Sunday, December 14, 2014

ရဲတပ်ဖွဲ့သင်တန်းကျောင်းဆောက်လုပ်ရန် သိမ်းထားသည့်မြေယာကိစ္စ ရွာလေးရွာမှ တောင်သူများကြွေးကြော်ဆန္ဒထုတ်ဖော်

လှိုင်ထွေးအောင်

စစ်ကိုင်း၊ ဒီဇင်ဘာ ၁၂

စွန့်လွှတ်လယ်ယာ မြေများအတွင်းမှ ဧက ၉ဝကို ပြည်ထဲရေး ဝန်ကြီးဌာနမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့သင်တန်း ကျောင်းဆောက်လုပ်ရန် ထပ်မံသိမ်းဆည်း ခြင်းမပြုရန်နှင့် သိမ်းဆည်းပြီးလယ်ယာမြေ များအား လျော်ကြေးပေးရန်အတွက် စစ်ကိုင်း မြို့နယ် မန္တလေး-မုံရွာကားလမ်းမကြီးပေါ် တွင် ရွာလေးရွာမှ တောင်သူများစုပေါင်း၍ ဒီဇင်ဘာ ၉ရက်နံနက် ၉နာရီက စီတန်းလှည့် လည်ဆန္ဒထုတ်ဖော်ကြကြောင်း သိရသည်။


စစ်ကိုင်းမြို့နယ် ညောင်ပင်စဉ်၊ ပဲ ကတိုး၊ မြင်းမွှေး၊ အောင်ချမ်းသာကျေးရွာ များမှ တောင်သူ ၁၄၆ဦးတို့ကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့်လျှောက် ထားသူ ဦးကြည်ဆောင် (ညောင်ပင်စဉ်)က ဦးဆောင်၍ စွန့်လွှတ်လယ်ယာမြေများ အတွင်းမှ ဧက ၉ဝအား ပြည်ထဲရေးဝန်ကြီး ဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲသင်တန်းကျောင်း အတွက် မသိမ်းဆည်းရန်၊ မစွန့်လွှတ်သော လယ်ယာမြေများအတွက် သက်ဆိုင်ရာဝန် ကြီးဌာနမှ လျော်ကြေးပေးရန် နိုင်ငံတော် မှ လယ်ယာမြေများဥပဒေကို လေးစားလိုက် နာရန်၊ တောင်သူလယ်သမားအခွင့်အရေး အား တာဝန်ရှိသူများက လေးစားလိုက်နာ ရန် စာသားများပါသည့် ဗီနိုင်းပိုစတာဆိုင်း
ဘုတ်များကိုင်ဆောင်၍ အောင်ချမ်းသာကျေးရွာ၊ မန္တလေး-မုံရွာ ကား လမ်းဘေးရှိ ဇရပ်တွင် စုရပ်ပြုလုပ်ကြကာ မန္တလေး-မုံရွာကားလမ်း ညောင်ပင်စဉ် ကျေးရွာ ဝါစိုက်ခင်းရုံးရှေ့သို့ အရောက် တွင် စုဝေးကြသည်။

''၁၉၉၇ခုနှစ်မှာ စက်မှုဝန်ကြီးဌာန က စက်ရုံတည်မယ်ဆိုပြီး လယ်မြေ ၁ဝ၉၁ ဒသမ ၄၈ ဧကသိမ်းတယ်။ စက်ရုံနှစ်ရုံပဲ ဆောက်ပြီး ဝါစိုက်ပျိုးတာ မြေဧက ၃ဝဝ ကျော်ပဲသုံးတယ်။ ကျန်မြေထဲက အမှတ်(၁၆) လုံခြုံရေးတပ်ဖွဲ့က ၁၃၂ ဧက ထပ်မံရယူ တယ်။ လက်ရှိ သူတို့သုံးနေတာ ၉၇ ဧက ပဲရှိတယ်။ မသုံးဘဲကျန်တဲ့မြေတွေကို ပြန်လို ချင်တယ်။ သုံးထားပြီးမြေများအတွက်လဲ လျော်ကြေးလိုချင်တယ်။ မြေတွေအတွက် ဆုံးရှုံးနစ်နာမှုတွေများလို့ မရရအောင်ပြန် တောင်းရမှာပဲ''ဟု စီတန်းလှည့်လည်ရာ တွင်ပါဝင်သူ မြင်းမွှေးရွာမှ ဦးထွန်းမြင့်ကြူ က ပြောသည်။

ဆန္ဒထုတ်ဖော်သူများမှာ ဝါစိုက် ခင်းရုံးရှေ့လမ်းဘေးတွင်စုဝေးကာ 'လယ် သမားအခွင့်အရေး လေးစားပေး' ခေါင်းစဉ် ဖြင့် ဟောပြောပွဲပြုလုပ်ကာြေ<ွကးကြော်သံ များ ကြွေးကြော်၍နံနက် ၁၁ နာရီကျော် တွင် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့် လည်ခြင်း ပြီးဆုံးကြောင်းသိရသည်။

|───────────Yangon Media Group ──────────|

www.facebook.com/YangonMediaGroup
www.yangonmedia.com

 
 

No comments:

Post a Comment