နေပြည်တော် (မဇ္ဈိမ)။ ။ တပ်မတော်(လေ)၏ ဒီဇင်ဘာလ ၁၅
ရက်တွင်ကျရောက်မည့် ၆၇ နှစ်မြောက် အခမ်းအနားအဖြစ်လေကြောင်း
စွမ်းရည်ပြသပွဲကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင် တက်ရောက် မည်ဟု စုံစမ်းသိရသည်။

အဆိုပါလေကြောင်းစွမ်းရည်ပြပွဲကို မိတ္ထီလာမြို့၊ လေကြောင်းအတတ်သင် လေတပ်စခန်းတွင် ကျင်းပပြု လုပ်မည်ဖြစ်ပြီး ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်လည်းတက်ရောက်မည်ဖြစ်သည်
မိတ္ထီလာမြို့၊ လေကြောင်းအတတ်သင် လေတပ်စခန်းမှ အရာရှိကြီးတစ်ဦးက “လေကြောင်းပြပွဲမှာ အရင်ကမပြဖူးသေးတဲ့ တိုက်လေယာဉ်သစ် တွေက လေကြောင်း စွမ်းရည်ပြသတာ တွေပါမယ်” ဟု ပြောကြားသည်။
လေကြောင်း စွမ်းရည်ပြပွဲတွင် တပ်မတော်(လေ)မှ တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား အလေးပြုပျံသန်းခြင်း၊ အုပ်စုလိုက်မောင်းနှင်ခြင်းများ၊ ရဟတ်ယာဉ်များက နိုင်ငံ တော်အလံနှင့် လေတပ် အလံများချိတ်ဆွဲ ပျံသန်းခြင်းများစသည့် လေကြောင်းစွမ်းရည်များ ပြသကြမည် ဖြစ်သည်ဟု ဆိုသည်။
မိတ္ထီလာဒေသခံတစ်ဦးက “အခုတစ်လော လေယာဉ်တွေ လေ့ကျင့်နေတာတွေတော့ တွေ့တယ်၊ ဘာကြောင်လဲတော့ မသိပါဘူး” ဟု ပြောသည်။
၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်က စတင်တည်ထောင်ခဲ့သည့် မြန်မာ့လေတပ်မတော်သည် ယခင်က သောင်းကျန်းသူ နှိမ်နင်းရေး တပ်ဖွဲ့အဆင့်သာရှိခဲ့ရာမှ ယခုအချိန်တွင် လေကြောင်း စစ်ဆင်ရေး သဘော တရားအရ နည်းဗျူဟာ မြောက်စစ်ဆင်ရေးများ ကိုဆင်နွှဲနိုင်သည့် အနေအထားရောက်ရှိပြီဟု တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောသည်။
Credit - Mizzima News
No comments:
Post a Comment