စိုင်းထွန်းအောင်လွင် | ရန်ကုန်၊ ဒီဇင်ဘာ ၁၂
အစိုးရနှင့်တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များအကြား နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲမှုပြုလုပ် နိုင်ရေးအတွက်ဆွေးနွေးမှုများတွင်
သဘော တူညီ မှုရယူရန် ကျန်ရှိနေသည့်အချက်ရှစ် ချက်အနက် အချက်ငါးချက်ကို
အကြိုဆွေး နွေးမှုပြုလုပ်စဉ် သဘောတူညီမှုရယူထားပြီး ဖြစ်ကြောင်း ဝန်ကြီး
ဦးအောင်မင်းက ဖလား ဝါးနယူးစ်ဂျာနယ်သို့ ပြောသည်။
''ကျွန်တော်အတတ်နိုင်ဆုံးဗျာ
ဘယ်အချက်ဘယ်အချက်ဆိုတာ တိတိကျ ကျမပြောချင်ဘူး။ အလုပ်အဖွဲ့တွေဆွေးနွေး
တဲ့အခါမှာ အချက်ငါးချက် လောက်က သ ဘောတူပြီးသာ ဖြစ်ပါတယ်။ နောက်ထပ်
သုံးချက်လောက်တော့ ပြန်ဆွေးနွေးဖို့ကျန် တယ်''ဟု သမ္မတရုံးဝန်ကြီး
ဦးအောင်မင်း က ဒီဇင်ဘာ ၁၂ ရက်က ရန်ကုန်တက္ကသိုလ် ပရဝဏ်အတွင်းရှိ
စိန်ရတုခန်းမ၌ကျင်းပ သည့် မြန်မာပြည်သူ့ဖိုရမ်ခေတ္တရပ်နားချိန် တွင် ဖလားဝါးနယူးစ်၏မေးမြန်းမှုကို ဖြေကြား သည်။
အစိုးရနှင့်တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များအကြား နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးလက်မှတ်ရေးထိုးမှုပြု
လုပ်နိုင်ရေးအတွက် ဆွေးနွေးမှု များပြုလုပ် နေရာ ဆဋ္ဌမအကြိမ်မြောက်
ဆွေးနွေးပြီး ခဲ့ချိန်အထိ အချက်ရှစ်ချက် မှာ သဘောတူ ညီမှု
ရယူရန်ကျန်ရှိနေသည်။
အစိုးရ၏ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု
လုပ်ငန်းကော်မတီ UPWC နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏
အန်စီစီတီတို့ပူး ပေါင်းရေးဆွဲထား သော အပစ်ခတ်ရပ်စဲမှု ဆိုင်ရာမူကြမ်းတွင်
အခန်းခုနစ်ခန်းပါရှိပြီး အချက် ၁၂၂ ချက်ရှိကြောင်း သိရသည်။
ယင်းအချက်များတွင် နိုင်ငံရေး ဆွေးနွေးပွဲပြီးမှ တပ်ပိုင်းဆိုင်ရာနှင့်
လုံခြုံ ရေး ဆိုင်ရာပေါင်းစည်းရေးအတွက် လက် နက်ဖြုတ်သိမ်းခြင်းပြုလုပ်ရန်၊ ပြည်ထောင်စု တပ်မတော်ဖွဲ့စည်းရေးနှင့်ပတ်သက်ပြီး
နိုင်ငံ ရေးဆွေးနွေး ပွဲတွင် ထည့်သွင်းဆွေးနွေးခွင့် ပြုရန်၊
တပ်နေရာချထားရေး၊ နိုင်ငံရေးအရ သဘောတူ ညီမှု မရသေးသည့်ကြားကာလ အတွင်း
တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့ များပုံမှန်ရပ်တည်နိုင်ရေးအတွက်
လုပ်ပိုင် ခွင့်သတ်မှတ်နိုင် ရေးကြား ကာလ အစီစဉ်များ၊
နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်ရမည့် အစုအဖွဲ့ များ စသည့် ကိစ္စရပ်များမှာ
အဓိက အနေဖြင့် ပါဝင်နေသည်။ ယင်းအချက်များ အနက် တပ်ပိုင်းဆိုင်ရာနှင့်လုံခြုံရေးဆိုင် ရာ ပေါင်းစည်းရေးအတွက် လက်နက် ဖြုတ် သိမ်းခြင်းကို နိုင်ငံရေးဆွေးနွေးပွဲပြီးမှ
ပြုလုပ်ရန်ဆိုသည့် အချက်ကို ပြီးခဲ့သည့် အကြို ဆွေးနွေးမှုများတွင်
သဘောတူထားကြောင်း လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များ၏
ပြောဆိုချက်ကိုကိုးကားပြီး ဧရာဝတီ သတင်းဌာနက ဖော်ပြထားသည်။
အစိုးရ၏ပြည်ထောင်စုငြိမ်းချမ်း ရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီ UPWC နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ၏အန်စီစီတီတို့၏ဆွေးနွေးပွဲကို လာမည့် ဒီဇင်ဘာလတတိယပတ်အတွင်းကျင်းပရန် စီစဉ်ထားကြောင်း သိရ သည်။
Flower News Journal အတွဲ(၁၀) အမှတ် (၄၉)
----------------------------------------------------
|───────────Yangon Media Group ────────────|
No comments:
Post a Comment