Monday, December 15, 2014

တာဝန်ယူမှု၊ တာဝန်ခံမှုမရှိသော အစိုးရတာဝန်ရှိသူများ တာဝန်မှ ဖယ်ပေးသင့်ဟု သူရဦးရွှေမန်းပြော

စိုးမြင့်နိုင်

ရန်ကုန်၊ ဒီဇင်ဘာ ၁၃


အစိုးရတာဝန်ရှိ သူများအနေဖြင့် တာဝန်ယူနိုင်မှု၊ တာဝန်ခံ နိုင်မှု မရှိပါက မိမိတာဝန်ယူထားသည့်နေ ရာမှ ဖယ်ပေးသင့်ကြောင်း ဒီဇင်ဘာ ၁၃ ရက် လှိုင်သာယာမြို့နယ်၌ ပြုလုပ်သည့် အ လုပ်ရှင်၊ အလုပ်သမားများ တွေဆုံပွဲတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ် တော်နာယက သူရဦးရွှေမန်းက ပြောသည်။

ပြည်ထောင်စုလွှတ်တော်နာယ က သူရဦးရွှေမန်းက ''ဗဟိုချုပ်ကိုင်မှုက အ ရင်ကလဲ များခဲ့တယ်။ အခုလဲများနေတုန်း ပဲ။ ဗဟိုကအမိန့်မပေးရင် လုပ်လို့မရဘူး ဖြစ်နေတယ်။ ဒါကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ လုပ်ပိုင်ခွင့်ပေးရမယ်။ လုပ် နေပါတယ်ပြောရုံနဲ့ မလုံလောက်ဘူး။ ဘယ် တော့ပြီးမှာလဲ၊ ဘယ်လိုပြီးအောင် လုပ်မှာ လဲဆိုတာ တာဝန်ယူမှု တာဝန်ခံမှုရှိရမယ်။ တာဝန်ယူမှု တာဝန်ခံမှု မရှိဘူးဆိုရင် အဲဒီ နေရာမှာ မလုပ်နဲ့။ မှားရင်လဲ ကိုယ့်တာဝန်။ မှန်ရင်လဲ ကိုယ့်တာဝန်။ မမှားဘူးဆိုရင်လဲ ရှင်းပြနိုင်ရမယ်။ လုပ်နေပါတယ် ပြောရုံနဲ့ တော့ ဘယ်သူမှ ကျေနပ်နိုင်မှာမဟုတ်ဘူး'' ဟု ပြောသည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ အလုပ်သမားညွှန် ကြားမှုဦးစီဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးမှ အနည်းဆုံး လုပ်ခလစာ သတ်မှတ်ပေးရေး ကိစ္စအတွက် လက်ရှိအချိန်တွင် နေပြည် တော်၊ ပေါင်းလောင်းဒေသတွင် စစ်တမ်း ကောက်ယူမှုများ ပြုလုပ်နေကြောင်း ၂ဝ၁၅- ၂ဝ၁၆ ခုနှစ်တွင် မြို့နယ်အဆင့်အထိ လုပ် ဆောင်သွားမည်ဖြစ်ကြောင်း ဖြေကြားခြင်း နှင့်ပတ်သက်၍ ယခုကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။

ဖက်ဒရယ်ပြည်ထောင်စုစနစ် ကို အကောင်အထည် ဖော်ဆောင်နေရာ တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်နှင့် တန်းတူညီမျှ အခွင့်အရေးရရှိမှုကို ပြည်နယ်များသာမက တိုင်းဒေသကြီးအဆင့် များတွင်ပါ အကောင်အထည်ဖော်ဆောင် ရမည်ဖြစ်ကြောင်း တာဝန်ယူမှု၊ တာဝန်ခံမှု မရှိပါက ပါတီစုံဒီမိုကရေစီစနစ် အောင်မြင် နိုင်မည်မဟုတ်ကြောင်း သူရဦးရွှေမန်းက ဆက်ပြောသည်။

|───────────Yangon Media Group ──────────|

www.facebook.com/YangonMediaGroup
www.yangonmedia.com

 

No comments:

Post a Comment