မိုရှီဒါယန်း Moshe Dayan (1915-1981), ကို နိုင်ငံရေးကို စိတ်ဝင်စားသူ ခုခေတ်လူငယ်တွေ ကြားဖူးကြမည်မထင်ပါ။ သူ သည် စစ်သူရဲကောင်းဖြစ်၍ အစ္စရေးတပ်မaတာ်၏ စစ်ဗိုလ်ချုပ်ကြီးဖြစ် သကဲ့သို့ နိုင်ငံ ရေးခေါင်းဆောင် လည်းဖြစ်သည်။ သူ့ခေတ် သူ့အခါက ဖြစ်ပွားခဲ့သည့် စစ်ပွဲများတွင် ၂၅ နှစ်တိုင်တိုင် ဝင်ရောက်ဆင်နွှဲခဲ့သူဖြစ်သည်။
အသက် ၁၄ နှစ်ကတည်းက အာရပ်များ ကို တွန်းလှန် တိုက်ခိုက်ကာ ပါလက် စတိုင်း ဒေသတွင် ဂျူးများအခြေချနေထိုင်ရန် ကြိုး ပမ်းမှုတွင် ပါဝင်ခဲ့သည်။ ထိုကိစ္စနှင့်ပတ်သက် ပြီး အာရပ်များကိုစစ်ပြုခဲ့သူ အင်မတန်မျိုး ချစ်စိတ်ရှိသူ အဖြစ် ထင်ရှားသည်။
မိုရှီဒါယန်းသည် ဗြိတိသျှတပ်မတော်တွင် စစ်ပညာသင်ယူခဲ့ပြီး ၁၉၄၁ ခုနှစ်၌ မဟာ မိတ်တပ်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ဆီးရီးယားနှင့် လစ်ဘနွန် တို့ကို ပြင်သစ်တို့၏ လက်အောက်မှလွတ်မြောက်ရန် တိုက်ခိုက် သည့် တိုက်ပွဲ များ တွင် ဗြိတိသျှတို့နှင့်အတူ ပါ ဝင်ဆင်နွှဲခဲ့သည်။ ထိုတိုက်ပွဲတွင် မျက်လုံး တစ်လုံးကွယ်သွားသည်။ ထိုမျက်လုံးကို အ မည်းရောင်အဖုံးတစ်ခုကိုတပ်ကာ မျက်စိတစ်ဖက် လပ်ပုံစံပေါ်လွင်စေသည့် အနေအထားကို သ ဘောကျနှစ်သက် သူဖြစ်သည်။ သို့ဖြစ်၍ မို ရှီဒါယန်းသည် ခေါင်းဆောင်များအကြား၌ သူ၏ မျက်လုံး တစ်ဖက်လပ်ပုံဖြင့် ကျော်ကြား ခဲ့သည်။
အစ္စရေးနိုင်ငံတည်ထောင်ပြီးနောက် သူ သည် စစ်ဗိုလ်ချုပ်အဖြစ် တာဝန်ယူ ခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် အီဂျစ်၊ ဆီးရီးယား၊ ဂျော် ဒန်၊ အီရတ်၊ လက်ဘနွန် စသော အာရပ် နိုင်ငံများနှင့်ဖြစ်ပွားသော ၆ ရက်တိုက်ပွဲတွင် အစ္စရေးသည် သူတို့ထက် အဆမတန် အင် အားကြီးသည့်နိုင်ငံများကို အနိုင်ရခဲ့သည်။ သူ ၏နည်းဗျူဟာတစ်ခုမှာ ရန်သူ၏ တိုက်လေ ယာဉ်များကို ရှောင်တခင် ဗုံးကြဲ ဖျက်ဆီးခြင်း ဖြစ်သည်။ မိုရှီဒါယန်းသည် အီဂျစ်၊ ဆီးရီး ယား၊ ဂျော်ဒန်၊ အီရတ် စသော နိုင်ငံများ၏ လေကြောင်းအင်အားကို ချည့်နဲ့စေကာ စစ်ပွဲ ကို အနိုင် ရရှိခဲ့သည်။
ထိုအချိန်ကစပြီး သူသည် အင်မတန်နာ မည်ကြီးလာကာ အစ္စရေးနိုင်ငံ၏ ကာကွယ် ရေးဦးစီးချုပ်ဖြစ်လာခဲ့သည်။ မိုရှီဒါယန်းသည် မြန်မာပြည်သို့ လည်း ရောက်ရှိလာသေးသည်။ သူသည် ဦးနေဝင်းနှင့်လည်း တွေ့ခဲ့သည်။ သူလာရသည့် အကြောင်းကတော့ ရန်ကုန် မြို့က ဂျူးသချိုင်းနှင့် ပတ်သက်နေ သည်။ ယ နေ့ ဆူးလေရှန်ဂရီလာဟိုတယ် တောင်ဘက် ဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်း ထောင့် (၃၁လမ်းနှင့် ဆူးလေဘုရားလမ်းအ ကြား) မြေ ကွက်လပ်တွင် ဂျူးသချိုင်းရှိသည်။
ထိုဂျူးသချုØင်းကို မိုရှီဒါယန်း လာရောက် အလေးပြုသည်။ အဓိကမှာ မိုရှီဒါယန်း သည် သူတို့လူမျိုးများ၏ ဂူသချိုင်းကို မဖယ်ရှားရန် လာရောက်ညှိနှိုင်းခြင်းဖြစ် သည်။ ဦးနေဝင်း နှင့် သဘောတူညီမှုရရှိဟန်တူသည်။ မိုရှီဒါ ယန်းသည် ထို အချိန်က မာနတံခွန်ထူနေသော စစ်ဗိုလ်ချုပ်တစ်ယောက် ဖြစ်ဟန်တူသည်။ သူ ၏နိုင်ငံငယ်လေးသည် ကြီးမားသော အရှေ့ အလယ်ပိုင်း အာရပ်ကမ္ဘာကို အန်တုနိုင်ခဲ့သည် မဟုတ်ပါလော။
ဒီတော့ ဦးနေဝင်းကို သူပြောသည်။
"အိုင်ဆေး ဦးနေဝင်း ခင်ဗျားတို့ မြန်မာ ပြည်အနေအထားကို ကျုပ်သဘောကျ တယ် ဗျာ။ တောင်တွေကြားမှာ တည်နေတယ်။ တောင်တွေကြားမှာ ခင်ဗျား တို့နေ တယ်။ ခင် ဗျားတို့မှာ ဧရာဝတီမြစ်ကြီးလည်း အလယ် မှာရှိတယ်"
ဦးနေဝင်းက ဘာမှမပြောဘဲ ပြုံးနေလေ သည်။
မြန်မာနိုင်ငံသည် အရှေ့ရိုးမနှင့် အနောက် ရိုးမအကြား တည်နေသည်။ အလယ် ရိုးမ က အကျိုးပြုပါသည်။ အရှေ့ဘက်က ရှမ်းတောင် တန်းကြီးတွေ ရှိသည်။ ဒေါနတောင်တန်းက အဆီးအတားပြုထားသည်။ အလယ်ဘက် တွင် ပဲခူးရိုးမရှိသည်။ ရခိုင်ရိုးမနှင့် ချင်းတောင် တန်းတွေ၊ ကချင်တောင်တန်းတွေ ဒီအကြား တွင် နေကြသည်။ သဘာဝအရင်းအမြစ်တွေ ပေါသည်။ ဧရာဝတီက ဟိမဝန္တာတွင် မြစ်ဖျား ခံသကဲ့သို့ဖြစ်နေလေသည်။
"ကြိုက်တယ်ဗျာ။ ဒီလိုနိုင်ငံလိုမျိုးကို ရ ထားလို့ကတော့ တရုတ်လိုနိုင်ငံကြီးတွေနဲ့ တစ်ပွဲတစ်လမ်းလောက် နွှဲလိုက်ချင်သေးတယ်ဗျာ" ဟု ပြောသွားလေသည်။
ဦးနေဝင်း ပြုံးနေလေသည်။ ဦးနေဝင်း အခွင့်အလမ်းကို ရှာနေသည်။
၁၉၆၇ ခုနှစ်တွင် ဦးနေဝင်းသည် တိုင်း ပြည်ဆန်ရှားသော အရေးအခင်းကို တရုတ် အရေးအခင်းဖြစ်အောင် ဖန်တီးလိုက်သည်။ ထိုအချိန်တွင် ဆန်ဈေးတွေ နှစ်ဆကျော်တက် လာသည်။ အရေးအခင်းတစ်ခု ဖန်တီး မှဖြစ် တော့မည်။ လက်ညှိုးထိုးစရာတရားခံရှာတော့ တရုတ်တွေကိုတွေ့သည်။ ထိုအချိန်တွင် တ ရုတ်တို့သည် အခြားလူတွေထက် စားနိုင် သောက်နိုင် ရှိကြ သည်။ ပြည်မရှိ တရုတ်ကွန် မြူနစ်ပါတီက မော်စီတုံးအတွေးအခေါ်များပါ ဝင်သော Red Book စာအုပ်တွေကို တစ်ကမ္ဘာ လုံးဖြန့်ချိသည်။ မြန်မာပြည် သို့လည်းရောက် လာသည်။ မော်စီတုံး၏ အဆိုအမိန့်များကို ကျောင်း များ တွင်ဖြန့်ဝေသည်။
ရန်ကုန်ရှိ တရုတ်ကျောင်းအချို့သည် ထို Red Book များကို ကျောင်း မတက်မီ ရွတ် ဆိုကြသည်။ ထိုကိစ္စကိုသွေးထိုးကာ ဆူပူ အောင်လုပ်ဆောင်ခဲ့သည်။ တရုတ်အရေးအ ခင်းဖြစ်လာသည်။ ထိုအရေးအခင်းသည် ဆူ ပူမှုအကြမ်းဖက် ပုံ ကိုဆောင်ကာ တစ်ပြည်လုံး သို့ ပျံ့နှံ့သွားသည်။ အထူးသဖြင့် တက္ကသိုလ် ကောလိပ်အထိပျံ့နှံ့ကာ ရန်ကုန်မြို့တွင်းတွင် လူပေါင်းများစွာ သေ သည်။ သို့သော် မှတ် တမ်းမှတ်ရာ အတိအကျမရှိပေ။
ဒီဘက်ခေတ်တွင် ကျွန်တော်တို့သည် ဘယ်သူ့ကိုမှ ကျူးကျော်ရန်စçစရာ မလို သကဲ့ သို့ ကျူးကျော်ရန်စမှုများကိုလည်း ရင်ဆိုင်ရဲ ရပေမည်။
ဝန်ကြီးတစ်ပါးကပြောသည်။ တရုတ်သည် ကျေးဇူးရှင်ပါ။ တရုတ်ကြောက်နေ ရသည်တဲ့။
ဘာကြောင့် ဒီလိုဖြစ်ရသလဲ။
စစ်အစိုးရတက်လာပြီးနောက် မြန်မာပြည် စီးပွားရေး ချွတ်ခြုံကျနေသည့် အချိန်တွင် တ ရုတ်တို့ စီးပွားရေးတိုးတက်သည့်ကာလနှင့် တိုက်ဆိုင်နေသည်။ အထူးသဖြင့် တရုတ်တို့ သည် တိုးတက်မှုကိုမြှင့်တင်နိုင်ရန်အတွက် စွမ်းအင် များစွာ လိုသည်။ ကုန်ကြမ်းများလည်း လိုအပ်နေသည်။
စွမ်းအင်ရရှိရန် မြစ်ဆုံစီမံကိန်းကို ထိုစဉ် က အုပ်ချုပ်လျက်ရှိသော စစ်အစိုး ရနှင့်စာ ချုပ်ကာ လက်မှတ်ထိုးသည်။ တစ်ဖက်က လည်း ကြေးနီသတ္တုတွင်း အတွက် လက်ပံ တောင်းတောင်စီမံကိန်းများကို လက်မှတ်ထိုး သည်။ မြစ်ဆုံ စီမံကိန်းဆိုသည်မှာ ဧရာဝတီ မြစ်ဖျားခံရာ မေခနှင့်မလိခ မြစ်နှစ်သွယ်ဆုံ ရာနေရာတွင် ရေကာတာ ၇ ခုဆောက်ကာ မဂ္ဂါဝပ် ၇ç၀၀၀ အထိ ထုတ် ရန်ဖြစ်သည်။ မြန်မာနိုင်ငံကို ၁ç၈၀၀ မဂ္ဂါဝပ်ကိုပေးကာ ကျန်တာကို တရုတ် သို့ပေးရန်ဖြစ်သည်။ နှစ် ၃၀ စီမံကိန်းဖြစ်သည်။ ဆိုလိုသည်မှာ နှစ် ၃၀ ကြာခါမှ မြန်မာတို့ပိုင်ရပါမည်။ ထိုအ ချိန်တွင် ဓာတ်အားပေးစနစ် ဘုံးဘုံး ကျနေ လောက်ပါပြီ။ ထို ဆည် ၇ ခုသည် ပြဿနာ များစွာကို ဖြစ်စေနိုင်သည်။ ငလျင်ကြောနှင့် နီးကပ်သောနေရာတွင်ရှိပြီး ဆည်တစ်ခုပြိုပါ က ဆည်အားလုံး နီးပါး ပြိုကျနိုင်သည်။ ထို သို့ပြိုကျပါက မြစ်ကြီးနားမြို့ မိနစ်ပိုင်း အတွင်း ရေအောက်ရောက်သွားပေမည်။
မြစ်ဆုံသည် မြန်မာတို့အတွက် စီးပွားရေး၊ နိုင်ငံရေး၊ သဘာဝ ပတ်ဝန်းကျင် အတွက် အင် မတန်အရေးပါသော ဧရာဝတီမြစ်၏ ဦးခေါင်း ပိုင်းတွင် တည်နေသည်။ ဧရာဝတီကို မြန်မာ တို့ အထိမခံလိုပါ။ ထို့အတွက် ပွင့်လင်းမြင် သာလာသော ၂၀၁၁ ခုနှစ် စစ်အစိုးရက အ ရပ်သားအစိုးရသို့ အာဏာ လွှဲပြောင်းအပြီး နိုင်ငံတစ်လွှား ပထမဦးဆုံး ကျယ်လောင်လှ သည့်ဆန္ဒပြမှု များ ဖြစ်လာလေသည်။ ထိုအ သံကို သမ္မတကြီးဦးသိန်းစိန်က လက်ခံကာ မိမိ သမ္မတသက်တမ်းတွင် မြစ်ဆုံစီမံကိန်းကို ရပ်တန့်စေမည်ဟု ဆိုကာ မြစ်ဆုံရေ ကာတာ ကိစ္စကို ရပ်တန့်စေခဲ့သည်။
ဒုတိယ မြန်မာနှင့်တရုတ်တို့ ထိပ်တိုက် တွေ့ရသည်မှာ လက်ပံတောင်းတောင် ကြေး နီစီမံကိန်းကိစ္စဖြစ်သည်။ ကြီးမားသော ထို စီမံကိန်း သည် ရွာ ၃၀ ကျော်နှင့် အနီးကပ် တွင်တည်နေသည်။ လယ်ယာများ ကို စီမံကိန်း မြေအနေဖြင့် သိမ်းယူသည်။ ရွာအနီး တူး သောမြေများ လာပုံ သည်။ ဖုန်မှုန့်များ အက် စစ်ငွေ့များကလည်း ပတ်ဝန်းကျင်ရွာများကို သိသိသာသာ ထိခိုက်စေသည်။ ခေတ်အဆက် ဆက်က ကြေးနီ တူးသောနေရာဖြစ်သော်လည်း ကြီးကျယ်သည့် ကန့်ကွက်မှုများမရှိခဲ့ဖူးပါ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၏ အ ဓိကပြဿနာမှာ ရွာများနှင့် အလွန်နီးကပ်စွာ တည်ရှိပြီး စီမံကိန်းပမာဏကြီးမားသောကြောင့် ဟု သုံးသပ် မိသည်။
တစ်ချိန်တည်းတွင် ရွာသူရွာသားများနှင့်ဘုန်း တော်ကြီးများပါဝင်သော သပိတ် စခန်းကို ဖြို ခွဲသည့်ကိစ္စဖြစ်သည်။ ဖော့စဖရပ်စ်ပါသော ဗုံးများသုံးကာ ဖြိုခွဲ သည် ဟု အစီရင်ခံစာတွင် ပါဝင်သည်။ ထိုဗုံးသည် လူထုအတွက် အဓိ ကရုဏ်းဖြိုခွဲရာတွင် သုံးခွင့်မရှိပေ။
ထိုပြဿနာသည်လည်း မအေးလှပေ။ အခြားသော ဓာတ်သတ္တုတူးဖော်မှုလုပ်ငန်း ကိစ္စကိုလည်း ပြည်သူများက မကျေနပ်ပေ။ ဘိလပ်မြေစက်ရုံများ ကိုလည်း ပြည်သူတွေ က အသစ်တည်ဆောက်ရန် မလိုလားပေ။ လတ်တလော မှာတော့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံပြဿနာဖြစ်သည်။ ထိုစက်ရုံ ၉ ရုံ၊ ၁၀ ရုံကို မြန်မာပြည်တွင် ဆောက်ဖို့ စိုင်းပြင်းနေသည်။
တစ်ချိန်တည်းမှာ ထိုင်းက မဲမောက်စက်ရုံ ကိုဖျက်သည်။ တရုတ်က စက်ရုံ ၅,၀၀၀ ကို ဖျက်မည်ဟု ကြေညာသည်။ ထိုကျောက်မီး သွေးသုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံများသည် သဘာဝပတ်ဝန်းကျင်ကိုအကြီးအကျယ် ထိခိုက် စေသည်ဟု အားလုံးသဘောပေါက်နိုင်သည်။
အထူးသဖြင့် တရုတ်သည် ကိုယ်ကျိုးစီး ပွား အလွန်ကြည့်သော နိုင်ငံဖြစ်သည်။ စွမ်း အင် အင်မတန်လိုနေသော ( Energy Hungry ) ဖြစ်နေသည့်နိုင်ငံဖြစ် သည်။ သူတောင် သူ၏စက်ရုံများကို ဖျက်ပါတော့မည်။ ဘာ ကြောင့် ကျွန်တော် တို့က ပတ်ဝန်းကျင်ကို ဒုက္ခပေးသော ဒီလိုစက်ရုံတွေကို လက်ခံရ မည်နည်း။
အက်စစ်မိုးတွေရွာမည်။ ကျန်းမာရေးထိ ခိုက်မည်။ ဒီအတွက် တရုတ် က ကျောက်မီး သွေးသုံးရန် လက်လျှော့သွားသည်။ ကျွန် တော်တို့တွင် သန့်ရှင်းသောစွမ်းအင်ကို ထုတ် ပေးသည့် သဘာဝဓာတ်ငွေ့အလျှံ အပယ် ကို ရောင်းစားနေကြသည်။ ပြီးတော့ ကျောက်မီး သွေးဓာတ်အားပေးစက်ရုံကို Clean Coal Technology ဖြင့် တည်ဆောက်မည်ဟုဆိုသည်။
ကျွန်တော်တို့ ဒီလိုလုပ်လျှင် နိုင်ငံခြားမှ အင်သရာဆိုက် ကျောက်မီးသွေး အကောင်းစားကို ဝယ်ရပေမည်။ ကျောက်မီးသွေးဓာတ် အားပေး စက်ရုံ စီမံကိန်းသည် အားနည်းကြောင်း အားလုံးသိကြပါသည်။ ငွေကြေး လာဘ် လာဘ ကိုကြည့်ပြီး ခွင့်ပြုရန်မသင့်ဟု ဝေဖန်နေကြ ပါသည်။
လောဘကို သိမ်းကြပါ။ လောဘ သိမ်းနိုင်လျှင် တရုတ်ကိုလည်း ကြောက်စရာ မလိုပါ။ မိုရှီဒါယန်းလို စစ်ပွဲနွှဲရန်မလိုပါ။ ဦး ခေါင်းလေးတော့ မော့ထားပါ။ မကြောက်ကုန်လင့်ဟု တိုက်တွန်းပါ၏။
Credit - The Ladies News Journal

No comments:
Post a Comment