Monday, December 15, 2014

အပြုသဘောဆောင်သည့်စိတ်ဓာတ်ဖြင့် ပူးပေါင်း ဆောင်ရွက်သင့်သည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ အားလုံးနှင့် ပူးပေါင်းဆောင် ရွက်မည် ဟု ဒေါ်အောင်ဆန်းစုကြည် ဆို

ရန်ကုန်၊ ဒီဇင်ဘာ ၁၄-နိုင်ငံနှင့် ပြည်သူအတွက် အပြုသဘောဆောင် သည့်စိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင် ရွက်သင့်သည့် ပုဂ္ဂိုလ်များ၊ အဖွဲ့အ စည်းအားလုံးနှင့် ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည် က ပြောသည်။

''ကျွန်မတို့ပြည်သူတွေကိုလဲ ဒုက္ခမခံစေချင်ဘူး။ အားလုံးဟာ အေးအေးချမ်းချမ်း သာသာယာယာ နဲ့ နေနိုင်ဖို့အတွက် ကျွန်မတို့ရဲ့ နိုင်ငံ ချမ်းသာဝပြောဖို့အတွက် ဒါကို ပဲကျွန်မလိုလားတာဖြစ်ပါတယ်။ ဒီတော့ အပြုသဘောဆောင်တဲ့ စိတ်ဓာတ်နဲ့ ဆက်ပြီးတော့အားလုံး နဲ့ ပူးပေါင်းဆောင်ရွက်သင့်တဲ့ ပုဂ္ဂိုလ် များ၊ အဖွဲ့အစည်းများအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ပါမယ်'' ဟု ဒေါ် အောင်ဆန်းစုကြည် က ပြောသည်။

ဒီဇင်ဘာ ၁၄ရက်တွင်ကျင်းပ သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် ပထမအကြိမ်ဗဟိုကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးနောက် ဆုံးနေ့တွင် ယင်းကဲ့သို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲကာလ တွင် အောင်ပွဲခံမည့် ပါတီမှာ မည် သည့်ပါတီမှမဟုတ်ဘဲ ရွေးကောက် ပွဲအောင်ပွဲခံမည့်သူများသည် ပြည် သူများသာ ဖြစ်ရမည်ဟု ဒေါ်အောင် ဆန်းစုကြည်ကပြောသည်။

''၂၀၁၅ခုနှစ်ဟာ ရွေးကောက် ပွဲလုပ်မယ့်နှစ်လို့ ဒီလိုပဲအားလုံးဟာ ယူဆထား ပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ရှိရင် ကျွန်မပြောချင် တာက ရွေးကောက်ပွဲ မှာ အောင်ပွဲ ခံရမယ့်သူတွေဟာ ပြည်သူတွေ ပဲ ဖြစ်စေရ မယ်လို့ မနေ့ ကပြောသွား တဲ့အတိုင်းပဲ ထပ်ပြီးတော့ ပြောပါ ရစေ ။ ရွေးကောက် ပွဲမှာ အောင်ပွဲ ခံမယ့်သူတွေဟာ ပြည်သူတွေပဲဖြစ် ရပါမယ်။ ဟိုပါတီ၊ ဒီပါတီတွေလဲ မဟုတ်ဘူး။ ပြည်သူတွေပဲ ဖြစ်ရ မယ်။ ပြည်သူတွေက ယုံကြည်ကိုး စားအားထားတဲ့ပါတီဟာ ပြည်သူ့ ရဲ့တာဝန်ကို ထမ်းဆောင် နိုင်မယ်ဆို ရင် ဒီနိုင်ငံအတွက် အများကြီး ကောင်း မှာဖြစ်ပါ တယ်''ဟု ယင်းက ဆိုသည်။

အမျိုးသား ဒီမို ကရေစီအဖွဲ့ ချုပ်ဗဟိုကော်မတီ စတုတ္ထအကြိမ် အစည်းအဝေး တွင် တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင် ဆင်ရေးတို့ကို ဆက်လက်လုပ်ဆောင် ရန် ထပ်မံအတည်ပြုခဲ့သည်။

ယင်းအပြင် ၂၀၁၅ ခုနှစ်ကို ပါတီစည်းရုံးရေးနှစ်အဖြစ် သတ်မှတ် ခဲ့ပြီး ဗိုလ်ချုပ်ရာပြည့်နှစ်အဖြစ် အထိမ်းအမှတ်ပွဲများကို နိုင်ငံအဝန်း လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

YM,SYMZ
‪#‎Democracytoday‬

No comments:

Post a Comment