Wednesday, December 17, 2014

Fatherland ကုမ္ပဏီပိုင်ရှင်ကို အာမခံရုပ်သိမ်း ဒုတိယအကြိမ် ဖမ်းဝရမ်းထုတ်

 ရန်ကုန်၊ ဒီဇင်ဘာ ၁၆- Fatherland ကုမ္ပဏီပိုင်ရှင်ဦးကျော်မြင့် တရားရုံးချိန်းသို့ မလာရောက်သဖြင့် ကျောက်တံတားတရားရုံးက အာမခံပေးထားမှုကို ရုပ် သိမ်းပြီး ဒီဇင်ဘာ ၁၆ရက်က ဒုတိယအကြိမ်ဖမ်းဝရမ်း ထပ်မံထုတ် လိုက်ကြောင်း ကျောက်တံ တားမြို့နယ်တရားရုံးမှ သိရသည်။

ဒီဇင်ဘာ ၁၆ရက်က ကျောက် တံတားမြို့နယ်တရားရုံးတွင် စစ်ဆေးမည့် ရုံးချိန်းသို့ ဦးကျော်မြင့်မလာ ရောက်သဖြင့် မြို့နယ်တရားသူကြီး ဦးဝင်းဇော် ညွန့်က အာမခံကိုရုပ်သိမ်းကြောင်း အမိန့်ချကာ ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့ကို ဖမ်းဝရမ်း ထုတ်ပေးလိုက်ပြီးနောက် ရုံးချိန်းတစ်ခုအား ဒီဇင်ဘာ ၃ဝရက်သို့ ချိန်းဆိုလိုက်ကြောင်း သိရသည်။

ကျောက်တံတားတရားရုံးမှ တာဝန်ရှိသူတစ်ဦးက''ဒီနေ့ရုံးချိန်းမှာတရားသူကြီးက ဦးကျော်မြင့်ကို လာဖို့ချိန်းဆိုထားတယ်။ ဒါပေမဲ့ ဦးကျော်မြင့်က ဆေးရုံ တက်နေ ရတယ်ဆိုပြီး ဆေးစာတင်ပြထားတယ်။ ရုံးချိန်းမလာဘူး။ တရားလိုရှေ့နေက အာမခံပြန်ရုပ်သိမ်းဖို့အကြောင်း တင်ပြတယ်။ ၃ဝရက်နေ့ရုံးချိန်းမှာ ဦးကျော်မြင့် တရားရုံးကို ရောက်နေဖို့ လိုတယ်။ မရောက်ရင် သိန်းတစ်ထောင်နဲ့ အာမခံ ထားတဲ့ နှစ်ယောက်ကို ရုံးတော်ကဆင့်ခေါ်လိမ့်မယ်''ဟု ပြောသည်။

စာချုပ်စာတမ်းအတုပြု လိမ်လည်မှုဖြင့် တရားစွဲဆိုခြင်းခံထားရသော Great Father Land Construction & Decoration ကုမ္ပဏီပိုင်ရှင်ဦးကျော်မြင့် ကို ကျောက် တံတားမြို့နယ်၊ ရန်ကုန်အနောက် ပိုင်းခရိုင်တရားရုံးက ဒီဇင်ဘာ ၂ရက် ရုံးချိန်းတွင် ငွေကျပ်သိန်းတစ်ထောင် ဖြင့်အာမခံပေးခဲ့ပြီး ဦးကျော်မြင့်အား အာမခံပေးသူနှစ်ဦးမှာ ၎င်း၏ယောက်ဖနှစ်ဦးဖြစ်ပြီး အာမခံပေးသည့် ပစ္စည်းမှာလည်း ၎င်းတို့ပိုင် ဆိုင်ပါသည်ဆိုသော တိုက်ခန်းများကို တရားရုံး တွင်ထွက်ဆို၍ တစ်ဦးလျှင် ကျပ်သိန်းငါးရာဖြင့် အာမခံပေးခဲ့ခြင်းဖြစ်သည်။

ဦးကျော်မြင့်၏အကျိုးဆောင် ရှေ့နေဖြစ်သူအထက်တန်းရှေ့နေ ဦးလှမြင့် က''တရားရုံးကအဆုံးအ ဖြတ်ကို ကျွန်တော်တို့က နာခံရမှာ ပါ။ ဒီနေ့ ဦး
ကျော်မြင့်က ဆေးရုံတက်နေရတယ်ဆိုပြီး ဆေးစာတွေပြထားတယ်။ ဒါပေမဲ့ တရားသူကြီးက ရုံး ချိန်းရက်လာရမယ်လို့ ညွှန်ကြားထားတာကို မလာလို့အခုလို ဖမ်းဝရမ်း ထုတ်တာပါ''ဟု ပြောသည်။

တရားရုံးအနေဖြင့် ဒီဇင်ဘာ ၃ဝရက်ရုံးချိန်းတွင် ဦးကျော်မြင့်မရောက်ရှိပါက အာမခံထားသူနှစ်ဦး ကိုခေါ်မည်ဖြစ်ပြီး ၎င်းတို့နှစ်ဦးအား ရက်ချိန်းပေးပြီး ဦးကျော်မြင့်အား တရားရုံးသို့ ခေါ်ဆောင်ခိုင်းမည်ဖြစ် ပြီး အာမခံထား သူနှစ်ဦးအနေဖြင့် ဦးကျော်မြင့်အားတွေ့ရှိခြင်းမရှိပါက အာမခံထား သည့် ငွေသိန်းတစ်ထောင်နှင့်ပတ်သက်ပြီး တရားရုံးမှ အမိန့်တစ်စုံတစ်ရာ ချမှတ်မည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေအသိုင်းအဝိုင်းမှ သိရသည်။

MEI Business Tower ဆောက်လုပ်နေသော ပန်းဆိုးတန်း အလယ်ဘလောက် အမှတ်၁၈၁/ ၁၈ရမြေကွက်အကျယ် ၁၀ဝပေ* ၆ဝပေပေါ်တွင် ခေတ်မီ ၁၂ထပ်ခွဲ၊ ဓာတ်လှေကားပါ အဆောက်အအုံ ဆောက်လုပ်ရန် မြေရှင်နှင့်တရားလိုဖြစ်သူ ဗိုလ်မှူးစိုးမင်းထက်(ငြိမ်း) နှင့်ကုမ္ပဏီတို့သဘောတူညီမှုရရှိခဲ့ကာ အဆောက် အအုံဆောက်လုပ် သည့် အချိန်တွင် မြေရှင်နှင့်သဘောတူညီထားသည့် ပုံစံမဟုတ်ဘဲ ၎င်း စိတ်ကြိုက်ဒီဇိုင်းရေးဆွဲကာ မြေရှင်လက်မှတ်အတုများဖြင့် စည်ပင်မှ ခွင့်ပြုချက်ရယူကာ ဆောက်လုပ်ခဲ့ ခြင်း၊ ၂၀၁၂ခုနှစ်တွင် လူနေထိုင် ခွင့်ရမည်ဖြစ်သော်လည်း ၂၀၁၄ခုနှစ်ကုန်ပိုင်းအထိပြီးပြတ်မှုမရှိခြင်း စသည် တို့ကြောင့် စက်တင်ဘာလတွင် ကျောက်တံတားရဲစခန်းတွင် တိုင်ကြား ခဲ့ကြောင်းသိရသည်။

ယင်းနှင့်ပတ်သက်ပြီး ကျောက်တံတားရဲစခန်းမှစခန်းမှူးဝင်းတင်က ''ဖမ်းဝရမ်း ရရှိထားပြီဖြစ်လို့ ဖမ်း ဆီးမယ့်လုပ်ငန်းတွေကို ဒီနေ့စလုပ်မှာပါ။ ဖမ်းမိရင် ရုံးချိန်းကျမှ ရုံးပြန် ထုတ်မယ်''ဟု ပြောသည်။

ယင်းကဲ့သို့ တိုင်ကြားခဲ့သော် လည်းဦးကျော်မြင့်ကို ဖမ်းဆီးနိုင်ခဲ့ခြင်း မရှိ သည့်အတွက် ဦးကျော်မြင့် အားပန်းဆိုးတန်းအလယ်ဘလောက်ရှိ MEI Business Tower ဆောက်လုပ်ရာ၌ စာချုပ်ပါအချက်အလက်များဖောက် ဖျက်မှု၊ မြေရှင်လက်မှတ်အတုများ ရေးထိုးမှုတို့ဖြင့် နိုဝင်ဘာ ၁ဝရက် တွင် ကျောက်တံတားတရား ရုံးက ဖမ်းဝရမ်းထုတ်ခဲ့သည်။

ဦးကျော်မြင့်အား တရားစွဲဆိုထားသောပြစ်မှုပုဒ်မများမှာ လိမ်လည်မှုပုဒ်မ-၄၂၀၊ လက်မှတ်အတု ရေးထိုးမှုပုဒ်မ-၄၆၈၊ တရားခံအား အဆက်အသွယ် လုံးဝ မရရှိခဲ့ခြင်း ကြောင့် တရားခံပြေးအဖြစ် ကျင့်ထုံး ဥပဒေပုဒ်မ-၅၁၂တို့ဖြင့် တရားစွဲ ဆိုခြင်းဖြစ်သည်။

KMZ
‪#‎Democracytoday‬

No comments:

Post a Comment