ရန်ကုန်၊ မတ် ၎
တပ်မတော်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်၏ ၎င်းကိုယ်တိုင် ရေးသား ထားသော “ကြုံတွေ့ခဲ့ရ ကျွန်တော့် ဘ၀အထွေထွေ”စာအုပ်ကိုပန်းမျိုး တစ်ရာ စာပေကမတ်လ ၁ ရက်နေ့တွင် စတင်ဖြန့်ချိခဲ့သည်။ အဆိုပါစာအုပ်တွင် ၈၈ အရေးအခင်းကာလများ၊ ဒီပဲရင်း အရေးအခင်းကာလများ ထည့်သွင်းရေးသားထားပြီး ဦးနေ၀င်း၊ ဗိုလ်ချုပ်မှူးကြီး စောမောင်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒေါ်အောင်ဆန်း စုကြည်၊ သမ္မတဟောင်းများ ဖြစ်သောဦးစန်းယု၊ ဦးစိန်လွင်၊ ဒေါက်တာ မောင်မောင်စေ သာ ခေါင်းဆောင်များ၏ ဆက်ဆံရေးများကိုပါ ထည့် သွင်းရေးသားထားသည်။
ဒီပဲရင်းအရေးအခင်းနှင့် ပတ်သက်၍ ယခင်က ဦးခင်ညွန့်က မသိရှိကြောင်း ငြင်းဆို ထားသော်လည်း ယခု စာအုပ်တွင်““ဥက္ကဋ္ဌက ကျွန်တော်တို့ လူကြီးပိုင်း၅ယောက်၊ ၆ယောက် ကိုသူ့အခန်းသို့ ခေါ်လိုက်ပါတယ်။ ကျွန်တော်တို့ လူလည်းစုံရောတို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ယာဉ်တန်းကိုတားဆီးရမယ်၊ ဖြစ်တဲ့နည်းနဲ့ တား ဆီးရမယ်လို့ ပြောပါ တယ်။ ထိုအချိန်တွင် ကျွန်တော်ကပဲအကြမ်းဖက်တားဆီးတာမျိုး မလုပ် သင့်ကြောင်း ပြောသောအခါ ကျွန်တော့် တင်ပြမှုကို လူကြီးက သဘောမတူပါ။ အဲဒါကလည်း ကျွန်တော့် အတွက် ကောင်း သည်ဟု ဖြစ်ပါသည်။ အဲဒီမှာတင်ပဲ ဒီကိစ္စနှင့်ပတ်သက်၍ ကျွန်တော့်ကို လုံးဝတာဝန် မပေးတော့ဘဲ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်းကို ဦးဆောင်စေကာအဖွဲ့ဝင်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်ကို လိုက်ပါစေလျက် ရဟတ်ယာဉ်ဖြင့် မုံရွာသို့ စေလွှတ်လိုက်ပါသည်””ဟု ရေးသားထားသည်။…
ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဆက်ဆံရေးတွင်လည်း ချစ်ခင်ရင်းနှီးမှု ရှိကြောင်းနှင့် ဦးခင်ညွန့်အား အရေးယူလိုက် သည်မှာလည်း ဗိုလ်ချုပ်မှူးကြီး၏ သဘောဆန္ဒတစ်ခုတည်း မဖြစ်နိုင်ဘဲ ရှိရင်းစွဲ သဘောထားကို ယိမ်းယိုင် အောင်ဖန်တီးသည့် ပုဂ်္ဂိုလ်များ၊ ၀ိုင်းဝန်းဖန် တီးကြသည်ရှိကြောင်း ရေးသားထားပြီး မည်သူဆိုသည် ကို မပြော လိုကြောင်း ရေးသားထားသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍လည်း ပူးပေါင်းဆောင်ရွက်ရန် စိတ်ဆန္ဒ မည်သည့်အခါကမျှ မပေါ် ပေါက်ခဲ့ကြောင်း ဖော်ပြထားသည်။ ဦးခင်ညွန့်၏ စစ်ထောက်လှမ်းရေး လက်ထက်တွင် နိုင်ငံရေးသမားများ အားဖမ်းဆီး ထောင်ချ နှိပ်စက်မှုများ ရှိခဲ့ပြီး ထောင်တွင်းပြင်း ထန်သော နှိပ်စက်မှုများကြောင့် သေဆုံးမှုများလည်း ရှိခဲ့သဖြင့် ဝေဖန်မှုများစွာခံခဲ့ ရသည့် ပုဂိ္ဂုလ်တစ်ဦးလည်း ဖြစ်သည်။
““သူက ၉၀ ခု ရွေးကောက်ပွဲ ရလဒ်ကို ဖျက်ဆီးတာသူပဲ။ နောက်သူက ၉၀ ခု ရွေး ကောက်ပွဲရလဒ် ပြီးတဲ့အပြင်ကို သူ့အာဏာရရှိရေး သူကြိုးစားတယ်။ မျိုးစုံကြိုးစားပြီးတော့ သူကျသွားတာပဲ။ သူတို့လုပ်ရပ် တွေအားလုံးက တိုင်းပြည်နစ်နာမှုတွေကြီးပဲ။ ခုတိုက်ပွဲတွေ ပဲကြည့်။ ၉၀ ခုရွေးကောက်ပွဲက လူတွေအားလုံးကို သူနှိပ်စက်ခဲ့တာပဲ။ အဲဒီလူတွေအားလုံးကို သူဖမ်းတယ်၊ နှိပ်စက်တယ်။ ထောင်ထဲမှာ သေသွားတဲ့လူတွေ အများကြီးပဲ”” ဟု ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ဦးပီတာလင်းပင်က မြန်မာ သံတော်ဆင့်သို့ ပြောသည်။
““အချက်အလက်ကတော့ သိပ်ပြောစရာမရှိပါဘူး။ အယူအဆကိစ္စပါ။ လွဲတာက ရှေ့နောက်မညီ တာတွေ ပေါ့။ သူက ထဲထဲဝင်ဝင်ပါခဲ့တဲ့ သူတွေ။ ထိပ်ပိုင်းခေါင်းဆောင် နံပါတ်(၃)ကွ။ သူတို့ဘာတွေ မှားခဲ့လဲ။ သူတို့ ဘာတွေ မအောင်မမြင်ဖြစ်ခဲ့လဲ။ ဘာလို့ မအောင်မြင်ဘူးလဲပေါ့။ ဒါတွေကို မသုံးသပ်ဘဲ သူလုပ်တာ အကောင်း ကြီးပဲ ရေးထားတာ မခွဲဘူးပေါ့။ နောက် သူ့ကိုထောင် ၄၄နှစ်ချတယ်။ အမှုကိုရင်ဆိုင်တယ်ဆိုတာ တိတိကျကျ မပါဘူး။ အမှန် သူလာဘ်မစားဘူး။ မကျူးလွန်ဘူးဆိုသူ ငြင်းရ မှာလေ။ သေဒဏ်ပဲပေး ပေး။ ငါတို့ထင်တာ ပြောရရင် သူတစ်စုံတစ်ရာ အတိုင်းအတာအထိ ညှိနှိုင်းပါလိမ့်မယ်။ လုပ်လို့ ထောင်ထဲမပို့ဘဲ အိမ်မှာထားတာ ပေါ့။ ဒီလူတွေက တော်လှန်ရေးသမားမှ မဟုတ် တာသတိ္တကြောင်တဲ့ ကောင်တွေ”” ဟ တရားလွှတ်တော် ရှေ့နေ ဦးဇော်လင်းကပြောသည်။
ဦးသိန်းစိန်အစိုးရသစ် လက်ထက်တွင် ပြန်လည်လွှတ်ပေးလိုက်သော ယခင်တပ်မ တော်အစိုးရ လက်ထက် ထောင်ဒဏ် နှစ်ရှည် ကျခံခဲ့ရသူ ထောက်လှမ်းရေး ဗိုလ်ချုပ်ကြီး ဟောင်းဦးခင်ညွန့်အား သမ္မတဦးသိန်းစိန်မှ ဆန်၊ ဆီ၊ ရိက္ခာများ ပို့ဆောင်၍ ၎င်း၏ ကြံ ခိုင်ရေးပါတီ ထိပ်ပိုင်းခေါင်းဆောင် များဖြစ်ကြသည့် ဦးအောင် သောင်းနှင့် ဦးသိန်းဇော်တို့ ဦးခင်ညွန့်နေအိမ်သို့ သွားရောက်အားပေး စကား ပြောကြားစေခဲ့ကြောင်း၊ တပ်မတော် အစိုးရလက်ထက် ဆရာဖြစ်ခဲ့သော ဦးခင်ညွန့်အားလေးစား လျက်ရှိသည်ကို သမ္မတဦးသိန်းစိန်မှ အမှာစကားပါးလိုက်ကြောင်း မြန်မာသံတော်ဆင့်နှင့် အာဏာရပါတီဗဟို အတိုင်ပင်ခံ ဦးအောင်သောင်းတွေ့ ဆုံစဉ်က ပြောကြားခဲ့သည်။
ဝိုင်းမော်
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
No comments:
Post a Comment