသည်။

ဒီဇင်ဘာ ၁၃ နှင့် ၁၄ ရက်များ တွင် ကျင်းပခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပထမအကြိမ် ဗဟိုကော်မတီ စတုတ္ထအစည်းအဝေး အပြီးတွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ယင်းကဲ့သို့ပြောကြား လိုက်ခြင်းဖြစ်သည်။

ဦးဉာဏ်ဝင်းက ''၁၂ပွင့်ဆိုင်ကို ပြည်ထောင်စုလွှတ်တော်မှာ တင်လာ ခဲ့ရင် ကျွန်တော်တို့အနေနဲ့ အသေအ ချာကန့်ကွက်သွားမှာပါ။

NLD က တောင်းဆိုထားတာ လေးပွင့်ဆိုင်လေ။ ဒါကိုကျွန်တော်တို့ လက်မခံပါဘူး''ဟု ၁၂ ပွင့်ဆိုင်နှင့် ပတ်သက်ပြီး မီဒီယာများ၏ မေးမြန်းမှု ကို ဖြေကြားခဲ့ သည်။

ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်ဦးဝင်းမြင့်က ''ဒါကတိုင်းလွှတ် တော်က သူ့ဘာသူ ဆုံးဖြတ်ပြီးအတည် ပြုတဲ့ကိစ္စပါ။ ပြည်ထောင်စုလွှတ် တော်မှာ က ခြောက်ပွင့်ဆိုင်ဆုံးဖြတ် ပြီးလို့သမ္မတဆီကိုတင်ပြီးသွားပြီ လေ''ဟု ပြော သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် က မူဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင် ရေးအတွက် တွေ့ဆုံဆွေးနွေးရန် တောင်းဆိုထား သည့်လေးပွင့်ဆိုင်၊ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲများမဖြစ် စေရန်လမ်းလွှဲသော လုပ်ဆောင်မှု များကိုလက်မခံဘဲစစ်မှန်သည့်တွေ့ ဆုံဆွေးနွေးပွဲနှင့် အမျိုးသားရင် ကြားစေ့ရေးမူကို ဆက်လက်ကိုင်စွဲ သွားမည်ဟု ဒီဇင်ဘာ ၁၃ရက်နေ့ က ပြောကြားခဲ့သည်။

''လွှတ်တော်ကအဆိုပြုသ ဘောတူထားတဲ့ခြောက်ပွင့်ဆိုင်ကိုကျွန်မတို့ထောက်ခံပါတယ်။ဒါပေမဲ့ ဒီလိုဖြစ်မြောက်မယ့် ဆွေးနွေးပွဲတွေ မဖြစ်အောင်လို့ အမျိုးမျိုး လမ်းလွှဲဖို့ လုပ်တဲ့ ခြေလှမ်းတွေလည်း ကျွန်မ တို့ လုံးဝဒါကိုအားမပေးပါဘူး။ မထောက်ခံပါဘူး။

တကယ်အရေး ကြီးတာဟာ စစ်မှန်တဲ့ ဆွေးနွေးပွဲ များပါ။ ကျွန်မတို့က ဗန်းပြဆွေးနွေး ပွဲများကို လိုချင်တာမဟုတ်ပါဘူး''ဟု ယင်းကပြောသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်အနေဖြင့် စတင်တည်ထောင်စဉ် ကာလကတည်းက အမျိုးသားရင်ကြား စေ့ရေးအတွက် တွေ့ဆုံဆွေးနွေးခြင်း နည်းလမ်းဖြင့်သာ လုပ်ဆောင်နိုင် မည်ဟု ယုံကြည်ထားသည့်အတွက် ၂၀၁၃ ခုနှစ်မှစ၍ လေးပွင့်ဆိုင်တွေ့ ဆုံ ဆွေးနွေးရေးကို တောင်းဆိုလာ ခဲ့ခြင်းဖြစ်ကြောင်း၊ လေးပွင့်ဆိုင်တောင်းဆိုရခြင်းသည်လည်း ဆွေးနွေးသည့် နေရာတွင် ပွင့်ပွင့်လင်းလင်းနှင့် ထိ ရောက်စွာ ဆွေးနွေးနိုင်ရန်အတွက် လက်တွေ့ကျကျ တောင်းဆိုခြင်းဖြစ် ကြောင်း ရှင်းလင်းခဲ့သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ် ရေးဦးစီးချုပ်၊ လွှတ်တော် ဥက္ကဋ္ဌနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်သည့် လေးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေး
ရေးကို တောင်းဆိုခဲ့ခြင်းဖြစ်သည်။

သို့သော်ပြီးခဲ့သည့် (၁၁)ကြိမ် မြောက် လွှတ်တော်ပုံမှန် အစည်းအ ဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ခေတ်နှင့်လျော်ညီစွာ ပြင်ဆင်နိုင်ရေးအတွက် သမ္မတ၊ လွှတ် တော်ဥက္ကဋ္ဌနှစ်ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၊ ဒေါ်အောင်ဆန်း စုကြည်နှင့် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦး တို့ ခြောက်ပွင့် ဆိုင် တွေ့ဆုံဆွေးနွေးရန် နိုဝင်ဘာ ၂၅ ရက်တွင် ပြည်ထောင်စု လွှတ်တော် က အတည်ပြုခဲ့သည်။

ယင်းသို့ ပြည်ထောင်စုလွှတ်တော် ကအတည်ပြုပြီးနောက်တွင် တိုင်းရင်း သားကိုယ်စားလှယ်တစ်ဦးတည်း သာပါသည့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းစသည့် တိုင်း ရင်းသားပင်မ ခုနစ်မျိုးကို ထည့်သွင်း ပေးရန်အတွက် ဒီဇင်ဘာ ၉ ရက်က ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေးတွင် အရေးကြီး အဆိုတင်သွင်းသော ကြောင့် ၁၀ ရက်တွင် အဆိုကိုအ တည်ပြုဆုံးဖြတ်ခဲ့သည်။

SYMZ, YM

#Democracytoday


 
 

No comments:

Post a Comment