ရဲလင်းထက် ၊ ရန်ကုန်၊ ဒီဇင်ဘာ ၁၃
စစ်မှန်သည့် ဖွံ့ဖြိုးတိုးတက် ရေးအတွက် နိုင်ငံရေးစနစ်ကို အခြေခံ လုပ်ဆောင် ရသလို စစ်မှန်သည့် နိုင်ငံရေးစနစ်မရှိဘဲ ဖွံ့ဖြိုးရေး လုပ်ဆောင်ခြင်းသည် လက်တွေ့မကျကြောင်း အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစု ကြည်က ပြောကြားလိုက်သည်။
ဒီဇင်ဘာ ၁၃ ရက်က တော်ဝင်နှင်းဆီ၌ ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ပထမ အကြိမ် ဗဟိုကော်မတီ၊ စတုတ္ထအကြိမ် အစည်းအ ဝေး(ပထမနေ့) အဖွင့်မိန့်ခွန်းတွင် ယခုကဲ့သို့ တက် ရောက်လာသည့် ဗဟိုကော်မတီ ဝင်များအား ပြော ကြားခြင်းဖြစ်သည်။
ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ''တချို့က တကယ်အရေးအကြီးဆုံးက ဖွံ့ဖြိုးတိုးတက် ရေးပဲလို့ ပြောကြပါတယ်။ တကယ့်စစ်မှန်တဲ့ ဖွံ့ဖြိုး တိုးတက်ရေး ဆိုတာက စစ်မှန်တဲ့ နိုင်ငံရေးစနစ်ကို အခြေခံရပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံရေး ကိစ္စတွေ ကို လျစ်လျူရှုပြီးတော့ ဖွံ့ဖြိုးရေးကိစ္စတွေပဲ လုပ်မယ် ဆိုတာ လက်တွေ့မကျပါဘူး။ မဖြစ်နိုင်ပါဘူး။ ဖွံ့ဖြိုး ရေးကိုပဲ ကွက်ပြီးကြည့်လို့ မရဘူး။ အခြေခံ နိုင်ငံရေး သဘောတရားတွေက အင်မတန်မှ အရေးကြီးတယ် ဆိုတာကို ကျွန်မတို့ လက်ခံရမှာဖြစ်ပါတယ်''ဟု ပြော သည်။
''ပြည်သူလူထုနဲ့ ထိတွေ့ဖို့အတွက် ပြည်သူ လူထုရဲ့ စိုးရိမ်ကြောင့်ကြမှုတွေ၊ ပြည်သူလူထုရဲ့ လို အပ်ချက်၊ ပြည်သူလူထုရဲ့ မျှော်မှန်းချက်တွေကို ကျွန်မ တို့ သေသေချာချာသိပြီးတော့ အကောင်အထည်ဖော် ပေးနိုင်မှသာလျှင် ကျွန်မတို့နဲ့ ပြည်သူဟာ လက်တွဲ ပြီးတော့ ကျွန်မတို့လိုချင်တဲ့ ဒီမိုကရေစီ ပြည်ထောင် စုကြီးတစ်ခုကို ထူထောင်နိုင်မှာပါ''ဟု ပြောသည်။
လာမည့် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲ နှင့်ပတ်သက်ပြီး ''ရွေးကောက်ပွဲမှာ အောင်နိုင်ရေး လုပ်မယ်ဆိုတာဟာ အဖွဲ့ချုပ်အောင်နိုင်ရေးအတွက် လုပ်တာ မဟုတ်ပါဘူး။ ပြည်သူလူထု အောင်ပွဲခံဖို့ဖြစ် ပါတယ်။ ပြည်သူလူထု အောင်ပွဲခံ တယ်ဆိုတာ ဘာလဲ ဆိုတာ ပြည်သူတွေ လိုလားတောင့်တနေတဲ့ စစ်မှန် တဲ့ ဒီမိုကရေစီနိုင်ငံအဖြစ် တည်ထောင်ဖို့အတွက် တ ကယ့်ကို တိတိကျကျ အဖြေပေးတဲ့ရွေးကောက်ပွဲတစ်ခု ဖြစ်ဖို့ လိုပါတယ်။ အဲဒါအတွက် ကြိုးစားသွား မှာပါ''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ဗဟိုကော်မတီအစည်းအဝေး (ပထမနေ့) တွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ရေးရာကော်မ တီများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများနှင့် ကိုယ်ပိုင် အုပ်ချုပ် ခွင့် ရ ဒေသကြီးများမှ အစီရင်ခံစာများ ဖတ် ကြားတင်သွင်းခြင်းများကို ဆောင်ရွက်ကြမည်ဖြစ်ပြီး ဒီဇင်ဘာ ၁၄ ရက်အထိ နှစ်ရက်ကြာ ကျင်းပသွားရန်ရှိ ကြောင်း သိရသည်။
ပထမအကြိမ် ဗဟိုကော်မတီ စတုတ္ထအ ကြိမ်အစည်းအဝေး(ပထမနေ့)တွင် တက်ရောက်ခွင့်ရှိ သူ ၁၁၇ ဦးတွင် တက်ရောက်သူ ၁၁၁ ဦးရှိပြီး ၉၅ ရာ ခိုင်နှုန်းဖြင့် အောင်မြင်စွာ ကျင်းပခဲ့ကြောင်းသိရသည်။
၁၄-၁၂-၂၀၁၄ (ယနေ့ထုတ်) Flower News Journal အတွဲ(၁၀) အမှတ်(၄၉)
|───────────Yangon Media Group ──────────|
www.facebook.com/YangonMediaGroup
www.yangonmedia.com
No comments:
Post a Comment