နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် ပြုလုပ်မည့် နိုင်ငံရေးဆွေးနွေးပွဲ အတွက် မူဘောင်ကို မူကြမ်းအဆင့် ရေးဆွဲပြီးစီးပြီး ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချ
ဒီဇင်ဘာ ၁၄ ရက်နေ့တွင် ပြုလုပ်သည့် NLD ပါတီ ပထမအကြိမ် ဗဟိုကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြည်တွင်းငြိမ်းချမ်းရေးနှင
“ကျွန်တော်တို့အနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကို မူကြမ်းအနေနဲ့ ရေးဆွဲပြီးပါပြီ၊ မကြာမီမှာပဲ အချောသတ်မှာပါ၊ လိုအပ်လာတဲ့ အချိန်မှာ ထုတ်ပြန်ပေးမှာပါ” ဟု ၎င်းကဆိုသည်။
ထို့အပြင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) ကလည်း နိုင်ငံရေးမူဘောင် တစ်ရပ်ကို သီးခြားရေးဆွဲလျက် ရှိသည်။
အလားတူ နိုင်ငံရေးပါတီ ၅၆ ပါတီ၏ အကြံပြုချက်များ ထည့်သွင်းရေးဆွဲထားသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ခေါင်းစဉ် သုံးခုအောက်တွင် အချက် ၂၀ ပါဝင်သည့် နိုင်ငံရေးမူဘောင်ကို မူဘောင်ရေးဆွဲရေး လုပ်ငန်းကော်မတီက နိုဝင်ဘာလအတွင်း အပြီးသတ် ရေးဆွဲခဲ့သည်။
ယင်းနောက် မူဘောင်အတွင်း ပါရှိသော အချက်များကို တိုင်းရင်းသား လက်နက်ကိုင်များနှင့် ညှိနှိုင်းရန် ကရင်အမျိုးသားအစည်းအရုံး KNU၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး
နိုင်ငံရေးပါတီများ အနေနှင့် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်များကို အပြုသဘောဆောင်ပြီး အများလက်ခံနိုင်သည့် ရလဒ်များ ရရှိအောင် ရေးဆွဲရန် နိုဝင်ဘာ နောက်ဆုံးပတ်အတွင်း နိုင်ငံရေးပါတီများနှင့် တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုက်တွန်း ပြောကြားထားသည်။
Credit - The Voice Weekly

No comments:
Post a Comment