Tuesday, December 16, 2014

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပြည်သူလူထုပါဝင်မှု အားကောင်းလာစေရေး နည်းလမ်း များ ချမှတ် လုပ်ဆောင်ပေးရန် နှင့်

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပြည်သူလူထုပါဝင်မှု အားကောင်းလာစေရေး နည်းလမ်း များ ချမှတ် လုပ်ဆောင်ပေးရန် နှင့် ပြည်သူ့အသံများ ကို နားထောင်ဖြည့် ဆည်းပေးရန် မြန်မာပြည်သူ့ဖိုရမ်တောင်းဆို
=====================================================

ရန်ကုန်၊ ဒီဇင်ဘာ ၁၅- ငြိမ်း ချမ်းရေး ဖြစ်စဉ်အတွင်း ပြည်သူလူ ထုပါဝင်မှု အားကောင်းလာစေရန် နည်းလမ်းများချမှတ်လုပ်ဆောင်ပေး ရန်နှင့် ပြည်သူ့ အသံများကိုနားထောင် ဖြည့်ဆည်းပေးရန် မြန်မာပြည်သူ့ဖို ရမ် ၂၀၁၄ က တောင်းဆိုလိုက်သည်။

ဒီဇင်ဘာ ၁၁ရက်မှ ၁၄ရက် အထိ ရန်ကုန်တက္ကသိုလ်စိန်ရတု ခန်းမတွင်ပြုလုပ် သည့် မြန်မာပြည်သူ့ ဖိုရမ်အပြီး ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ လူ့အခွင့် အရေး၊ တရားမျှတ မှုနှင့် ဒီမို ကရေစီပြုပြင်ပြောင်းလဲမှုတို့ ကိုဆွေး နွေးခဲ့ပြီး အချက်ပေါင်း ၆၃ချက်ကို ထုတ်ပြန်တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ပြည်တွင်း စစ်ရပ် စဲရေး၊ အမျိုး သား ပြန်လည်သင့်မြတ်ရေးသည် တစ်မျိုးသားလုံး၏ ဘုံသဘောတူညီ ချက်ဖြစ်သည့်အတွက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်း ရေးဖြစ်စဉ် ကို အောင်မြင်အောင် လုပ် ဆောင်ပေးရန်လည်း တောင်းဆိုခဲ့ သည်။

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် နှစ်ဖက် စလုံးမှလက်ခံထားသည့် အရပ်ဘက် လူမှုအဖွဲ့အစည်းနှင့်လူပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသည့် တတိယအင်အား စုကို ပါဝင်ဆောင်ရွက်ခွင့်ပြုရန်လည်း ထည့်သွင်းတောင်းဆိုခဲ့သည်။

အဆိုပါ ခေါင်းစဉ်လေးခု အောက် မှငြိမ်းချမ်းရေးနှင့်ပြည်သူပါဝင်မှု အခန်းကဏ္ဍ ၊ လယ်ယာမြေပြဿနာ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ၊ ပွင့် လင်းမြင် သာမှု၊ တာဝန်ခံမှုနှင့် တာ ဝန်ယူမှုအားကောင်းလာစေရေး၊ မသန် စွမ်းမှုနှင့် လူ့အခွင့်အရေး၊ လူငယ် များကြား မူးယစ်ဆေးဝါး ပြဿ နာ စ သည့် အလုပ်ရုံဆွေးနွေးပွဲ ၁၅ ခု ပြု လုပ်ကာ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

မြန်မာပြည်သူ့ဖိုရမ်သို့ တက် ရောက်လာသည့် ရှမ်းပြည်နယ်မြောက် ပိုင်းအရပ်ဘက်အဖွဲ့အစည်းများကွန် ရက်မှ မနန်းမွန်းဆိုင်းက''ဒီဖိုရမ်ကရ လာမယ့်ရလဒ်ကို အပြည့်အဝမဟုတ် ရင်တောင် တော်တော်များများတော့ မျှော်လင့်တယ်။ ဘာလို့လဲဆိုရင်အစိုး ရကလဲ သူဘာလုပ် သင့်တယ် ဆိုတာ ကို အဖြေရှာတဲ့ကာလလေ။ ပြီးတော့ အစိုးရအနေနဲ့လုပ်နိုင်တယ်။ မလုပ် နိုင်ဘူးဆိုတဲ့ အတိုင်းအတာအနေနဲ့ ဒီတောင်းဆိုမှုအပေါ်မှာ သူဆောင် ရွက်ပေးမယ်လို့ထင်တယ်''ဟုပြော သည်။

ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ် သက်သည့်တောင်းဆိုချက် ၁ဝချက်၊ ဖွံ့ဖြိုးရေးနှင့် ပတ်သက်သည့် တောင်း ဆိုချက်အချက် ၃၀၊ လူ့အခွင့် အရေး၊ တရားမျှတ မှုနှင့် ပတ်သက်သည့် တောင်း ဆိုချက် ၁၈ချက်၊ ဒီမိုကရေ စီပြုပြင် ပြောင်း လဲရေးနှင့် ပတ်သက်သည့် အ ချက်ငါးချက် စုစုပေါင်း တောင်းဆို ချက် ၆၃ ချက်ကို အစိုးရသို့ တင်ပြ တောင်းဆို သွားမည်ဖြစ်ကြောင်းသိရ သည်။

မြန်မာပြည်သူ့ဖိုရမ်ကို တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံ ရေးပါတီများ စုစုပေါင်း ၁၂၆ ဖွဲ့နှင့် တစ်သီးပုဂ္ဂလအပါအဝင် စုစုပေါင်း ၅၅၄ ဦးတက်ရောက်ကြောင်း သိရ သည်။

မြန်မာပြည်သူ့ဖိုရမ်ကို ပထမ ဆုံးအကြိမ် အဖြစ် ၂၀၁၃ ခုနှစ်ကစ တင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ဖိုရမ်မှထွက် ပေါ်လာသည့် တောင်းဆိုချက် ၅၅ ချက် ကို အစိုးရထံသို့ တင်ပြတောင်းဆိုခဲ့ သည်။

HM
‪#‎Democracytoday‬

No comments:

Post a Comment