"ပြည်သူတွေကြားထဲကိုသွားရင် သူတို့ရဲ့ လိုအပ်ချက်တွေ တူညီတဲ့ လက္ခဏာတွေ အများကြီးတွေ့ရတယ်။ ကျွန်မတို့ တူညီတဲ့လက္ခဏာတွေကို အတူတူ ရင်ဆိုင်ဖြေရှင်းမှ ဆက်ပြီး ရှေ့ဆက်သွားနိုင်မှာပါ။
ကျွန်မတို့ ပြည်သူလူထုတွေဟာ မျှော်လင့်ချက်တွေ အများကြီးရှိတယ်။ တစ်နေ့မှာ ဒို့ဘဝတွေက ပိုပြီးကောင်းမွန်လာမယ်လို့ မျှော်လင့်ရတယ်။ မျှော်လင့်ချက်ဆိုတာ တကယ်အလုပ်လုပ်မှ အကောင်အထည်ဖော်နိုင်မှာပါ။ ကိုယ်အလုပ်လုပ်တဲ့ ကြိုးစားသမျှ အကျိုးကိုတော့ ခံစားရမယ်လို့ ယုံကြည်ပါတယ်။ ပြည်သူလူထုကိုလည်း အဲဒီ့အတိုင်းပဲ ကြိုးစားစေချင်တယ်။ မျှော်လင့်နေတာတွေတို့ အိပ်မက်မက်နေတာတို့ကို ကိုယ့်ကိုယ်ကို အားကိုးပြီး ကိုယ်ဘာဖြစ်ချင်လဲ။ ဘယ်လမ်းကို သွားချင်လဲဆိုတာ ကျွန်မတို့ နိုင်ငံကို ဘယ်လို တည်ဆောက်ရမယ်ဆိုတာ ပြည်သူလူထုကသာ ကိုယ်တိုင်ဆုံးဖြတ်ရမှာပါ"ဟု ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်က ဓနုဖြူမြို့နယ်သို့ ဖေဖော်ဝါရီ ၂၈ရက် မွန်းလွဲ ၁နာရီခန့်က ရောက်ရှိပြီး ရွှေမြန်မာတည်းခိုခန်းတွင် ခေတ္တနားကာ လူထုဟောပြောပွဲ ကျင်းပခဲ့ခြင်းဖြစ်သည်။ ၎င်းက ဓနုဖြူမှတစ်ဆင့် ဇလွန်မြို့၊ ဟင်္သာတမြို့များသို့ ဆက်လက် ထွက်ခွာခဲ့ပြီး ဟင်္သာတတွင် ညအိပ်နားခိုကာ မတ်လ ၁ရက်တွင် ထူးကြီး၊ မြန်အောင်၊ ကြံခင်းမြို့များသို့ ဆက်လက် ထွက်ခွာမည်ဖြစ်သည်။ ထိုမှတစ်ဆင့် ပဲခူးတိုင်း ပြည်မြို့သို့ သွားကာ လူထုဟောပြောပွဲ ပြုလုပ်မည်ဖြစ်ပြီး ပြည်မြို့တွင် ညအိပ်နားခိုမည်ဖြစ်သည်။
Credit - Mizzima News

No comments:
Post a Comment