Tuesday, December 16, 2014

မထိခလုတ် ထိခလုတ် (ဆောင်းပါး)

- ကျော်ဆွေ(ခင်ဦး)

လွန်ခဲ့တဲ့ အနှစ် ၃ဝ က မြန်မာ ပြည်အလယ်ပိုင်း အပူပိုင်း ဇုန်မှာရှိတဲ့ မင်းဘူးမြို့က မြို့နယ်စည် ပင်သာယာရုံးမှာ ဒေသအခေါ် အိုဗာစီ ယာ (ဒုလက်ထောက်အင်ဂျင်နီယာ) ရာ ထူးနဲ့ ကျွန်တော် အလုပ်စတင်ဝင်ရောက် ခဲ့ပါတယ်။

အလုပ် စတင်ဝင်တဲ့နေ့မှာ ဌာနအကြီးအကဲကို သတင်းပို့ပြီး ကိုယ် အလုပ် လုပ်ရမယ့် နေရာရောက်တဲ့အ ခါမှာ ရေအိုးတွေ့တာနဲ့ ရေတစ်ခွက် ခပ် သောက်ဖို့ ရေအိုးဖုံးလှန်ဆဲမှာပဲ စာရေး မကြီးက မသောက်ဖို့
တားပါတယ်။ ပြီး မှ ရုံးခန်းထဲမှာထားတဲ့ ရေအိုးက ရေကို ခပ်တိုက်ပါတယ်။ ဘာကြောင့် အပြင် က ရေအိုးကရေကို မသောက်ကြတာလဲ မေးတော့ အလုပ်သမားတွေ သောက် ဖို့ ထားတာလို့ပဲ ဖြေပါတယ်။

ညနေရုံးဆင်းတော့ နေ့လယ် က သောက်ရေအိုး နှစ်အိုးထားတဲ့ ကိစ္စ ကို စာရေးကြီးက ရှင်းပြပါတယ်။ ၁၉၆ဝ ပြည့်နှစ်ခန့်က ဖဆပလခေတ်မှာ သူ တောင်းစားပပျောက်ရေး စီမံချက်ကို အ စိုးရက အကောင်အထည်ဖော်တဲ့ အခါ တောင်းစားသူမိသားစုများမှ အလုပ် လုပ် နိုင်သူ ယောက်ျားတချို့ကို သန့်ရှင်းရေး လုပ်သားတွေအဖြစ် မြို့နယ်စည်ပင်သာ ယာရေး အဖွဲ့တွေမှာ အလုပ်ပေးခဲ့ကြ ပါတယ်။

ဒါကြောင့် အလုပ်သမားတွေထဲ မှာ တောင်းစားခဲ့သူတွေ ပါတဲ့အတွက် သူတို့သောက်တဲ့ရေအိုးနဲ့ အခြား ရုံးသူ ရုံးသားတွေသောက်တဲ့ရေအိုးကို သပ်သပ်ခွဲထားတာလို့ ဆိုပါတယ်။

သန့်ရှင်းရေးအလုပ်သမားများကို ရုံးက အလုပ်သမား တန်း လျားမှာ ထားပါတယ်။ သူတို့ရဲ့ ဆွေမျိုးတွေက အလုပ်သမားတန်းလျား နားမှာ တဲတွေထိုးကာနေကြပြီး လူ ၄ဝ ခန့်က တောင်းစားမြဲ တောင်းစား နေဆဲဖြစ်ပါတယ်။

ရွှေစက်တော်ဘုရားပွဲကျင်းပတဲ့အချိန်၊ အလှူလုပ်ချိန်၊ မင်္ဂလာဆောင်တွေရဲ့ မဏ္ဍပ် အဝင်အထွက်တွေမှာ သူတို့ ပုံမှန်တောင်း စားလေ့ ရှိကြပါတယ်။ အဲဒီအချိန်က သူတောင်းစားပပျောက်ရေး စတင်တဲ့ နှစ်နဲ့ တွက်ကြည့်ပါက ၂၄ နှစ်ခန့် ရှိပါပြီဆိုတော့ သူတောင်းစား ပပျောက် ရေးလုပ်တာနဲ့မတူဘဲ သူတောင်းစားတွေကို ဆွေမျိုးအုပ်စုလိုက် နေရာ ပြောင်းပေးထားသလို ဖြစ်နေပါတယ်။ တောင်းရမ်းစားသောက်သူတွေကို အရေးယူတဲ့ ဥပဒေတွေ စည်းမျဉ်းတွေ(Bylaw) ရေးဆွဲပြဋ္ဌာန်းတဲ့ ဌာန က စည်ပင်သာရေးအဖွဲ့ ဖြစ်ပါတယ်။

သို့သော် ကိုယ့်ဌာနက ဝန်ထမ်းတန်း လျားအနီးမှာ ကျူးကျော်နေထိုင်ပြီး တောင်းစားနေတာကို ဘာကြောင့် အရေးယူ စီမံခန့်ခွဲမှု မလုပ်ကြတာလဲဆိုတာ ယနေ့အထိ မတွေးတတ်ခဲ့ ပါဘူး။

၂ဝ၁၄ ခုနှစ် အောက်တိုဘာလဆန်းမှာ ကျွန်တော် မင်းဘူးမြို့ကို ပြန်ရောက်တဲ့အခါမှာ တောင်းစားတဲ့သူ ခြောက်ဦးခန့်ရှိသေးပြီး သူတို့ မိသားစုဝင်ကလေးတွေရဲ့ ရာခိုင်နှုန်း ၃ဝ က ကျောင်းမနေကြဘူးလို့ သိ ရပါတယ်။ သူတောင်းစားပပျောက်ရေးစီမံချက် ရေးဆွဲအကောင်အထည် ဖော်ခဲ့တာ ရာစုနှစ် တစ်ဝက်ကျော်သော်လည်း ယနေ့အထိ တောင်းစားသူ မိသားစုများ ရှိနေဆဲ ဖြစ်ပါတယ်။

ယခင်က မင်းဘူးမြို့မှာ စနေနံရပ်ကွက်ဆို တာ ရှိပါတယ်။ ဆေးစားရပ်ကွက်လို့လည်း ခေါ်ကြပါ တယ်။ အနာကြီးရောဂါသည် မိသားစုများရှိတဲ့ ရပ်ကွက် ဖြစ်ပါတယ်။ ၁၉၈၅ ခုနှစ်ခန့်က အနာကြီးဖြစ်သူ တစ် ဦးကို တစ်လ ၁ဝ ကျပ် ထောက်ပံ့တာနဲ့ ကျန်းမာရေး ဌာနက လစဉ် ဆေးပေးတဲ့ အစီအစဉ်တွေ ရှိပါတယ်။ အဆိုပါရပ်ကွက်မှာ ရေနံတွင်းတစ်တွင်းတူးဖို့ စီစဉ် တာလေး ကျွန်တော် မှတ်မိတာ ရေးပြလိုက်ပါတယ်။

ရေနံတွင်းတစ်တွင်း ဘယ်နေရာမှာ တူးရ မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို မြန်မာ့ရေနံရုံးချုပ်က သတ် မှတ်ပါတယ်။ ဒီလိုသတ်မှတ်တဲ့နေရာကို မင်းဘူးမှာရှိ တဲ့ မန်းရေနံမြေနဲ့ ထောက်ရှာပင်ရေနံမြေက တာဝန် ရှိတဲ့ တွင်းတူးအဖွဲ့ တစ်ဖွဲ့ဖွဲ့က မြေပြင်မှာ တူးဖော်ရ ပါတယ်။

ဒါကြောင့် ရုံးချုပ်မှ တူးခိုင်းတဲ့နေရာသည် တစ်ခါတစ်ရံ လူနေရပ်ကွက်အတွင်း ရှိနေတတ်ပါတယ်။ အဲဒီလိုဖြစ်တဲ့အခါ ရေနံမြေမှ အင်ဂျင်နီယာများက တွင်း တူးမယ့်ဧရိယာအတွင်းက အဆောက်အအုံတွေ ရွှေ့ ဆောက်တာ လုပ်ပေးရပြီး စည်ပင်သာယာရေးအဖွဲ့ က ရေရရှိရေး ဆောင်ရွက်ပေးရပါတယ်။ တစ်ခါမှာ တော့ ဆေးစားရပ်ကွက်အတွင်းမှာ ရေနံတွင်း တစ်တွင်း တူးဖို့ လျာထားချက်ကျလာပါတယ်။

ဒါကြောင့် ရေနံမြေက အင်ဂျင်နီယာနဲ့ ကျွန် တော်တို့နှစ်ယောက် အဆောက်အအုံရွှေ့တာနဲ့ သောက် သုံးရေရရှိရေး လုပ်ပေးရမယ့်လုပ်ငန်းတွေနဲ့ ပတ်သက် ပြီး ရပ်ကွက်လူကြီးနဲ့ သွားတွေ့ခဲ့ပါတယ်။ ရပ်ကွက်လူ ကြီးက ရောဂါဖြစ်ပြီး လက်ချောင်းခြေချောင်း အဖျား လေးတွေ မရှိတော့တဲ့သူပါ။

ကျွန်တော်တို့နှစ်ယောက် နဲ့သူ လုပ်ပေးရမယ့် အတိုင်းအတာ ဆွေး နွေးနေစဉ်မှာပဲ ရောဂါမရှိတဲ့ ကလေး တစ်ယောက်က ခပေါင်းစီးကရက် တစ် လိပ်ကို မီးညှိကာ သွပ်နန်းကြိုးကွင်းက လေးထဲထည့်ပြီး ရပ်ကွက်လူကြီးရဲ့ လက် ချောင်းတွေကြားကို လက်ဖမိုးဘက်က လာညှပ်ပေးပါတယ်။ ရပ်ကွက်လူကြီး က ဆေးလိပ်ဖွာလိုက် လိုအပ်တာလေး ပြောလိုက်နဲ့ပါ။ ကျွန်တော်တို့နှစ်ယောက် က သူ့တံတွေးစင်မှာစိုးလို့ နေရာရွေးနေ ရတာနဲ့ သူ့စကားသံကမပီတော့ ပထမ တော့ သူဘာပြောတယ်ဆိုတာ နားမ လည်ပါဘူး။ နောက် နေသားကျသွား တော့မှ သူပြောတာ နားလည်လာပြီး လို တာတွေညှိပြီး ပြန်ခဲ့ကြပါတယ်။

၁၉၈၅ ခုနှစ်ခန့်ကတော့ ဆေး စားရပ်ကွက်မှာ ရောဂါသည် အတော် များပါတယ်။ ၁၉၉၉ ခုနှစ်မှာ ကိုယ်လက် အင်္ဂါချို့တဲ့သူဦးရေ ၂ဝ ကျော်ရှိပြီး ယခု အချိန်မှာ ခြောက်ဦးသာ ရှိပါတော့တယ်။ ၁၅ နှစ်အတွင်းမှာ ၁၄ ဦး ဆုံးပါးသွား ပါတယ်။ ရောဂါသည်နဲ့ မိသားစုတွေ အတူနေကြတဲ့အတွက် ယနေ့အချိန်အ ထိ ဆေးတိုက်ကျွေးနေရသူ ၃ဝ ခန့် ရှိ ပါသေးတယ်။ သူတို့ထဲကမှ သက်ကြီး ရွယ်အိုထဲက မသန်စွမ်းဖြစ်နေသူ သုံး ဦးကတော့ တောင်းရမ်းစားသောက်နေ ဆဲလို့ သိရပါတယ်။ ဆေးစားရပ်ကွက် ဟာ ယနေ့အခါမှာ ရပ်ကွက်နာမည် အ သစ်ပေးထားပြီး ကျောင်းသားကျောင်း သူ ၆ဝ ကျော် ကျောင်းတက်နေပါတယ်။ အခြေခံပညာအထက်တန်း တက်နေသူ လေးဦးရှိပြီး ဘွဲ့ရတစ်ဦးရှိပါတယ်။ ဆေးဝါးရရှိရေး၊ လျှပ် စစ်မီး ရရှိရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လူနေမှုမြှင့်တင်ရေးတွေကို အစိုး ရဌာနတချို့နဲ့ စေတနာ့ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်နေပါတယ်။

ဆောင်းပါးကိုပြန်ချုပ်ပါက မင်းဘူးမြို့တစ်မြို့တည်းမှာပဲ အပူ ပိုင်းဒေသဖြစ်ပြီး သောက်သုံးရေ ရှားပါးမှုကို အခြေခံပြီး ကူးစက်နိုင်တဲ့ အနာကြီးရောဂါသည်များနဲ့ မျိုးရိုးဆိုတဲ့ မှားယွင်းတဲ့ဓလေ့ကိုအခြေခံတဲ့ တောင်းစားသူများဆိုပြီး ရှိနေခဲ့တာ နှစ်ပေါင်း ၅ဝ ကျော်ပါပြီ။

အနာကြီး ရောဂါသည် အမြစ်ပြတ်ရေးနဲ့ တောင်းစားသူ နှစ်မျိုးစလုံး ပပျောက်ရေး လုပ်ငန်းသည် တာဝန်ရှိသူတွေအနေဖြင့် စနစ်တကျ စီမံကိန်းချပြီး နည်း လမ်းတကျ တစိုက်မတ်မတ် ဆောင်ရွက်ပါက ငါးနှစ်ခန့် နှစ်တိုအတွင်းမှာ ကွယ်ပျောက်သွားနိုင်ပါတယ်။

ကလေးတိုင်းသည် မည်သည့်မိဘနှစ်ပါးမှ မွေးဖွားလာသည်ဖြစ်စေ အတူတူသာ ဖြစ်ပါတယ်။ မျိုးရိုးဆိုတာ မရှိပါဘူး။ လယ်သမား သားသမီးကလည်း သမ္မတဖြစ်နေတာ လက်တွေ့ဖြစ်ပါတယ်။ မျိုးရိုးဆိုသည့် မရှိအပ်သည့် ပညတ်ချက်ကြောင့် နိုင်ငံသားတိုင်း ရသင့်သည့် မွေးရာပါ ရပိုင်ခွင့်တွေ ဆုံးရှုံးနေကြရသည့် မင်းဘူးမြို့မှာရှိတဲ့ ရပ်ကွက် နှစ်ရပ်ကွက်က လူတောမတိုးဝံ့တဲ့ ကလေးမျိုးတွေ မြန်မာနိုင်ငံ တစ်နံတစ် လျားက မြို့ရွာအနှံ့မှာ ကြိုးကြားကြိုးကြား တွေ့နေရဆဲဖြစ်ပါတယ်။

မရှိသင့်တဲ့မျိုးရိုးတွေ ပပျောက်ရေးက ဆင်းရဲမှု ပပျောက်ရေး ထက် ပိုအရေးကြီးတယ်လို့ ထင်ပါတယ်။ မထိခလုတ် ထိခလုတ် လူမြင် ကောင်းရုံ၊ သတင်းဖော်ပြကောင်းရုံ စီမံချက်တွေနဲ့တော့ နှစ်ရာစုချီသော် လည်း မြေပေါ်မြေအောက် သယံဇာတများ အလွန်ပေါတဲ့မြန်မာနိုင်ငံမှာ သူတောင်းစားမျိုးရိုး ပပျောက်ဖို့ မလွယ်လောက်ဘူး ထင်ပါတယ်။ ။

#TheFlowerNews

|───────────Yangon Media Group ──────────|

www.facebook.com/YangonMediaGroup
www.yangonmedia.com


 




No comments:

Post a Comment