ကျောင်းသား၂၀ခန့်က ကျောင်းသားထုကို ဝန်းရံကြရန် နှင့် ကျောင်းသားဆန္ဒထုတ် ဖော်မှုများကို အကြမ်းမဖက်ကြရန် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။
"စွမ်းအားရှင်တွေက ကျောင်းသားတွေကို ဖြိုခွင်းချင်ပါတယ်။ ကျွန်တော်တို့ ညီအစ်ကိုမောင်နှမတွေကို အကြမ်းမဖက်ပါနဲ့"ဟု ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။
လုံခြုံရေရဲဝန်ထမ်း ၁၀၀ခန့်က လှည်းတန်း မီးပွိုင့်တစ်ဖက်စီတွင် ကြိုတင်စောင့်နေကြပြီး ပြည်သူ ၁၀၀ကျော်က ဆန္ဒပြသူများကို ဝန်းရံခဲ့ကြသည်။
ဆန္ဒထုတ်ဖော်သည့်ကျောင်းသားများက မိနှစ်နှစ်ဆယ်ခန့် သံပြိုင်သီချင်းများ သီဆိုခြင်း၊ ကြွေကြော်ခြင်းများ ပြုလုပ်ခဲ့ပြီး လူစုခွဲခဲ့ကြသည်။
မတ် ၅ ရက်က အနီရောင် လက်ပတ်များ ၀တ်ဆင်ထားသည် အရပ်သားများက ဆူးလေ ဘုရားရှေ့ဆန္ဒထုတ်ဖော်သူများကို ဝင်ရောက်ဖြိုခွင်းခဲ့သော်လည်း လှည်းတန်းဆန္ဒထုတ်ဖော်မှု ထိုသို့ ပြုလုပ်ခြင်းမျိုး မရှိခဲ့ပေ။
လုံခြုံရေး ရဲဝန်ထမ်းများက လူစုခွဲရန် ပြောကြားခဲ့ပြီး မိနစ်ပိုင်းအတွင်းမှာပင် ဆန္ဒပြသူများက လူစုခွဲခဲ့ကြခြင်းဖြစ်သည်။
ဆူးလေကျောင်းသားဆန္ဒထုတ်ဖော်မှုနှင့် လက်ပံတန်းကျောင်းသားသပိတ်မှ ကျောင်းသား အချို့ကို ဖမ်းဆီးခြင်းသည် ရန်ကုန်မြို့တွင်ပြုလုပ်ခဲ့သော လေးပွင့်ဆိုင်တွေ့ဆုံပွဲ၏ ပူးတွဲကြေညာချက်ပါ အချက်တစ်ချို့ကို ချိုးဖောက်ခြင်းဖြစ်သည် ဟု အရပ်ဘက်လူထုအဖွဲ့အစည်းများနှီးနှောဖလှယ်ပွဲ Coordination Committee က ထုတ်ပြန်လိုက်သည်။
Credit - Mizzima News

No comments:
Post a Comment