Wednesday, December 17, 2014

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဒီဇင်ဘာ ၂၂ရက် တွင် ဆွေးနွေးပွဲကျင်းပရန် သဘောတူ

ရန်ကုန်၊ ဒီဇင်ဘာ ၁၆-နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲမှု လက်မှတ် ရေးထိုး နိုင်ရေး အတွက် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ၏ ဆွေးနွေး ပွဲကို လာမည့် ဒီဇင်ဘာ ၂၂ရက်တွင် ရန်ကုန်မြို့၌ ကျင်းပသွား မည်ဖြစ်ကြောင်း မြန်မာငြိမ်းချမ်း ရေးစင်တာ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေ က ပြောသည်။

အစိုးရ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်း ကော်မတီ UPWC နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ NCCT တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ များ ဆက်လက်ပြုလုပ်နိုင်ရေးအ
တွက် မြန်မာငြိမ်း ချမ်းရေးစင်တာမှ တာဝန်ရှိသူများနှင့် NCCT အဖွဲ့မှ တာဝန်ရှိသူများသည် ထိုင်းနိုင်ငံ ချင်း မိုင်မြို့၌ နှစ်ရက်ကြာ တွေ့ ဆုံဆွေး နွေးခဲ့ကြပြီး ဆွေးနွေး ပွဲများဆက် လက်ကျင်းပရန် သဘောတူခဲ့ ခြင်းဖြစ် ကြောင်း ဦးလှမောင်ရွှေ က ပြောသည်။

''ဒီဇင်ဘာ ၂၂နဲ့ ၂၃ နှစ်ရက် မှာတွေ့ဖို့ သဘောတူတယ်။ သူတို့ ကတော့ တကယ့်ဆွေးနွေးမှုလို့ ခေါင်းစဉ်မတပ်ချင်ဘဲ ညှိနှိုင်းဆွေး နွေးပွဲလို့ပဲ တပ်ချင်တဲ့အတွက် အဲဒီ ခေါင်းစဉ်နဲ့ပဲ ကျင်းပဖြစ်မယ်'' ဟု ဦးလှမောင်ရွှေ က ပြောသည်။

လာမည့် ဒီဇင်ဘာ ၂၂ရက် တွေ့ဆုံပွဲတွင် နှစ်ဖက်ပူးပေါင်းရေး ဆွဲပြီး ဆွေးနွေးမှုပြု လုပ်နေသည့် အပစ်အခတ်ရပ်စဲမှုဆိုင်ရာ မူကြမ်း NCA ကိစ္စအပြင် ပြီးခဲ့သည့် နိုဝင် ဘာ ၁၉ ရက်က ဖြစ်ပွားခဲ့သည့် လိုင် ဇာတိုက်ခိုက် မှုနှင့် ပတ်သက်၍လည်း ဆွေးနွေးရန် သဘောတူ ထားကြောင်း နှစ်ဖက် တာဝန်ရှိသူများက ပြောသည်။

ယင်းညှိနှိုင်းဆွေးနွေးပွဲပြီးမှ သာ ဆွေးနွေးမှုအပေါ်မူတည်ပြီး အစိုးရနှင့် သတ္တမအကြိမ်မြောက် ဆွေးနွေးမှုကို ပြုလုပ်နိုင်မည်၊ မပြု လုပ်နိုင်မည်ကို ဆုံးဖြတ်နိုင်မည်ဖြစ် ကြောင်း အင်န်စီစီတီအဖွဲ့ဝင် ဗိုလ်မှူး ကြီး ခွန်ဥက္ကာက ဘီဘီစီ မြန်မာပိုင်း ကို ပြောဆိုသည်။

နှစ်ဖက်ရေးဆွဲထားသည့် အ ချက် ၁၂၂ပါ အပစ်အခတ်ရပ်စဲရေးဆိုင် ရာ မူကြမ်းတွင် အချက်ရှစ်ချက်သာ သဘောတူညီမှုရယူရန် ကျန်ရှိနေ သည်။

STAL
‪#‎Democracytoday‬

No comments:

Post a Comment