Thursday, December 18, 2014

၂၀၁၅ ရွေးကောက်ပွဲမှ တက်လာမည့် အစိုးရကို သိက္ခာရှိသောအစိုးရ ဟု ပြော ဆို နိုင်ရန် ကော်မရှင်က

၂၀၁၅ ရွေးကောက်ပွဲမှ တက်လာမည့် အစိုးရကို သိက္ခာရှိသောအစိုးရ ဟု ပြော ဆို နိုင်ရန် ကော်မရှင်က ဥပဒေနှင့်အညီဆောင်ရွက်ရန် လိုအပ် ပြီး ရွေးကောက် ပွဲစောင့်ကြည့်လေ့လာမည့်အဖွဲ့အစည်းများ၏ အစီရင်ခံစာ ကလည်း အရေးကြီးဟုဆို
======================================================
ရန်ကုန်၊ ဒီဇင်ဘာ ၁၇- ၂၀၁၅ ရွေးကောက်ပွဲမှတက်လာမည့် အစိုးရ ကို သိက္ခာရှိသော အစိုးရဟုပြောဆို နိုင်ရေးမှာ ကော်မရှင် အနေဖြင့် ဥပဒေနှင့် အညီဆောင်ရွက်ပေးရန် လိုအပ်သကဲ့သို့ ရွေးကောက်ပွဲစောင့် ကြည့် လေ့ လာမည့်အဖွဲ့အစည်းများ ၏ အစီရင်ခံစာမှာ အရေးကြီးကြောင်း ပြည်ထောင် စုရွေးကောက် ပွဲကော် မရှင်ဥက္ကဋ္ဌက ပြောသည်။

ရွေးကောက်ပွဲကော်မရှင် အ နေဖြင့်လည်း ရွေးကောက်ပွဲဥပဒေ နှင့်အညီ တရားမျှတသည့် ရွေး ကောက်ပွဲ လုပ်ပေးမည်ဖြစ်ကြောင်း၊ ယင်းဥပဒေကို နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် မီဒီယာများကိုလည်း ပို့ချပေးမည် ဖြစ်ကြောင်း၊ ဥပဒေနှင့်အညီ နိုင်ငံရေး ပါတီများ အမှားကျူးလွန်ပါ က ထောက်ပြရမည်ဖြစ်သလို ကော်မရှင် မှားယွင်းနေပါက လည်း စောင့်ကြည့် လေ့လာ ကြမည့် အရပ်ဘက်လူမှု အဖွဲ့အစည်းများ ကထောက်ပြ ပြော ဆိုနိုင်ကြောင်းယင်းက ဆက်လက် ပြောသည်။

''ရွေးကောက်ပွဲစောင့်ကြည့် လေ့လာတဲ့ Observer Report ကသိပ်အရေး ကြီး တယ်။ Observer Report ကလွတ်လပ်မျှတ တဲ့ ရွေး ကောက်ပွဲဖြစ် မယ်ဆို ရင် နောင်တက် မယ့်အစိုးရကသိက္ခာရှိတဲ့ အစိုးရဖြစ် မှာပဲ။ ကျွန်တော့် အနေနဲ့လဲ သိက္ခာ မဲ့တဲ့ အစိုးရမဖွဲ့စည်းစေချင် ဘူး''ဟု ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။

ဒီဇင်ဘာ ၁၆ရက်က မီကာဆာ ဟိုတယ်တွင်ပြုလုပ်သော ပြည် ထောင် စုရွေးကောက် ပွဲ ကော်မရှင် နှင့်အရပ်ဘက် လူမှုအဖွဲ့ အစည်းများ တွေ့ဆုံ ပွဲတွင် ယင်းသို့ ပြောခြင်း ဖြစ်သည်။

''ပါတီတွေ အမှားလုပ်လဲ ပါတီ ကို ပြောရမယ်။ ကော်မရှင်မှားနေ လဲ ကော်မရှင်ကိုထောက်ပြဖို့ အရပ် ဘက် လူမှုအဖွဲ့အစည်းတွေက ကြား နေရမယ်။ ဒီလိုလုပ်မှအမှားအယွင်း တွေ နည်းမယ်''ဟု ဦးတင်အေးက ပြောသည်။

ယင်းအပြင်၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကိုစောင့်ကြည့်လေ့ လာကြမည့် အရပ်ဘက်လူမှုအဖွဲ့အ စည်းများအနေဖြင့်လည်း နိုင်ငံရေး အသွေးအရောင် ကင်းရှင်းရန်နှင့် ပါတီစွဲ ပုဂ္ဂိုလ်စွဲကင်းရှင်းရန် လိုအပ် မည်ဖြစ်ကြောင်း ယင်းကဆို သည်။

''အစတုန်းက ပါတီဝင်မဟုတ် ရဘူးဆိုပြီးပြောတယ်။ ပါတီဝင် မ ဟုတ်ရဘူးဆို တာတော့ မကောင်း ဘူး။ ပါတီစွဲကင်းရှင်းရမယ်ဆို တာ တော့ ကောင်းတယ်။ လက်ခံပေးလို့ ရပါတယ်''ဟု မြန်မာနိုင်ငံလွတ်လပ် ၍တရားမျှ တသော ရွေးကောက် ပွဲ စောင့်ကြည့်ရေးကွန်ရက်၏ အထွေ ထွေ အတွင်းရေးမှူး ဒေါ်ဇင်မာဦးက ပြောသည်။

NTDW
‪#‎Democracytoday‬

No comments:

Post a Comment