Friday, March 6, 2015

ရန်ကုန်စက်သုံးဆီဈေးကွက်ကို နိုင်ငံတကာဈေးနှုန်းထက် ဈေးလျှော့ရောင်းချ

 ရန်ကုန်၊ မတ် ၎

ရန်ကုန်စက်သုံးဆီ ဈေးကွက်အတွင်း လက်ရှိရောင်းချနေသော စက်သုံးဆီဈေးနှုန်းများသည် နိုင်ငံ တကာ ဈေး နှုန်းထက် ဈေးလျှော့ ၍ ရောင်းချနေကြောင်း မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း ဖြန့်ဖြူး ရောင်းချ သူများအသင်းမှ အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်က မတ် ၃ရက်တွင် မြန်မာ သံတော်ဆင့်သို့ ပြော သည်။ ဈေးကွက်စီးပွားရေးစနစ်အရ စက်သုံးဆီဈေးကွက် အတွင်း စက်သုံးဆီဈေးနှုန်းများအား မည်သည့် နည်းဖြင့် ရောင်းချရမည် ဟူသော ကန့်သတ်မှုမျိုး ပြုလုပ်မည် မဟုတ်ကြောင်း၎င်းက ထပ်မံ ပြောကြားခဲ့ သည်။

““စက်သုံးဆီဈေးက ဈေးကွက် စီးပွားရေးစနစ်အရ အားလုံးကို လွတ်လွတ်လပ်လပ် ရောင်းခိုင်းထားတယ်။ တချို့ ကုမ္ပဏီတွေ ကဈေးအမြင့်နဲ့ တက်တုန်းကလည်း ချမရောင်းဘူး။ ဈေးတက်တော့လည်း တက်မရောင်းတဲ့ ဟာမျိုးတွေ ရှိတယ်။ တက်ဈေး ကျဈေး အလိုက် ရောင်းတဲ့ကုမ္ပဏီလည်း ရှိမယ်။ ရန်ကုန်မြို့ပေါ်ရောင်း နေ တဲ့ ဈေးတွေက နိုင်ငံခြားသွင်း တဲ့ ဈေးနှုန်းအရဆို ရင်ရှုံးနေပြီ။ လက်ရှိပေါက်ဈေးအရဆိုရင် နိုင်ငံ တကာ ဈေးနှုန်း ထက် လျှော့ရောင်းရမယ့် အနေအထားပေါ့။ ကျွန်တော်တို့အနေနဲ့ကျတော့ ဈေးသတ်မှတ်တာမျိုးတော့ မလုပ် ဘူး။ ဈေးသတ်မှတ်ရင် မှောင်ခိုဈေးကွက်ဖြစ်မှာ စိုးတဲ့အတွက်ကြောင့်ပေါ့”” ဟု မြန်မာနိုင်ငံစက်သုံး ဆီတင် သွင်း ဖြန့်ဖြူးရောင်းချသူများအသင်း အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်က ပြောသည်။ ရန်ကုန်စက်သုံးဆီ ဈေး ကွက်သည် ဇန်န၀ါရီလအတွင်း ဈေးနှုန်းများကျဆင်းခဲ့ရာမှ ဖေဖော်ဝါရီလ တတိယပတ်မှ စတင်၍ ပြန် လည်မြင့် တက်လာခဲ့ပြီး လက်ရှိအချိန်ထိကျဆင်းသွား ခြင်းမရှိဘဲတည်ငြိမ်လျက်ရှိသည်။…

ပြည်တွင်းအရောင်းဆိုင်များတွင် အောက်တိန်း(၉၂) ဈေးနှုန်းမှာ ဇန်န၀ါရီလဆန်းပိုင်းက ၁လီတာလျှင် ငွေကျပ် ၇၁၀ ၀န်းကျင်မှ ဖေဖော် ၀ါရီလ တွင် ၁လီတာလျှင် (၅၄၀)အထိ ကျဆင်းခဲ့ပြီး လက်ရှိတွင် ၁ လီတာလျှင် ၅၀၀မှ ၆၀၀ ၀န်းကျင်အထိ ပြန်လည်မြင့်တက်ခဲ့သည်။

စက်သုံးဆီဈေးနှုန်းများ ပြန်လည်မြင့်တက်လာရခြင်းမှာ နိုင်ငံတကာ ရေနံစိမ်းဈေးများမြင့်တက်ပြီး ရက်အနည်း ငယ်အကြာတွင် ပြည်တွင်း စက်သုံးဆီဈေးနှုန်းမှာ ၁လီတာဈေးနှုန်းများ ပြန်လည် မြင့်တက် လာခြင်းဖြစ်ကြောင်း စက်သုံးဆီ အရောင်းဆိုင်များက ဆိုသည်။

““ကုမ္ပဏီကနေယူတဲ့ ဈေးနဲ့ ရောင်းဈေးနဲ့ တစ်ထပ်တည်းကျရင် အရှုံးခံရတာတွေရှိတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လထဲမှာ အဲဒီလိုမျိုးတွေဖြစ်တာ တော်တော်များတယ်။ သိပ်လည်း မတက်ရဲဘူးပေါ့။ ကိုယ့် customer လည်း ပါသွားမှာ စိုးတဲ့အတွက်ပေါ့။ ယူဈေးနဲ့ရောင်းဈေး တစ်ထပ်တည်းကျတဲ့အခါတော့ တခြားဆိုင် နည်းတူကိုယ့် ဆိုင်လည်း ဒီလိုပဲတောင့်ခံပြီး ရောင်းရတာပေါ့။ ဆီဈေးကျရန်ကတော့ အရောင်းအ၀ယ်အနည်းနည်း ကျဲတယ် လေ။ အခုကျတော့ ပုံမှန်ပြန်ဖြစ်သွားတာပေါ့”” Petro APM စက်သုံး ဆီဆိုင်မှ လက်ထောက် မန်နေဂျာ ဒေါ်ကြည်ကြည်ဝေက မြန်မာသံတော်ဆင့်သို့ပြောသည်။

၂၀၀၉ခုနှစ်နောက်ပိုင်းတွင် ပထမဆုံးအကြိမ် ရေနံစိမ်းတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၄၈ ဒေါ်လာ ၀န်း ကျင်အထိ ကျဆင်းခဲ့သော ကမ္ဘာ့ရေနံစိမ်းဈေးမှာ ယခုလဆန်းပိုင်းမှစ၍ ပြန်လည် မြင့်တက်လာခဲ့ရာ လက်ရှိ တွင် ၁စည်လျှင် အမေရိကန် ဒေါ်လာ ၅၂ဒေါ်လာကျော်မှ ဒေါ်လာ ၆၀၀န်းကျင် အထိ ပေါက်ဈေးရှိသည်။

လက်ရှိအချိန်တွင် နိုင်ငံပိုင်စက်သုံးဆီဆိုင် ၂၆၁ဆိုင်ကို ပုဂ္ဂလိကသို့ အပြီးလွှဲပြောင်းရောင်းချခဲ့ပြီး ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင် စုစုပေါင်း ၁၄၀၂ ဆိုင် ခွင့်ပြုထားကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ စာရင်းများတွင် ဖော်ပြ ထားသည်။

သဉ္ဇာဆွေ
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment