– လှမြင့်(ရန်ကုန်တက္ကသိုလ်)
သတင်းရေးဖို့၊ သတင်းမရ ရအောင်ရှာဖို့၊ သတင်းရရင် ဒီသတင်းကိုထည့်ဖို့၊ ဒီသတင်းမှာလည်းပဲ တိုင်းပြည် အတွက် အကျိုးရှိသလား၊အကျိုးရှိတယ်ဆိုရင် ရေးဖို့၊ အဲဒီစေတနာစိတ်က သတင်းထောက်တွေမှာ များပါတယ်။ ငွေရေးကြေးရေးကို သိပ်ပဓာနမထားကြဘူး . . .
ခရစ်နှစ် ၁၉၀၆ ခုနှစ်တွင် ၀ိုင်အမ်ဘီအေ(ခေါ်) ဗုဒ္ဓဘာသာ ကလျာဏ ယုဝအသင်းကြီးကို အမျိုးဘာသာ၊ သာ သနာ၊ ပညာစသည့် လုပ်ငန်းများတွင် လူမှုဝန်ထမ်းလုပ်ငန်းဖြင့် ဖွံ့ဖြိုးတိုးတက်ေ အာင် ဆောင်ရွက်ရန် ဟူသော ယေဘုယျ သတ်မှတ်ချက်များ ချမှတ်ဖွဲ့စည်း တည်ထောင် လျက် ဥပဒေဘောင်အတွင်းမှ နိုင်ငံရေး လှုပ်ရှား မှု အသွင်ဖြင့် ဆောင် ရွက်ခဲ့ကြသည်။ ၁၉၂၀ ပြည့်နှစ်၊ စက်တင်ဘာလ တွင် ပြည်မြို့၌ ကျင်းပ
ခဲ့သော ၀ိုင်အမ်ဘီ အေ ဆဋ္ဌမအကြိမ်ြေ မာက် နှစ် ပတ်လည်အစည်းအဝေး ကြီးကနိုင်ငံရေး လှုပ်ရှားမှုများ ပိုမိုကျယ်ပြန့် စွာ ဆောင်ရွက်နိုင်ရေး ဟူသော နိုင်ငံရေး ရည်မှန်းချက်ဖြင့် ၀ိုင်အမ်ဘီအေအသင်း ကြီးကိုဂျီစီဘီအေ ဟု ခေါ်သောမြန်မာ့ အသင်းချုပ်ကြီးအဖြစ် ပြောင်းလဲဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ကြသည်။
၁၉၂၂ ခုနှစ်တွင် ဗြိတိသျှ ပါလီမန်က မြန်မာပြည်ကို ဒိုင်အာခီအုပ်ချုပ်ရေးပေး ရန်အတည်ပြုလိုက်သော အခါ၌ ဂျီစီဘီအေအသင်းကြီး၌ နိုင်ငံရေးအယူအဆများ ကွဲပြားခဲ့ပြီး ၀ံသာနုဂျီစီဘီအေနှင့်၂၁ဦး ဂျီစီဘီ အေဟူ၍ နှစ်ခြမ်း စတင်ကွဲခဲ့သည်။ ဗြိတိသျှ အစိုးရ၏ ဒိုင်အာခီအုပ်ချုပ်ရေးစနစ်နှင့် ရွေးကောက်ပွဲကို သပိတ်မှောက်လို သော ၀ံသာနုဂျီစီဘီအေအသင်းကြီးကို ဦးချစ်လှိုင်၊ ဦးပု၊ ဦးထွန်းကျော်(လှိုင်-ပု-ကျော်) တို့က ခေါင်းဆောင်ခဲ့ သည်။ ဒိုင်အာခီအုပ်ချုပ်ရေးစနစ်နှင့် ရွေးကောက်ပွဲကို ပါဝင်ဆင်နွှဲလိုသော ၂၁ ဦး ဂျီစီဘီအေအသင်း ကြီးကို ဦးဘဖေက ဦးဆောင်ခဲ့သည်။ သတင်းစာဆရာကြီး ဦးလှထွန်းဖြူ(ရခိုင်)သည် သတင်းစာလောကသို့ မ၀င် ရောက်မီ ၁၉၂၇ခုနှစ်အချိန်အထိ ဂျီစီဘီအေ အသင်းကြီး၌ နိုင်ငံရေးလုပ်ငန်းစဉ်များကို တက်ကြွစွာလုပ်ဆောင် ခဲ့သည်။ ဂျီစီဘီအေအသင်းကြီး နှစ်ခြမ်းကွဲသွားအချိန်တွင် ဦးလှထွန်းဖြူသည် ဒိုင်အာခီစနစ်ကို ဆန့် ကျင် သော၊ ရွေးကောက်ပွဲကို သပိတ်မှောက်လိုသော ၀ံသာနုဂျီစီဘီအေ အသင်းကြီးဘက်မှ ရပ်တည်လှုပ်ရှား ခဲ့သည်။…
၁၉၂၈ ခုနှစ်တွင် ဂျီစီဘီအေ အသင်းကြီး၏ နိုင်ငံရေးအကွဲအပြဲ ဇာတ်လမ်းများ ကြောင့် ဦးလှထွန်းဖြူသည် ဂျီစီ ဘီအေ ၀ံသာနုအဖွဲ့ကြီးမှနုတ်ထွက်၍ မြန်မာ့ အလင်းသတင်းစာတိုက်သို့ စတင်ဝင်ရောက် လုပ်ကိုင်ခဲ့ပြီး သတင်းစာနယ်ပယ်သို့ စတင် အခြေချခဲ့သည်။ ၁၉၂၈ ခုနှစ်တွင် မြန်မာ့ အလင်းသတင်းစာ၏တိုက်အုပ်သည် ဦးတင် ဖြစ်သည်။ အယ်ဒီတာသည် ယောဂီဦးတင် ဖြစ်သည်။ ထိုအချိန်က မြန်မာ့အလင်း သတင်းစာသည် ဂျီစီဘီအေ အကွဲအပြဲနိုင်ငံ ရေးဖြစ်စဉ်၌ ၂၁ဦး ဂျီစီဘီအေကို အားပေး ထောက်ခံသော သတင်းစာဖြစ်သည်။ ထို့ ကြောင့် မြန်မာ့အလင်း သတင်းစာတိုက်သို့ စတင်ဝင်ရောက်လုပ်ကိုင်ချိန်တွင် ၀ံသာနု ဂျီဗီဘီအေထောက် ခံခဲ့သော သတင်း ထောက်ဦးလှထွန်းဖြူနှင့် ၂၁ ဦးဂျီစီဘီအေ ထောက်ခံသော မြန်မာ့အလင်း သတင်း ထောက် အချို့နှင့်ဆက်ဆံမှု အခက်အခဲ အနည်းငယ်ရှိခဲ့သော်လည်း နောက်ပိုင်း၌ အဆင်ပြေချောမွေ့ခဲ့သည်။
သတင်းထောက် ဦးလှထွန်းဖြူသည် မြန်မာ့အလင်းသတင်းစာတွင် မှုခင်းသတင်း ထောက်တာဝန်ကို စတင် ထမ်း ဆောင်ခဲ့ရသည်။ မှုခင်းသတင်းများကိုရန်ကုန် ပုလိပ်ရုံးကြီး၌ သွားရောက်သတင်းယူရသည့်အခါ သတင်း ထောက်ပေါက်စဖြစ်၍ အခက်အခဲများစွာ တွေ့ကြုံခဲ့ရသည်။ အမှုတွဲအားလုံးသည် ထိုကာလမှအစ သတင်း အချက် အလက်များ၊ တရားလိုနှင့် တရားခံထွက်ဆို ချက်သက်သေနှင့် လျှောက်လဲချက်များ၊ စီရင်ချက်များ အားလုံးကို အင်္ဂလိပ်ဘာသာဖြင့် သာရေးသားထားသဖြင့် နားမလည်နိုင် အောင်ရှိခဲ့သည်။ သို့ရာတွင် သူရိယ သတင်း စာတိုက်မှ သတင်းထောက် ဦးအမ်ဘိုးချိန်၏ အကူအညီများကြောင့် အဆင်ပြေခဲ့ရသည်။ ထိုအချိန်က သူရိယသတင်းစာနှင့် မြန်မာ့အလင်းသတင်းစာကြီး နှစ်စောင်သည် ပုဂ္ဂလိကသတင်းစာ လောက၌အပြိုင် အဆိုင် ထုတ်ဝေနေချိန်ဖြစ်သည်။ သူရိယသတင်းစာသည် ၂၁ ဦးဂျီစီဘီအေ၏ နိုင်ငံရေးသတင်းများကို အလေး ထားဖော်ပြခဲ့ပြီး မြန်မာ့အလင်းသတင်းစာသည် မြန်မာပြည်မှုခင်းသတင်းများကို အလေးထား ဖော်ပြခဲ့သည်။
သတင်းစာဆရာကြီး ဦးလှထွန်းဖြူသည် ၁၉၂၈ခုနှစ်မှ ၁၉၃၉ ခုနှစ်အထိ ၁၀နှစ်တာ ကာလတိုင်တိုင် မြန်မာ့ အလင်းသတင်းစာ၌ မှုခင်သတင်းထောက် (ရာဇ၀တ်မှုသတင်း) အဖြစ် တာဝန်ယူဆောင် ရွက်ခဲ့သည်။ သတင်းဆရာကြီး ဦးလှထွန်း ဖြူ(ရခိုင်)၏ ကိုလိုနီခေတ် ၁၉၂၈ ခုနှစ်မှ ၁၉၃၉ခုနှစ်အတွင်း မြန်မာ့အလင်း သတင်းစာ၏ မှုခင်းသတင်းထောက် အတွေ့အကြုံများကို ဤသို့ဖော်ထုတ် ပြောဆိုရေးသား မှတ်တမ်း တင်ခဲ့ပါသည်။
ရာဇ၀တ်မှုသတင်းများကို ရန်ကုန်အတွက် ပုလိပ်ရုံးကြီး၏ နေ့စဉ်ရာဇ၀တ် မှုခင်စာရင်းမှလည်းကောင်း၊ ဟံသာ ၀တီနယ်အတွက် ပုလိပ်ရုံးကြီး၏ အပေါ်ထပ်ရှိ ဟံသာဝတီ ရာဇ၀တ်ဝန်ကြီးထံမှ လည်းကောင်း၊ အင်းစိန်ခရိုင် အတွက် အင်းစိန်ရုံးမှလည်းကောင်း ရယူရသည်။ စစ်ကြီးမဖြစ်ခင် အချိန်တွင် ရန်ကုန်မြို့၌အနောက်ပိုင်း ၁၁လမ်းတွင် ပုဏ္ဏားဘကွန်း၊ လမ်းမတော်တွင် ဖိုးတုတ်နှင့် ဖိုးဆင်ကြီးဟူသော လူဆိုးလူမိုက်ကြီး ၃ဦးတို့၏ မှုခင်းသတင်းများကို ရယူနိုင်ရန် ရန်ကုန်သတင်းစာတိုက်များမှ မှုခင်းသတင်းထောက်များသည် ညပိုင်း၌ စကော့ဈေး (ဗိုလ်ချုပ်ဈေး)ရှေ့မှ လက်ဖက်ရည်ဆိုင်၌ စတည်း၍ သတင်းယူလေ့ရှိ သည်။ သို့သော် နောက်ပိုင်း တွင် ပုဏ္ဏားဘကွန်း၊ လမ်းမတော်ဖိုးတုတ်နှင့် ဖိုးဆင်ကြီးတို့၏ တပည့်လူမိုက်များက ရန်မူခဲ့သဖြင့် ပုန်းလျှိုး ကွယ်လျှိုးဖြင့် ကြောက်ကြောက်ရွံ့ရွံ့ သတင်းယူပြီး သတင်းစာများ၌ ရေးသားဖော်ထုတ်ကာ ပြည်သူလူထု အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။
၁၉၃၇ ခုနှစ် ပတ်ဝန်းကျင်တွင် ရန်ကုန်မြို့ တရုတ်တန်းနှင့် ကြည့်မြင်တိုင်တို့၌ ၃၆ ကောင်ဒိုင်၊ အနီကောင်ဒိုင် များ ဖွင့်လှစ်ခဲ့ကြသည်။ ယင်း ၃၆ ကောင်ဒိုင်နှင့် အနီကောင်ဒိုင်များကို ရန်ကုန်မြို့ဒါလဟိုဇီ လမ်း(မဟာဗန္ဓုလ လမ်း)တွင်ရှိသော စီတီဇင်ကလပ် (Citizen Club) အသင်းဝင် လူကြီးများဖြစ်ကြသော တရုတ်သူဌေး အာဏာရ ပုဂ်္ဂိုလ်ဝင်များက အားပေးကူညီခဲ့သည်။ စီတီဇင်ကလပ်ကြီး၌ တရားဝင် ၃၆ကောင်၊ အနီကောင် ကစားဝိုင်းကြီး များ၊ ဖဲဝိုင်းကြီးများကို အမြဲတမ်းကျင်းပခဲ့ကြသည်။ ရန်ကုန်အနောက်ပိုင်းသည် လောင်းကစားဝိုင်းများ လွှမ်းမိုး ကြီးစိုးခဲ့သည်။ ထို့ကြောင့် မြန်မာ့အလင်း သတင်းစားတိုက်မှ မှုခင်းသတင်းထောက် ဦးလှထွန်းဖြူနှင့် ဦးစိန်းတို့ သည် အနောက်ပိုင်း ရာဇ၀တ်ဝန် ဦးထွန်းလှမောင်ထံသို့ သွားရောက်၍ “ဦးထွန်းလှအောင်ခင်ဗျား ၃၆ကောင် တွေကို ဖမ်းတဲ့အချိန်မှာ ကျွန်တော်တို့ကို ခေါ်ပါ။ အကြောင်း ကြားပါ။ ကျွန်တော်တို့လိုက်ပါရစေ” ဟူ၍ မေတ္တာ ရပ်ခံချက်အရ ၃၆ကောင်ဒိုင် အကြီးဆုံးဖြစ်သော ကြည့်မြင်တိုင်ဆန်တန်းသို့ ညသန်းခေါင်ကျော် အချိန်၌ ၀င်းရောက်ဖမ်းဆီးခဲ့မှုကို မြန်မာ့အလင်းသတင်းစာ၌ သတင်းများ သတင်းဓာတ်ပုံများဖြင့် ထည့်သွင်းဖော် ပြနိုင် ခဲ့သည်။ ယင်းသို့ ဖမ်းဆီးပေးခဲ့သော အနောက်ပိုင်း ရာဇ၀တ်ဝန်ဦးလှထွန်းအောင်ကို မကြာမီအချိန်တွင် မိတ္ထီလာမြို့သို့ ရာဇ၀တ်ဝန်အဖြစ် ပြောင်းရွှေ့စေခဲ့သည်။ ကျွန်တော်တို့ သတင်းထောက် များသည် အလွန် ၀မ်းနည်းခဲ့ကြသည်” ဟူ၍ မှတ်တမ်းတင်ခဲ့သည်။
၁၉၃၇ခုနှစ် ရန်ကုန်မြို့ ဒုစရိုက်မှုများနှင့် လာဘ်ပေးလာဘ်ယူမှုများကိုလည်း သတင်းစာဆရာကြီး ဦးလှထွန်းဖြူ က ရန်ကုန်မြို့တွင် ဘိန်းကုန်ကူးသူ၊ အရက်ချက်၍ တရားမ၀င်ရောင်းသူများ ရပ်ကွက်အတော် များများ၌ ရှိကြ သည်။ ထိုသူတို့သည် ရဲဌာန(သို့မဟုတ်)ယစ်မျိုး အရာရှိကိုလစဉ် ငွေ ၅၀ကျပ်မှ ၅၀၀ကျပ်အထိ ဆက်ကြေး ပေးပြီး လုပ်ကိုင်သူများဖြစ်ကြသည်။ ယင်းဒဏ်ကြေးငွေကို ရာဇ၀တ်အုပ်မှ ပုလိပ်အင် စပက်တော်အထိ ဆင့်ကဲ ဆင့်ကဲ ယူကြသည်။ တစ်ခါတစ်ရံတွင် လစဉ်ဆက်ကြေး ပေးနေသူများနှင့် နားလည်မှုယူပြီး နာမည် တစ်မျိုးနှင့် ဓားစာခံဖမ်း၊ ရုံးတင်တရားစွဲ လေ့ရှိသည်။ ရုံးတွင်သက်သေခံအဖြစ်တင် ပြထားသော ဘိန်းများကိုရောင်းစားပြီး မန်ကျည်းသီးနှင့် အခြားပစ်္စည်းများရော၍ တရားရုံးသို့တင်ပြတတ်ကြသည်ဟူ၍လည်း ကောင်း၊ ကျွန်တော် ရန်ကုန်မှုခင်း သတင်း ထောက်လုပ်ကိုင်နေသော၁၉၃၇-၃၈ခုနှစ် တွင် ရန်ကုန်မြို့၊ ဒိစတြိတ် ရာဇ၀တ်တရား သူကြီးနှင့် ဤတရားသူကြီးများအနက် မြင်းပွဲဝါသနာကြီးသောတရားသူကြီးတချို့ သည်သူတို့၏ ရုံးစာရေးကြီး များ၊ ရှေ့ဖတ်စာရေးများမှ တစ်ဆင့် အမှုသည်များထံမှ လာဘ်တောင်း၍ မြင်းပွဲသို့ သွားလေ့ရှိကြသည်။ ရုံး စာရေးများကလည်း ရုံးတိုင်းလိုလိုမှာပင် အမှုသည်များထံမှ အာမခံရရှိကြရန်ဆောင် ရွက်သည့်အခါ လာဘ်ငွေ များရယူလေ့ရှိ ကြသည်။အာမခံရလိုသောသူများကလည်း ရုံးစာရေးများကို ငွေပေးဖို့ဝန်မလေးကြဟူ ၍လည်း ကောင်းရေးသားဖော်ထုတ်တင်ပြ ခဲ့သည်။
သတင်းစာဆရာကြီး ဦးလှထွန်းအောင်သည် ၁၉၃၇-၃၆ ခုနှစ် ကာလသတင်းထောက်များ၏ ဘ၀အတွေ့အကြုံ ကိုလည်း ကျွန်တော်မှတ်မိသလောက် သူရိယရယ်၊ မြန်မာ့အလင်းရယ်၊ တိုးတက်ရေးရယ်၊ မဟော်သဓာ ရယ်၊ သစ္စာဝါဒီရယ်စတဲ့ သတင်းစာတိုက်များမှလုပ်တဲ့ အယ်ဒီတာပိုင်းကလူရော၊ သတင်းထောက်ပိုင်းကလူတွေရော ဆိုရင် ထမင်းနပ်မှန်အောင်စားရ၊ မစားရက အရေးမကြီးဘူး။ သတင်းရေးရရင်၊ သတင်း စာထဲမှာသတင်းရေး ထည့်ရရင်ဖြင့် ကျေနပ်ပြီ။ အဲဒီလောက်စိတ်ဓာတ်ပြင်းတယ်။ တိုင်းပြည်အတွက်လည်း သူတို့စေတ နာတော် တော်ရှိကြတယ်။ ကြိုးကြိုးစားစား ခဲရာခဲဆစ် သတင်းတွေရအောင် လိုက်တယ်။ ညလည်း အချိန်အကန့် အသတ်မရှိဘူး။ ရှင်းရှင်းပြောမယ်ဆိုရင် လခဘယ်လောက်ရမှ လုပ်မယ်ဆိုတဲ့ စိတ်မပါခဲ့ဘူး။ သတင်းရေး ဖို့၊ သတင်းမရ ရအောင်ရှာဖို့၊ သတင်းရရင် ဒီသတင်းကိုထည့်ဖို့၊ ဒီသတင်းမှာလည်းပဲ တိုင်းပြည်အတွက် အကျိုးရှိ သလား၊ အကျိုးရှိတယ်ဆိုရင် ကျွန်တော်တို့ရေးဖို့၊ အဲဒီစေတနာစိတ်က ကျွန်တော်တို့ သတင်းထောက်တွေ မှာများပါတယ်။ ငွေရေးကြေးရေးကို သိပ်ပဓာနမထားကြဘူး။ သူတို့လုပ်ချင်တဲ့တိုင်း ပြည်အတွက်အလုပ်၊ သူတို့ဝါသနာပါတဲ့ လုပ်ငန်းလုပ်နေရရင် လက်ဖက်ရည် တစ်ခွက်နဲ့ပဲ တစ်နေ့လုံး ဘာမှစားရ၊ မစားရ အရေး မကြီးဘူး လုပ်တာပဲ။
၁၉၃၇ ခုနှစ် ဧပြီလမှာ ရန်ကုန်မြို့ စကော့မားကက် (ဗိုလ်ချုပ်ဈေး)၊ အမှတ် ၁၁၅မှာ နဂါးနီစာအုပ် အသင်း တည် ထောင်လိုက်ကြတယ်။ နဂါးနီစာအုပ်အသင်းက ထုတ်တဲ့စာအုပ်တွေဟာ ဆိုရှယ်လစ်ဝါဒ တည်ထောင်ဖို့နဲ့ ဖက်ဆစ်ဝါဒဆန့်ကျင်ဖို့ လှုံ့ဆော်တဲ့စာအုပ်တွေဖြစ်လို့ အဲဒီအခါက အစိုးရအမှုထမ်း၊ အရာထမ်းများနဲ့ ပုလိပ် အရာရှိများက နဂါးနီတိုက်ထုတ်စာအုပ် စာတမ်းများကို အထူးဂရုစိုက်ကြတာပေါ့။ အဲဒီလို ဂရုစိုက်စောင့်ကြည့် ပြီး နဂါးနီသတင်းစဉ်နဲ့ တခြားသတင်းစာများက အစိုးရ အပေါ်အကြည်ညိုပျက်စေတဲ့ စာများဖော်ပြပါရှိတယ် ဆိုပြီး ပြည်ထဲရေးဌာနက ထပ်ဆင့် ရန်ကုန်ဒိစတြိတ် ရာဇ၀တ်တရားသူကြီးက သတင်းစာများအပေါ် အာမခံငွေ တင် ပြီးမှထုတ်ဝေရမယ် အမိန့်ထုတ်ပြီးအာမခံ ငွေတောင်းတယ်။ အဲဒီသတင်းစာတွေက တော့ သူရိယ သတင်းစာ၊ ဆယ်သန်းဂျာနယ်၊ နဂါးနီသတင်းစဉ် ရှေ့ဆောင်တို့ပဲ။
အဲဒီလို သတင်းစာတိုက်များကို အာမခံတောင်းတဲ့အခါ သတင်းစာများနဲ့ သခင်များက ဒီကိစ္စကို ကန့်ကွက်ဖို့ စီစဉ်ကြတယ်။ ၁၉၃၇ခုနှစ်၊ ဒီဇင်ဘာ၂၅ရက်နေ့တွင် အာမခံတွေတောင်းခဲ့တဲ့ အမိန့်ဖျက်သိမ်းပေးဖို့နဲ့ ပတ် သက်လို့ဆောင်ရွက်ရန် ကော်မတီ တစ်ရပ်ဖွဲ့စည်းလိုက်ကြတယ်။ အဲဒီကော်မတီမှာ သခင်များနဲ့ သတင်းစာ ဆရာများပါဝင်ကြတယ်။ ဒီကော်မတီက အင်္ဂလိပ်အစိုးရ အပြုအမူကို ပြင်းပြင်းထန်ထန် ကန့်ကွက်အရေး ဆိုခဲ့ကြတယ်ဟူ၍ ထုတ်ဖော် ရေးသားခဲ့သည်။
သတင်းစာဆရာကြီး ဦးလှထွန်းဖြူ (ရခိုင်)သည် ၁၉၂၈ခုနှစ်မှ ၁၉၃၉ခုနှစ် အတွင်း မြန်မာ့အလင်းသတင်းစာ၌ မှုခင်း သတင်းထောက်အဖြစ် ဆောင်ရွက်ပြီးနောက် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု လုပ်ငန်းများကို ရခိုင် အမျိုးသား ခေါင်းဆောင်တစ်ဦးအဖြစ် တက်ကြွစွာလုပ် ဆောင်ရွက်ခဲ့သည်။ လွတ်လပ်ရေးရပြီးချိန်တွင် ရန်ကုန်၊ အလုံမြို့နယ်၌ ရက်ကန်းကျောင်းတည်ထောင်ကာ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ကာ အေးချမ်းစွာ နေ ထိုင်ခဲ့သည်။
ကျမ်းကိုး
၁။ မြန်မာ့နိုင်ငံရေးသမိုင်း(ဦးလေးမောင်)
၂။ကျွန်တော်သတင်းထောက်(လူထုဦးလှ)
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
No comments:
Post a Comment